ရဲမွန်တပ်မြို့ရှိ အားကစားသိပ္ပံကျောင်းမှ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးရန်လိုဟုဆို

 1065

စော (NP News) - မေ ၂၄

ရဲမွန်တပ်မြို့ရှိ အားကစားသိပ္ပံကျောင်းမှ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းအကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောဆိုထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(မေလ ၂၃)ရက်တွင် ရန်ကုန်တိုင်းရှိ ရဲမွန်တပ်မြို့၏ ကျောင်းဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် အထက်ပါကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်း၏ ရည်မှန်းချက်တာဝန်သည် တပ်မတော်(ကြည်း၊ရေ၊ လေ)မှ စစ်သည်များကို အား ကစားနှင့် ကိုယ်ခံပညာအခြေခံသင်တန်းများ၊ အဆင့်မြင့်သင်တန်းများဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းအားဖြင့် တပ်မတော်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထူးချွန်သည့် စစ်သည်များပေါ်ထွက်လာပြီး မြန်မာ့လက်ရွေးစင်အဖြစ်မွေးထုတ်၍ နိုင်ငံတော်၏ အားကစားအဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုနိုင်မည့်အချက်ကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ၎င်းမှတိုက်တွန်းပြောဆိုထားသည်။

အဆိုပါကျောင်းစတင်ဖွင့်သည့် (၁၉၉၇-၁၉၉၈မှ ၂ဝ၂၂-၂ဝ၂၃)အထိ ကိုယ်ခံပညာနှင့် အားကစားသင် တန်း (၃၇)မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောထားသည်။

ထိုသိုဖွင့်လှစ်ခဲ့ရာ ထူးချွန်အားကစားသမားများအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရွေးစင် အပါအဝင် မြန်မာ့လက်ရွေးစင် အားကစားသမား(၄၁၂)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ရဲမြန္တပ္ၿမိဳ႕ရွိ အားကစားသိပၸံေက်ာင္းမွ ႏိုင္ငံ့ဂုဏ္ေဆာင္ျမန္မာ့လက္ေ႐ြးစင္အားကစားသမားမ်ား ေမြးထုတ္ေပးရန္လိုဟုဆို
ေစာ (NP News) - ေမ ၂၄

ရဲမြန္တပ္ၿမိဳ႕ရွိ အားကစားသိပၸံေက်ာင္းမွ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) လက္ေ႐ြးစင္မွတစ္ဆင့္ ႏိုင္ငံ့ဂုဏ္ေဆာင္ႏိုင္သည့္ ျမန္မာ့လက္ေ႐ြးစင္အားကစားသမားမ်ား ေမြးထုတ္ေပးႏိုင္ရန္ ႀကိဳးပမ္းအေကာင္ အထည္ေဖာ္ရမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက တိုက္တြန္းေျပာဆိုထားသည္။

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႔(ေမလ ၂၃)ရက္တြင္ ရန္ကုန္တိုင္းရွိ ရဲမြန္တပ္ၿမိဳ႕၏ ေက်ာင္းဌာနခ်ဳပ္႐ုံး အစည္းအေဝးခန္းမတြင္ အထက္ပါကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါေက်ာင္း၏ ရည္မွန္းခ်က္တာဝန္သည္ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ)မွ စစ္သည္မ်ားကို အား ကစားႏွင့္ ကိုယ္ခံပညာအေျခခံသင္တန္းမ်ား၊ အဆင့္ျမင့္သင္တန္းမ်ားဖြင့္လွစ္သင္ၾကားေလ့က်င့္ေပးျခင္းအားျဖင့္ တပ္မေတာ္လက္ေ႐ြးစင္ အားကစားသမားမ်ား ေပၚထြက္လာေစရန္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ထူးခြၽန္သည့္ စစ္သည္မ်ားေပၚထြက္လာၿပီး ျမန္မာ့လက္ေ႐ြးစင္အျဖစ္ေမြးထုတ္၍ ႏိုင္ငံေတာ္၏ အားကစားအဆင့္အတန္းျမင့္မားေရးကို အေထာက္အကူျပဳႏိုင္မည့္အခ်က္ကို အေကာင္အထည္ေဖာ္ရန္လိုအပ္ေၾကာင္း ၎မွတိုက္တြန္းေျပာဆိုထားသည္။

အဆိုပါေက်ာင္းစတင္ဖြင့္သည့္ (၁၉၉၇-၁၉၉၈မွ ၂ဝ၂၂-၂ဝ၂၃)အထိ ကိုယ္ခံပညာႏွင့္ အားကစားသင္ တန္း (၃၇)မ်ိဳးကို ဖြင့္လွစ္သင္ၾကားေပးခဲ့ေၾကာင္း ၎ကဆက္လက္ေျပာထားသည္။

ထိုသိုဖြင့္လွစ္ခဲ့ရာ ထူးခြၽန္အားကစားသမားမ်ားအျဖစ္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)လက္ေ႐ြးစင္ အပါအဝင္ ျမန္မာ့လက္ေ႐ြးစင္ အားကစားသမား(၄၁၂)ဦးတို႔ကို ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.