ညောင်လေးပင်၌ ဘုန်းကြီးကျောင်းပေါ်သို့ ကုက္ကိုပင်လဲကျခဲ့ရာ (၁)ဦးသေဆုံးပြီး သီလရှင်တစ်ပါးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရ

 623

စော (NP News) - မေ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် ဘုန်းကြီးကျောင်းပေါ်သို့ ကုက္ကိုပင်လဲကျ၍ အမျိုးသား(၁)ဦး သေဆုံးကာ သီလရှင်(၁)ပါးအပါအဝင် (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၃ ရက်)၊ ည(၆)ဝန်းကျင်အချိန်တွင် ညောင်လေးပင်မြို့နယ်၊ မြို့မ(၁) ရပ်ကွက်၊ ကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဘုန်းကြီးကျောင်းအတွင်းရှိ ကုက္ကိုပင်သည် မြေကြီးတွင် ရေဝပ်ပြီး အမြစ်မှ ဝိတ်မနိုင်ဘဲ ထမင်းစားဆောင်ပေါ်သို့ လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အပင်က ရေတွေဝပ်ပြီး အမြစ်က ဝိတ်မနိုင်ပဲ လဲသွားတာပါ။ လေတွေဘာတွေတိုက်လို့တော့မဟုတ်ဘူး။ အမျိုးသားနှစ်ယောက်နဲ့ ဆရာလေးတစ်ပါး ထိခိုက်ဒဏ်ရာရသွားတယ်။ အမျိုးသမီးတစ်ဦးကတော့ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ dead body ဖြစ်နေပြီ။ ပင်စည်က ကျောင်းဆောင်ပေါ်ကျနေတာ သူကကျောင်းဆောင်အောက်မှာဆိုတော့ ပိသွားတာနေမယ်”ဟု ညောင်လေးပင်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကုက္ကိုပင်လဲကျမှုကြောင့် သီလရှင်တစ်ပါးနှင့် အမျိုးသားနှစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

သေဆုံးသူအမျိုးသမီးသည် အဆိုပါဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စပြုလုပ်ပေးသူတစ်ဦးဖြစ်ပြီး ကျောင်းတွင် လတ်တလော နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ေညာင္ေလးပင္၌ ဘုန္းႀကီးေက်ာင္းေပၚသို႔ ကုကၠိဳပင္လဲက်ခဲ့ရာ (၁)ဦးေသဆုံးၿပီး သီလရွင္တစ္ပါးအပါအဝင္ (၃)ဦး ထိခိုက္ဒဏ္ရာရ

ေစာ (NP News) - ေမ ၂၄

ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ ဘုန္းႀကီးေက်ာင္းေပၚသို႔ ကုကၠိဳပင္လဲက်၍ အမ်ိဳးသား(၁)ဦး ေသဆုံးကာ သီလရွင္(၁)ပါးအပါအဝင္ (၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၂၃ ရက္)၊ ည(၆)ဝန္းက်င္အခ်ိန္တြင္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ၿမိဳ႕မ(၁) ရပ္ကြက္၊ ကမၼ႒ာန္းဘုန္းႀကီးေက်ာင္းအတြင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေညာင္ေလးပင္ၿမိဳ႕နယ္မီးသတ္စခန္းမွ သိရသည္။

ဘုန္းႀကီးေက်ာင္းအတြင္းရွိ ကုကၠိဳပင္သည္ ေျမႀကီးတြင္ ေရဝပ္ၿပီး အျမစ္မွ ဝိတ္မႏိုင္ဘဲ ထမင္းစားေဆာင္ေပၚသို႔ လဲက်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အပင္က ေရေတြဝပ္ၿပီး အျမစ္က ဝိတ္မႏိုင္ပဲ လဲသြားတာပါ။ ေလေတြဘာေတြတိုက္လို႔ေတာ့မဟုတ္ဘူး။ အမ်ိဳးသားႏွစ္ေယာက္နဲ႔ ဆရာေလးတစ္ပါး ထိခိုက္ဒဏ္ရာရသြားတယ္။ အမ်ိဳးသမီးတစ္ဦးကေတာ့ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ dead body ျဖစ္ေနၿပီ။ ပင္စည္က ေက်ာင္းေဆာင္ေပၚက်ေနတာ သူကေက်ာင္းေဆာင္ေအာက္မွာဆိုေတာ့ ပိသြားတာေနမယ္”ဟု ေညာင္ေလးပင္ၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကုကၠိဳပင္လဲက်မႈေၾကာင့္ သီလရွင္တစ္ပါးႏွင့္ အမ်ိဳးသားႏွစ္ဦးသည္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ္လည္း မစိုးရိမ္ရေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

ေသဆုံးသူအမ်ိဳးသမီးသည္ အဆိုပါဘုန္းႀကီးေက်ာင္းတြင္ ေဝယ်ာဝစၥျပဳလုပ္ေပးသူတစ္ဦးျဖစ္ၿပီး ေက်ာင္းတြင္ လတ္တေလာ ေနထိုင္သူတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားႏွင့္ ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို ေညာင္ေလးပင္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.