မော်လမြိုင်မြို့ရှိ ရွှေမြို့တော်ရွှေဆိုင်အား အမျိုးသားနှစ်ဦးက ဓားပြဝင်တိုက်

1954

NP News - မေ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြို့တော်ရွှေဆိုင်အား အမျိုးသားနှစ်ဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်း တစ်ချို့ လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၂ ရက်) မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်၌ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီရိမွန် အိမ်ယာရှိ ရွှေမြို့တော်ရွှေဆိုင်၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သောသတင်းအရင်းအမြစ် ထံမှ သိရသည်။
အဆိုပါရွှေဆိုင်သို့ အမဲရောင်ဝတ်စုံဖြင့် ဆိုင်ကယ်ဦးထုတ်ဆောင်းထားသည့် အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီး ဖြင့်ရောက်ရှိလာပြီးနောက် ဆိုင်အတွင်း ဝင်ရောက်လာကာ ဓားဖြင့် ခြိမ်းခြောက်ပြီး ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဓါးပြတိုက်သူနှစ်ဦးသည် ရွှေဆိုင်အတွင်းရှိ အမျိုးသမီးများအား ဓါးဖြင့် ခြိမ်းခြောက်သည့်အပြင် ကိုယ်ထိ လက်ရောက် ရိုက်နှက်မှုများရှိခဲ့ကြောင်းလည်း သိရှိရသည်။
ထို့နောက် ဓါးပြတိုက်သူနှစ်ဦးသည် ရွှေဆိုင်၏ မှန်ဘောင်အတွင်းရှိ ရွှေထည်ပစ္စည်းအချို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ မြို့ကြီးများရှိ ရွှေဆိုင်များ၌ ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလာနေသည်ကို တွေ့ရှိရသည်။

Zawgyi Version;
ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေ႐ႊၿမိဳ႕ေတာ္ေ႐ႊဆိုင္အား အမ်ိဳးသားႏွစ္ဦးက ဓားျပဝင္တိုက္
NP News - ေမ ၂၃
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေ႐ႊၿမိဳ႕ေတာ္ေ႐ႊဆိုင္အား အမ်ိဳးသားႏွစ္ဦးက ဓားျပဝင္တိုက္ကာ ေ႐ႊထည္ပစၥည္း တစ္ခ်ိဳ႕ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၂ ရက္) မြန္းလြဲ (၂)နာရီဝန္းက်င္အခ်ိန္၌ ေမာ္လၿမိဳင္ၿမိဳ႕၊ သီရိၿမိဳင္ရပ္ကြက္၊ သီရိမြန္ အိမ္ယာရွိ ေ႐ႊၿမိဳ႕ေတာ္ေ႐ႊဆိုင္၌ ဓားျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္ေသာသတင္းအရင္းအျမစ္ ထံမွ သိရသည္။
အဆိုပါေ႐ႊဆိုင္သို႔ အမဲေရာင္ဝတ္စုံျဖင့္ ဆိုင္ကယ္ဦးထုတ္ေဆာင္းထားသည့္ အမ်ိဳးသားႏွစ္ဦးက ဆိုင္ကယ္တစ္စီး ျဖင့္ေရာက္ရွိလာၿပီးေနာက္ ဆိုင္အတြင္း ဝင္ေရာက္လာကာ ဓားျဖင့္ ၿခိမ္းေျခာက္ၿပီး ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
ဓါးျပတိုက္သူႏွစ္ဦးသည္ ေ႐ႊဆိုင္အတြင္းရွိ အမ်ိဳးသမီးမ်ားအား ဓါးျဖင့္ ၿခိမ္းေျခာက္သည့္အျပင္ ကိုယ္ထိ လက္ေရာက္ ႐ိုက္ႏွက္မႈမ်ားရွိခဲ့ေၾကာင္းလည္း သိရွိရသည္။
ထို႔ေနာက္ ဓါးျပတိုက္သူႏွစ္ဦးသည္ ေ႐ႊဆိုင္၏ မွန္ေဘာင္အတြင္းရွိ ေ႐ႊထည္ပစၥည္းအခ်ိဳ႕ကို လုယက္ယူေဆာင္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္ကာ ၿမိဳ႕ႀကီးမ်ားရွိ ေ႐ႊဆိုင္မ်ား၌ ဓါးျပတိုက္ခံရသည့္ ျဖစ္စဥ္မ်ား မၾကာခဏဆိုသလို ျဖစ္ပြားလာေနသည္ကို ေတြ႕ရွိရသည္။