မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ Online စနစ်ဖြင့်ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများအတွက် လျှောက်လွှာများခေါ်ယူ

1132

စော (NP News) - မေ ၂၅
နေပြည်တော်ရှိ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် Online စနစ်ဖြင့် ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများအတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
သင်တန်းရေးရာဌာန၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ မေလ ၂၃ ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့(MBF)သင်တန်း၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းသင်တန်းသည် Online စနစ်ဖြင့်သင်ကြားမည်ဖြစ်၍ လျှောက်ထားသူများအနေဖြင့် ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရန်လိုအပ်ပြီး Google Classroom နှင့် Zoom Application များအား ကောင်းစွာအသုံးပြုတတ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် လျှောက်ထားလိုသူများသည် ရေဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများအား လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လူတွေ့စစ်ဆေးရွေးချယ်ပြီး သင်တန်းသားဦးရေကန့်သတ် လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်လွှာများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် မေလ(၂၅)ရက်၌ သွားရောက်ထုတ်ယူနိုင်ပြီး ဇွန်လ(၂၇)ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
မိတၳီလာစီးပြားေရးတကၠသိုလ္၌ Online စနစ္ျဖင့္ဖြင့္လွစ္မည့္ မဟာဘြဲ႕သင္တန္းမ်ားအတြက္ ေလွ်ာက္ လႊာမ်ားေခၚယူ
ေစာ (NP News) - ေမ ၂၅
ေနျပည္ေတာ္ရွိ မိတၳီလာစီးပြားေရးတကၠသိုလ္တြင္ Online စနစ္ျဖင့္ ဖြင့္လွစ္မည့္ မဟာဘြဲ႕သင္တန္းမ်ားအတြက္ ေလွ်ာက္လႊာမ်ား ေခၚယူေနေၾကာင္း သိရသည္။
သင္တန္းေရးရာဌာန၊ မိတၳီလာစီးပြားေရးတကၠသိုလ္မွ ေမလ ၂၃ ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါသင္တန္းတြင္ ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာေရးပညာမဟာဘြဲ႕(MBF)သင္တန္း၊ ဖြံ႕ၿဖိဳးမႈပညာမဟာဘြဲ႕(MDevS)သင္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
၎သင္တန္းသည္ Online စနစ္ျဖင့္သင္ၾကားမည္ျဖစ္၍ ေလွ်ာက္ထားသူမ်ားအေနျဖင့္ ကြန္ပ်ဴတာကြၽမ္းက်င္သူျဖစ္ရန္လိုအပ္ၿပီး Google Classroom ႏွင့္ Zoom Application မ်ားအား ေကာင္းစြာအသုံးျပဳတတ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ျပင္ ေလွ်ာက္ထားလိုသူမ်ားသည္ ေရေျဖစာေမးပြဲႏွင့္ ႏႈတ္ေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး ေရးေျဖစာေမးပြဲေအာင္ျမင္သူမ်ားအား လူေတြ႕စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ လူေတြ႕စစ္ေဆးေ႐ြးခ်ယ္ၿပီး သင္တန္းသားဦးေရကန္႔သတ္ လက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေလွ်ာက္လႊာမ်ားကို မိတၳီလာစီးပြားေရးတကၠသိုလ္တြင္ ေမလ(၂၅)ရက္၌ သြားေရာက္ထုတ္ယူႏိုင္ၿပီး ဇြန္လ(၂၇)ရက္တြင္ ေနာက္ဆုံးထားေပးပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။