NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ အစီအစဉ်မရှိသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ် ပြော

 533

ရောင်နီ (NP News) - မေ ၂၅

ဂျပန်နိုင်ငံအနေနဲ့ NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ အစီအစဉ်မရှိဘူးလို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါ တယ်။

ဂျပန်အစိုးရဟာ အမေရိကန်ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာ နေတိုးအုပ်စုမှာ ပါဝင်ဦးမှာ မဟုတ်ဘူးလို့ ဂျပန်ဝန်ကြီး ချုပ်က အမျိုးသားပါလီမန်မှာ မေလ ၂၄ ရက် က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆိုင်ရာ ဂျပန်သံအမတ်ကြီး ကိုဂျီတိုမီတာက ဂျပန်အစိုးရဟာ တိုကျိုမြို့မှာ နေတိုးအုပ်စုရဲ့ ရုံးဖွင့်လှစ် ဖို့ လုပ်ဆောင်နေကြောင်း Nikkei Asia သတင်းဌာနကို ပြောခဲ့ပါတယ်။ လာမယ့်နှစ်မှာ စတင်ဖို့ စီစဉ်ထားတဲ့ အဆိုပါမစ်ရှင်ဟာ ဂျပန်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသရှိ အခြား မဟာမိတ်များဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့လိုမျိုး NATO နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ထားတယ်လို့ ဂျပန်သံအမတ်ကြီးက ဖော်ပြခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက နိုင်ငံအတွင်း NATO ရဲ့ ရုံး ဖွင့်လှစ်နိုင်ဖို့အတွက် စဉ်းစားနေပေမယ့် မစ်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်ကိုမှ မချရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျပန်ရဲ့မဟာမိတ်အဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ NATO နဲ့ တွဲဖက်လုပ်ဆောင်မှုတွေကို မကြာသေးမီက ပွင့်ပွင့် လင်းလင်းပြောဆိုခဲ့သလို ပြီးခဲ့တဲ့ ဇွန်လကလည်း ဂျပန်နိုင်ငံရဲ့ဒေသတွင်း မဟာမိတ်အဖွဲ့ဟာ နေတိုးထိပ်သီး အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ပါတယ်။ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားကိုလည်း ဒီနှစ်အတွင်းကျင်းပမယ့် ထိပ်သီးအစည်းအဝေးအခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။

၂ဝ၂၃ ခုနှစ် နေတိုးထိပ်သီးအစည်းအဝေးကို လစ်သူယေးနီးယားနိုင်ငံ၊ ဗီလ်နီးယက်စ်မှာ လာမယ့်ဇူလိုင်လအတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ အရှေ့ဥရောပမှာ နေတိုးရဲ့အင်အားတိုးချဲ့လာမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ရုရှားက အာရှမှာ နေတိုးအဖွဲ့ရဲ့တိုးချဲ့မှုတွေကို ဝေဖန်ခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ "global NATO” ဆိုတဲ့ လုပ်ဆောင်ချက်တွေဟာ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီ ၁၉၃ဝ ပြည့်နှစ်များ က နာဇီဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ရဲ့လုပ်ရပ်တွေနဲ့ ဆင်တူကြောင်း ပြီးခဲ့တဲ့ မတ်လက ပြောကြားခဲ့ပါတယ်။

အာရှဒေသတွင်းမှာ ပထမဆုံးရုံး ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ NATO ရဲ့အစီရင်ခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံ က သူ့ရဲ့အာရှအိမ်နီးချင်းတွေကို “သတိဝီရိယ” နဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားသလို ဒီလိုလုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။

NATO အဖြဲ႕ဝင္ ႏိုင္ငံျဖစ္လာဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေျပာ
ေရာင္နီ (NP News) - ေမ ၂၅

ဂ်ပန္ႏိုင္ငံအေနနဲ႔ NATO အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာဖို႔ အစီအစဥ္မရွိဘူးလို႔ ဝန္ႀကီးခ်ဳပ္ ဖူမီယို ကီရွီဒါက ေျပာၾကားခဲ့ပါ တယ္။

ဂ်ပန္အစိုးရဟာ အေမရိကန္ဦးေဆာင္တဲ့ စစ္ဘက္ဆိုင္ရာ ေနတိုးအုပ္စုမွာ ပါဝင္ဦးမွာ မဟုတ္ဘူးလို႔ ဂ်ပန္ဝန္ႀကီး ခ်ဳပ္က အမ်ိဳးသားပါလီမန္မွာ ေမလ ၂၄ ရက္ က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး ကိုဂ်ီတိုမီတာက ဂ်ပန္အစိုးရဟာ တိုက်ိဳၿမိဳ႕မွာ ေနတိုးအုပ္စုရဲ႕ ႐ုံးဖြင့္လွစ္ ဖို႔ လုပ္ေဆာင္ေနေၾကာင္း Nikkei Asia သတင္းဌာနကို ေျပာခဲ့ပါတယ္။ လာမယ့္ႏွစ္မွာ စတင္ဖို႔ စီစဥ္ထားတဲ့ အဆိုပါမစ္ရွင္ဟာ ဂ်ပန္ႏိုင္ငံနဲ႔ အာရွ-ပစိဖိတ္ေဒသရွိ အျခား မဟာမိတ္မ်ားျဖစ္တဲ့ ၾသစေၾတးလ်၊ နယူးဇီလန္နဲ႔ ေတာင္ကိုရီးယားတို႔လိုမ်ိဳး NATO နဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔ ရည္႐ြယ္ထားတယ္လို႔ ဂ်ပန္သံအမတ္ႀကီးက ေဖာ္ျပခဲ့ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ကီရွီဒါက ႏိုင္ငံအတြင္း NATO ရဲ႕ ႐ုံး ဖြင့္လွစ္ႏိုင္ဖို႔အတြက္ စဥ္းစားေနေပမယ့္ မစ္ရွင္နဲ႔ ပတ္သက္ၿပီး ဘယ္လိုဆုံးျဖတ္ခ်က္ကိုမွ မခ်ရေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ရဲ႕မဟာမိတ္အဖြဲ႕ဟာ အင္ဒို-ပစိဖိတ္ေဒသမွာ NATO နဲ႔ တြဲဖက္လုပ္ေဆာင္မႈေတြကို မၾကာေသးမီက ပြင့္ပြင့္ လင္းလင္းေျပာဆိုခဲ့သလို ၿပီးခဲ့တဲ့ ဇြန္လကလည္း ဂ်ပန္ႏိုင္ငံရဲ႕ေဒသတြင္း မဟာမိတ္အဖြဲ႕ဟာ ေနတိုးထိပ္သီး အစည္းအေဝးကို ပထမဆုံးအႀကိမ္အျဖစ္တက္ေရာက္ခဲ့ပါတယ္။ ဂ်ပန္၊ ၾသစေၾတးလ်၊ နယူးဇီလန္နဲ႔ ေတာင္ကိုရီးယားကိုလည္း ဒီႏွစ္အတြင္းက်င္းပမယ့္ ထိပ္သီးအစည္းအေဝးအခမ္းအနားကို တက္ေရာက္ဖို႔ ဖိတ္ၾကားခံထားရပါတယ္။

၂ဝ၂၃ ခုႏွစ္ ေနတိုးထိပ္သီးအစည္းအေဝးကို လစ္သူေယးနီးယားႏိုင္ငံ၊ ဗီလ္နီးယက္စ္မွာ လာမယ့္ဇူလိုင္လအတြင္း က်င္းပမွာ ျဖစ္ပါတယ္။ အေရွ႕ဥေရာပမွာ ေနတိုးရဲ႕အင္အားတိုးခ်ဲ႕လာမႈကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္တဲ့ ႐ုရွားက အာရွမွာ ေနတိုးအဖြဲ႕ရဲ႕တိုးခ်ဲ႕မႈေတြကို ေဝဖန္ခဲ့ပါတယ္။ ႐ုရွားသမၼတ ဗလာဒီမာပူတင္က အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ "global NATO” ဆိုတဲ့ လုပ္ေဆာင္ခ်က္ေတြဟာ ဒုတိယကမာၻစစ္ မျဖစ္ပြားမီ ၁၉၃ဝ ျပည့္ႏွစ္မ်ား က နာဇီဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္တို႔ရဲ႕လုပ္ရပ္ေတြနဲ႔ ဆင္တူေၾကာင္း ၿပီးခဲ့တဲ့ မတ္လက ေျပာၾကားခဲ့ပါတယ္။

အာရွေဒသတြင္းမွာ ပထမဆုံး႐ုံး ဖြင့္လွစ္ဖို႔ စီစဥ္ေနတဲ့ NATO ရဲ႕အစီရင္ခံစာေတြကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံ က သူ႔ရဲ႕အာရွအိမ္နီးခ်င္းေတြကို “သတိဝီရိယ” နဲ႔ ေနထိုင္ၾကဖို႔ တိုက္တြန္းထားသလို ဒီလိုလုပ္ရပ္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ပ်က္ျပားေစလိမ့္မယ္လို႔ သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.