ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်အား ဓားပြတိုက်မှုတွင် ထွက်ပြေးလွတ်မြောက်နေသူ (၂)ဦးကို ဖမ်းဆီးရမိ

 3193

ရဲပြည့် (NP News) - မေ ၂၄

ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်အား ဓားပြတိုက်မှုတွင် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံ (၂)ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ(၂)ဦးကို မေလ ၂၃ ရက်၊ ညနေပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ရွှေသားပစ္စည်းများအားလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖျာပုံမြိုရှိ ဂဠုန်မင်းရွှေဆိုင်အား မေလ ၂၁ ရက်တွင် ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးက သေနတ်ပစ်ဖောက် ၍ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ခြင်းကြောင့် (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မေလ ၂၂ရက်တွင် ဂဠုန်မင်းရွှေဆိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ထွက်ပြေးလွတ်မြောက်ရာမှ ဖမ်းဆီးရမိသူ (၂)ဦးသည် ဖျာပုံမြိုနယ်၊ ဒေါ်ညိမ်းကျေးရွာတွင် နေထိုင်သည့် အသက် (၃၈)နှစ်အရွယ်ရှိ အောင်ကြီးနှင့် ဖျာပုံမြို ကန်သာယာလမ်း(၃)ရက်ကွက် ဒေါ်ညိမ်းကျေးရွာတွင် နေထိုင်သည့် အသက်(၃၇)နှစ်အရွယ်ရှိ ဘိုဘိုတို့ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်အား ဝင်ရောက်ဓားပြဝင်တိုက်ခဲ့သူ(၄)ဦးလုံးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သူများနှင့် ရွှေသားပစ္စည်းများကိုပါ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ(၄)ဦး နှင့် ဆက်စပ်သည့် တရားခံ(၈)ဦးခန့်ကိုလည်း ဖမ်ဆီးထိန်းသိမ်းထားကြောင်း သိရသည်။

zawgyi version
ဖ်ာပုံၿမိဳ႕ရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ဓားျပတိုက္မႈတြင္ ထြက္ေျပးလြတ္ေျမာက္ေနသူ (၂)ဦးကို ဖမ္းဆီးရမိ
ရဲျပည့္ (NP News) - ေမ ၂၄

ဖ်ာပုံၿမိဳ႕ရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ဓားျပတိုက္မႈတြင္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံ (၂)ဦးကို ထပ္မံဖမ္းဆီးရမိေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းမ်ားထံမွ သိရသည္။

အဆိုပါ ဖမ္းဆီးရမိသူ(၂)ဦးကို ေမလ ၂၃ ရက္၊ ညေနပိုင္းက မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေ႐ႊသားပစၥည္းမ်ားအားလုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖ်ာပုံၿမိဳရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ေမလ ၂၁ ရက္တြင္ ဆိုင္ကယ္(၂)စီးျဖင့္ လူ(၄)ဦးက ေသနတ္ပစ္ေဖာက္ ၍ ဝင္ေရာက္ဓားျပတိုက္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေန႔တြင္ ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ျခင္းေၾကာင့္ (၂)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း ေမလ ၂၂ရက္တြင္ ဂဠဳန္မင္းေ႐ႊဆိုင္၏ တာဝန္ရွိသူတစ္ဦးက ေျပာဆိုထားသည္။

ထြက္ေျပးလြတ္ေျမာက္ရာမွ ဖမ္းဆီးရမိသူ (၂)ဦးသည္ ဖ်ာပုံၿမိဳနယ္၊ ေဒၚညိမ္းေက်း႐ြာတြင္ ေနထိုင္သည့္ အသက္ (၃၈)ႏွစ္အ႐ြယ္ရွိ ေအာင္ႀကီးႏွင့္ ဖ်ာပုံၿမိဳ ကန္သာယာလမ္း(၃)ရက္ကြက္ ေဒၚညိမ္းေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၃၇)ႏွစ္အ႐ြယ္ရွိ ဘိုဘိုတို႔ျဖစ္ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ဖ်ာပုံၿမိဳ႕ရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ဝင္ေရာက္ဓားျပဝင္တိုက္ခဲ့သူ(၄)ဦးလုံးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သူမ်ားႏွင့္ ေ႐ႊသားပစၥည္းမ်ားကိုပါ ျပန္လည္ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူ(၄)ဦး ႏွင့္ ဆက္စပ္သည့္ တရားခံ(၈)ဦးခန႔္ကိုလည္း ဖမ္ဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.