လမ်းပေါ်၌ ရပ်ထားသည့် တွဲကားကို ဆိုင်ကယ်မှ ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူသေဆုံး

 518

စော (NP News) - မေ ၂၄

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းပေါ်၌ရပ်ထားသည့် တွဲကားကို ဆိုင်ကယ်မှ ဝင်တိုက်မိကာ ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့(မေလ ၂၃ ရက်)၊ ည(၉)နာရီဝန်းကျင်အချိန်တွင် ဇေယျာသီရိမြို့နယ်၊ အင်ပင်ခုံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသားသည် ရုံးမှ အိမ်သို့အပြန်တွင် ရပ်ထားသည့်တွဲကားအား အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“လမ်းပေါ်မှာ တွဲကားက ပျက်လို့ဆိုပြီးရပ်ထားတာကို ဆိုင်ကယ်ကနောက်မှဝင်တိုက်တာပါ။ ဆိုင်ကယ်ပေါ်မှာသူတစ်ယောက်ထဲပါပဲ။ ရုံးကနေ အိမ်ကိုပြန်တာပါ။ အခြားထိခိုက်မိတဲ့လူတော့မရှိပါဘူး”ဟု ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသားသည် ကိုကျော်ဖြိုးနိုင်(၂၂)နှစ်ဖြစ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

၎င်း၏ရုပ်အလောင်းအား နေပြည်တော်ဆေးရုံကုတင်(၁ဝဝဝ)သို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
လမ္းေပၚ၌ ရပ္ထားသည့္ တြဲကားကို ဆိုင္ကယ္မွ ဝင္တိုက္ရာမွ ဆိုင္ကယ္ေမာင္းသူေသဆုံး

ေစာ (NP News) - ေမ ၂၄

ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ရွိ ရန္ကုန္-မႏၲေလးလမ္းေဟာင္း လမ္းေပၚ၌ရပ္ထားသည့္ တြဲကားကို ဆိုင္ကယ္မွ ဝင္တိုက္မိကာ ဆိုင္ကယ္ေမာင္းသူေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၃ ရက္)၊ ည(၉)နာရီဝန္းက်င္အခ်ိန္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ အင္ပင္ခုံေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း က႐ုဏာရွင္လူမူကူညီေရးပရဟိတအသင္းထံမွ သိရသည္။

အဆိုပါအမ်ိဳးသားသည္ ႐ုံးမွ အိမ္သို႔အျပန္တြင္ ရပ္ထားသည့္တြဲကားအား အေနာက္မွဝင္တိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“လမ္းေပၚမွာ တြဲကားက ပ်က္လို႔ဆိုၿပီးရပ္ထားတာကို ဆိုင္ကယ္ကေနာက္မွဝင္တိုက္တာပါ။ ဆိုင္ကယ္ေပၚမွာသူတစ္ေယာက္ထဲပါပဲ။ ႐ုံးကေန အိမ္ကိုျပန္တာပါ။ အျခားထိခိုက္မိတဲ့လူေတာ့မရွိပါဘူး”ဟု က႐ုဏာရွင္လူမူကူညီေရးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသားသည္ ကိုေက်ာ္ၿဖိဳးႏိုင္(၂၂)ႏွစ္ျဖစ္ၿပီး ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိကာ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

၎၏႐ုပ္အေလာင္းအား ေနျပည္ေတာ္ေဆး႐ုံကုတင္(၁ဝဝဝ)သို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.