KBZ ATM စက်များ၌ (၁)ရက်လျှင် ငွေကျပ်(၁ဝ)သိန်းအထိ ထုတ်ယူနိုင်ကြောင်း KBZ Bank အသိပေး
1676
ယွန်း (NP News) - မေ ၂၄
KBZ ATM စက်များတွင် (၁)ရက်လျှင် ငွေကျပ်(၁ဝ)သိန်းအထိ ထုတ်ယူနိုင်ကြောင်း KBZ Bank ကအသိပေးကြေညာထားသည်။
KBZ Bank မှ ယနေ့(မေလ ၂၄ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ်အနေဖြင့် Customer များငွေသားထုတ်ယူရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် မေလ (၂၃) ရက်မှစ၍ ATM စက်များ၌ ငွေသားထုတ်ယူနိုင်မည့်ပမာဏကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ် ပုံမှန်အကောင့်ဟောင်း MPU Debit (ATM ကတ်) မှ ငွေထုတ်ယူရာတွင် (၁)ရက်လျှင် အများဆုံးငွေကျပ်(၁ဝ)သိန်းအထိထုတ်ယူနိုင်ပြီး တစ်ပတ်လျှင် အများဆုံး ငွေကျပ်သိန်း(၂ဝ)အထိ ထုတ် ယူနိုင်ကြောင်း KBZ Bank မှ ထုတ်ပြန်ထားသည်။
အလားတူ ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့် MPU Debit (ATM ကတ်) မှလည်း (၁)ရက်လျှင် အများဆုံး ငွေကျပ်(၁ဝ)သိန်းအထိ ထုတ်ယူနိုင်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်၏ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လ(၉)ရက်ထုတ်ပြန်ချက်အရ ရန်ကုန် အပါအဝင် မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့တို့ရှိ သတ်မှတ်ထားသော ATM စက်များတွင် (၁)ပတ်လျှင် အများဆုံးငွေကျပ်(၃)သိန်းအထိသာ တိုးချဲ့ထုတ်ယူခွင့်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် (၁)ရက်လျှင် ငွေကျပ်(၁ဝ)သိန်းအထိ တိုးမြှင့်ထုတ်ယူခွင့်ပြုခဲ့ပြီး ငွေသားထုတ်ယူနိုင်သော KBZ ATM များကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း KBZ Bank မှ ဆိုထားသည်။
zawgyi version
KBZ ATM စက္မ်ား၌ (၁)ရက္လွ်င္ ေငြက်ပ္(၁ဝ)သိန္းအထိ ထုတ္ယူႏိုင္ေၾကာင္း KBZ Bank အသိေပး
ယြန္း (NP News) - ေမ ၂၄
KBZ ATM စက္မ်ားတြင္ (၁)ရက္လွ်င္ ေငြက်ပ္(၁ဝ)သိန္းအထိ ထုတ္ယူႏိုင္ေၾကာင္း KBZ Bank ကအသိေပးေၾကညာထားသည္။
KBZ Bank မွ ယေန႔(ေမလ ၂၄ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။
ကေမာၻဇဘဏ္အေနျဖင့္ Customer မ်ားေငြသားထုတ္ယူရာတြင္ အဆင္ေျပလြယ္ကူမႈရွိေစရန္အတြက္ ေမလ (၂၃) ရက္မွစ၍ ATM စက္မ်ား၌ ေငြသားထုတ္ယူႏိုင္မည့္ပမာဏကို တိုးျမႇင့္သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ကေမာၻဇဘဏ္ ပုံမွန္အေကာင့္ေဟာင္း MPU Debit (ATM ကတ္) မွ ေငြထုတ္ယူရာတြင္ (၁)ရက္လွ်င္ အမ်ားဆုံးေငြက်ပ္(၁ဝ)သိန္းအထိထုတ္ယူႏိုင္ၿပီး တစ္ပတ္လွ်င္ အမ်ားဆုံး ေငြက်ပ္သိန္း(၂ဝ)အထိ ထုတ္ ယူႏိုင္ေၾကာင္း KBZ Bank မွ ထုတ္ျပန္ထားသည္။
အလားတူ ကေမာၻဇဘဏ္ ေငြစာရင္းအေကာင့္ MPU Debit (ATM ကတ္) မွလည္း (၁)ရက္လွ်င္ အမ်ားဆုံး ေငြက်ပ္(၁ဝ)သိန္းအထိ ထုတ္ယူႏိုင္ေၾကာင္း သိရသည္။
ကေမာၻဇဘဏ္၏ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ ဇြန္လ(၉)ရက္ထုတ္ျပန္ခ်က္အရ ရန္ကုန္ အပါအဝင္ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔ရွိ သတ္မွတ္ထားေသာ ATM စက္မ်ားတြင္ (၁)ပတ္လွ်င္ အမ်ားဆုံးေငြက်ပ္(၃)သိန္းအထိသာ တိုးခ်ဲ႕ထုတ္ယူခြင့္ေပးခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ (၁)ရက္လွ်င္ ေငြက်ပ္(၁ဝ)သိန္းအထိ တိုးျမႇင့္ထုတ္ယူခြင့္ျပဳခဲ့ၿပီး ေငြသားထုတ္ယူႏိုင္ေသာ KBZ ATM မ်ားကို ဆက္လက္တိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္း KBZ Bank မွ ဆိုထားသည္။