မိုခါ မုန်တိုင်းဒဏ်တွေ့ကြုံရတဲ့ဒေသများမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်မှုမြင့်တက်နေဟု IOM အဖွဲ့ဆို

 615

ဂျန်ဇက် (NP News) - မေ ၂၄

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားရတဲ့ ဒေသများဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်မှုမြင့်တက်လျက်ရှိနေတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့စည်း (IOM) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

IOM မစ်ရှင်အကြီးအကဲ ဒရာဂန် အလီဆိုစကီ Dragan Aleksoski က “ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ဒေသများဟာ လူသားချင်းစာနာထောက်ထားမှု အပြင်းအထန် လိုအပ်နေတာကို သတိရဖို့ အရေး ကြီးပါတယ်။ ရခိုင်ပြည်နယ်နဲ့ အနောက်မြောက်ဒေသတစ်ခုတည်းမှာ IDP Camp ပေါင်း ၁ ဒသမ ၂ သန်းကျော်ရှိပြီး လူပေါင်း ၁၇ ဒဿမ ၆ သန်းဟာ ဒီဘေးအန္တရာယ်မတိုင်ခင် တစ်နိုင်ငံလုံးမှာ အကူအညီတွေ လိုအပ်နေပါတယ်။ ဆိုင်ကလုန်း မိုခါရဲ့သက်ရောက်မှုက အလွန်ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရသူတွေအတွက် အခြေအနေကို ပိုဆိုးသွားစေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဆောင်ဖို့အတွက် မုန်တိုင်းဒဏ်ခံ ပြည်သူတွေဆီ ချက်ချင်းလက်လှမ်းမီဖို့ကအရေးကြီးဆုံးပါပဲ” လို့ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးရုံး (OCHA) ရဲ့ဖော်ပြချက်များအရ မုန်တိုင်းလမ်းကြောင်းမှာ လူပေါင်း ၅ ဒသမ ၄ သန်းခန့်ရှိနေပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း ဆိုပါတယ်။ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ဆိုးရွားစွာပျက်စီးဆုံးရှုံးခဲ့သလို ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာရေကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။


ရခိုင်ပြည်နယ်ရှိ မြို့များအနက် စစ်တွေမြို့နဲ့ မြေနိမ့်ပိုင်းအနီးတစ်ဝိုက်တွင် ပျက်စီးဆုံးရှုံးမှုများ ပြင်းထန်ခဲ့ပြီး အဆောက်အအုံအများစု ထိခိုက်ပျက်စီးကာ နေအိမ်အများအပြား ပျက်စီးခဲ့သလို ရသေ့တောင်မြို့ နယ်မှာလည်း ပျက်စီးမှု ပြင်းထန်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေးပြဿနာများ ဆက်လက်တည်ရှိနေပေမယ့် ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော နဲ့ ပုဏ္ဏားကျွန်းအပါအဝင် အခြားမြို့နယ်အများအပြားမှာပျက်စီးဆုံးရှုံးမှု နဲ့ အသက်ဆုံးရှုံးမှုများကို ကွင်းဆင်းလေ့လာချက်များအရ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

zawgyi version
မိုခါ မုန္တိုင္းဒဏ္ေတြ႕ႀကဳံရတဲ့ေဒသမ်ားမွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား လိုအပ္မႈျမင့္တက္ ေနဟု IOM အဖြဲ႕ဆို
ဂ်န္ဇက္ (NP News) - ေမ ၂၄

ေမလ ၁၄ ရက္က တိုက္ခတ္ခဲ့တဲ့ မိုခါမုန္တိုင္းဒဏ္ေတြ႕ႀကဳံခံစားရတဲ့ ေဒသမ်ားဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား လိုအပ္မႈျမင့္တက္လ်က္ရွိေနတယ္လို႔ ႏိုင္ငံတကာေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာ အဖြဲ႕စည္း (IOM) အဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။

IOM မစ္ရွင္အႀကီးအကဲ ဒရာဂန္ အလီဆိုစကီ Dragan Aleksoski က “ဆိုင္ကလုန္းမုန္တိုင္းဒဏ္ခံရေသာ ေဒသမ်ားဟာ လူသားခ်င္းစာနာေထာက္ထားမႈ အျပင္းအထန္ လိုအပ္ေနတာကို သတိရဖို႔ အေရး ႀကီးပါတယ္။ ရခိုင္ျပည္နယ္နဲ႔ အေနာက္ေျမာက္ေဒသတစ္ခုတည္းမွာ IDP Camp ေပါင္း ၁ ဒသမ ၂ သန္းေက်ာ္ရွိၿပီး လူေပါင္း ၁၇ ဒႆမ ၆ သန္းဟာ ဒီေဘးအႏၲရာယ္မတိုင္ခင္ တစ္ႏိုင္ငံလုံးမွာ အကူအညီေတြ လိုအပ္ေနပါတယ္။ ဆိုင္ကလုန္း မိုခါရဲ႕သက္ေရာက္မႈက အလြန္ခက္ခဲတဲ့အေျခအေနေတြကိုရင္ဆိုင္ေနရသူေတြအတြက္ အေျခအေနကို ပိုဆိုးသြားေစၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေပးေဆာင္ဖို႔အတြက္ မုန္တိုင္းဒဏ္ခံ ျပည္သူေတြဆီ ခ်က္ခ်င္းလက္လွမ္းမီဖို႔ကအေရးႀကီးဆုံးပါပဲ” လို႔ေျပာပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး ညႇိႏႈိင္းေရး႐ုံး (OCHA) ရဲ႕ေဖာ္ျပခ်က္မ်ားအရ မုန္တိုင္းလမ္းေၾကာင္းမွာ လူေပါင္း ၅ ဒသမ ၄ သန္းခန႔္ရွိေနၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားလိုအပ္ေနေၾကာင္း ဆိုပါတယ္။ မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္မွာ ဆိုး႐ြားစြာပ်က္စီးဆုံးရႈံးခဲ့သလို ခ်င္းျပည္နယ္၊ မေကြးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔မွာေရႀကီးမႈနဲ႔ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ေနရေၾကာင္း အေစာပိုင္းက သတင္းေတြထြက္ေပၚခဲ့ပါတယ္။


ရခိုင္ျပည္နယ္ရွိ ၿမိဳ႕မ်ားအနက္ စစ္ေတြၿမိဳ႕နဲ႔ ေျမနိမ့္ပိုင္းအနီးတစ္ဝိုက္တြင္ ပ်က္စီးဆုံးရႈံးမႈမ်ား ျပင္းထန္ခဲ့ၿပီး အေဆာက္အအုံအမ်ားစု ထိခိုက္ပ်က္စီးကာ ေနအိမ္အမ်ားအျပား ပ်က္စီးခဲ့သလို ရေသ့ေတာင္ၿမိဳ႕ နယ္မွာလည္း ပ်က္စီးမႈ ျပင္းထန္ခဲ့ေၾကာင္း ကုလသမဂၢက ဆိုပါတယ္။ တယ္လီဖုန္းဆက္သြယ္ေရးျပႆနာမ်ား ဆက္လက္တည္ရွိေနေပမယ့္ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ ေမာင္ေတာ၊ မင္းျပား၊ ေျမာက္ဦး၊ ေပါက္ေတာ နဲ႔ ပုဏၰားကြၽန္းအပါအဝင္ အျခားၿမိဳ႕နယ္အမ်ားအျပားမွာပ်က္စီးဆုံးရႈံးမႈ နဲ႔ အသက္ဆုံးရႈံးမႈမ်ားကို ကြင္းဆင္းေလ့လာခ်က္မ်ားအရ ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.