အိန္ဒိယသမုဒ္ဒရာတွင် တိမ်းမှောက်ခဲ့သော ငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ(၃၉)ဦးအနက် (၇)ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ

 1256

Pika (NP News) - မေ ၂၃

အိန္ဒိယသမုဒ္ဒရာအလယ်ပိုင်းတွင် နစ်မြုပ်ခဲ့သော တရုတ်ငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ(၃၉)ဦးအနက် (၇)ဦး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက မေလ(၂၂)ရက်တွင် ဖော်ပြခဲ့သည်။

သင်္ဘောတိမ်းမှောက်ပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ရုပ်အလောင်း(၇)လောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မေလ(၁၆)ရက်က Lupeng Yuanyu 028 အမည်ရှိ ငါးဖမ်းသင်္ဘောတိမ်းမှောက်ပြီးနောက် ပျောက်ဆုံးနေသော သင်္ဘောသား(၃၉)ဦးကို ရှာဖွေရန် ကြိုးပမ်းမှုတွင် ဩစတြေးလျ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက် နှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံအများအပြားက ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။

ငါးဖမ်းသင်္ဘောကို Shandong ပြည်နယ်အခြေစိုက် Penglai Jinglu ငါးလုပ်ငန်းမှပိုင်ဆိုင်ပြီး အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ကုမ္ပဏီဘက်က ကြေညာချက်ထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ သင်္ဘောပေါ်တွင် လိုက်ပါသွားသူ(၃၉)ဦးမှာ တရုတ်နိုင်ငံသား(၁၇)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၇)ဦး နှင့် ဖိလစ်ပိုင်နိုင်ငံသား (၅)ဦး တို့ဖြစ်ပြီး မည်သည့်နိုင်ငံသားကို တွေ့ရှိခဲ့သည်ဆိုသည့်အချက်ကို ထုတ်ပြန်ကြေညာခြင်းမျိုး မရှိကြောင်း သိရသည်။

နစ်မြုပ်နေသော ငါးဖမ်းသင်္ဘောသည် အရှေ့ဖက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနေကြောင်း CCTV သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ငါးဖမ်းသင်္ဘောနစ်မြုပ်ရာအနီးတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် သင်္ဘော(၁၃)စင်း ကျန်ရှိသေးကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က နောက်ထပ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များစေလွှတ်ကာ နိုင်ငံတကာရေကြောင်း ရှာဖွေ ရေးအကူအညီများဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် ဩစတြေးလျ အစိုးရကို တရုတ်သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
အိႏၵိယသမုဒၵရာတြင္ တိမ္းေမွာက္ခဲ့ေသာ ငါးဖမ္းသေဘၤာမွ ေပ်ာက္ဆုံးေနသူ(၃၉)ဦးအနက္ (၇)ဦး၏ ႐ုပ္အေလာင္းမ်ားကို ျပန္လည္ေတြ႕ရွိ
Pika (NP News) - ေမ ၂၃

အိႏၵိယသမုဒၵရာအလယ္ပိုင္းတြင္ နစ္ျမဳပ္ခဲ့ေသာ တ႐ုတ္ငါးဖမ္းသေဘၤာမွ ေပ်ာက္ဆုံးေနသူ(၃၉)ဦးအနက္ (၇)ဦး၏ ႐ုပ္အေလာင္းကို ျပန္လည္ဆယ္ယူရရွိခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ားက ေမလ(၂၂)ရက္တြင္ ေဖာ္ျပခဲ့သည္။

သေဘၤာတိမ္းေမွာက္ၿပီးေနာက္ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ခ်က္ခ်င္းလုပ္ေဆာင္ရန္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က အမိန႔္ေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ႐ုပ္အေလာင္း(၇)ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ေမလ(၁၆)ရက္က Lupeng Yuanyu 028 အမည္ရွိ ငါးဖမ္းသေဘၤာတိမ္းေမွာက္ၿပီးေနာက္ ေပ်ာက္ဆုံးေနေသာ သေဘၤာသား(၃၉)ဦးကို ရွာေဖြရန္ ႀကိဳးပမ္းမႈတြင္ ဩစေၾတးလ်၊ အိႏၵိယ၊ သီရိလကၤာ၊ အင္ဒိုနီးရွား၊ ေမာ္လ္ဒိုက္ ႏွင့္ ဖိလစ္ပိုင္ အပါအဝင္ ႏိုင္ငံအမ်ားအျပားက ပါဝင္ကူညီခဲ့ၾကေၾကာင္း သိရသည္။

ငါးဖမ္းသေဘၤာကို Shandong ျပည္နယ္အေျခစိုက္ Penglai Jinglu ငါးလုပ္ငန္းမွပိုင္ဆိုင္ၿပီး အဆိုပါျဖစ္ရပ္ႏွင့္ ပတ္သက္၍ ကုမၸဏီဘက္က ေၾကညာခ်က္ထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ သေဘၤာေပၚတြင္ လိုက္ပါသြားသူ(၃၉)ဦးမွာ တ႐ုတ္ႏိုင္ငံသား(၁၇)ဦး၊ အင္ဒိုနီးရွားႏိုင္ငံသား(၁၇)ဦး ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား (၅)ဦး တို႔ျဖစ္ၿပီး မည္သည့္ႏိုင္ငံသားကို ေတြ႕ရွိခဲ့သည္ဆိုသည့္အခ်က္ကို ထုတ္ျပန္ေၾကညာျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။

နစ္ျမဳပ္ေနေသာ ငါးဖမ္းသေဘၤာသည္ အေရွ႕ဖက္သို႔ ျဖည္းညႇင္းစြာ ဆက္လက္ေ႐ြ႕လ်ားေနေၾကာင္း CCTV သတင္းဌာန၏ ေဖာ္ျပခ်က္အရသိရသည္။ ငါးဖမ္းသေဘၤာနစ္ျမဳပ္ရာအနီးတစ္ဝိုက္တြင္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ သေဘၤာ(၁၃)စင္း က်န္ရွိေသးေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္က ေနာက္ထပ္ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားေစလႊတ္ကာ ႏိုင္ငံတကာေရေၾကာင္း ရွာေဖြ ေရးအကူအညီမ်ားျဖင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားရန္ ၫႊန္ၾကားထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ေပ်ာက္ဆုံးေနသူမ်ားကို လိုက္လံရွာေဖြကယ္ဆယ္ရန္ ႀကိဳးပမ္းမႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ရန္ ဩစေၾတးလ် အစိုးရကို တ႐ုတ္သံအမတ္ႀကီးက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.