ကမ္ဘာဒီးယားနိုင်ငံရဲ့ရွေးကောက်ပွဲကို ကြားဝင်မစွက်ဖို့ ပြည်ပနိုင်ငံများနဲ့သံတမန်များကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် သတိပေး

615

ဂျန်ဇက် (NP News) - မေ ၂၅
ပြည်ပနိုင်ငံများနဲ့ ၎င်းတို့ရဲ့သံတမန်များအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက် နှောင့်ယှက်ခြင်းမျိုး မလုပ်ဆောင်စေလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က သတိပေးလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ၂ လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားရာပြည်ပ နိုင်ငံများကြားဝင် စွက်ဖက်မှာကို စိုးရိမ်တဲ့အတွက် ကြိုတင်သတိပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် က ၎င်းအနေနဲ့ အကျဉ်းကျနေသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာမဟုတ်တဲ့အတွက် လူတစ်ဦးချင်းစီတိုင်းဟာ တရားရုံးက ချမှတ်ထားတဲ့ပြစ်ဒဏ်များအတိုင်း အပြည့်အဝ ကျခံရမှာဖြစ်ကြောင်း ပြောပါတယ်။
၎င်းက "ကျွန်တော်ဟာ လက်ရှိအကျဉ်းကျနေသူများအပေါ် ယုံကြည်မှုမရှိတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပဖို့ စီစဉ်နေပြီး နိုင်ငံတကာသံရုံးအချို့ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးချက်များ ထုတ်ပြန်လျက်ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က နိုင်ငံတကာသံရုံးအချို့ရဲ့ထုတ်ပြန်ချက်တွေဟာ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်ဖို့ ကြိုးပမ်းမှုအဖြစ် ရူမြင်ကြောင်းပြောပါတယ်။
၎င်း က "လက်ရှိအချိန်က စတင်ပြီး ရွေးကောက်ပွဲ ပြီးဆုံးချိန်အထိ ပြည်ပနိုင်ငံများနဲ့ သံတမန်တွေဟာ အေးအေး ဆေးဆေးနေပေးပါ။ ကမ္ဘာဒီးယားနိုင်ငံရဲ့ဒီမိုကရေစီရေး ကိစ္စတွေကို ပြည်တွင်းမူဝါဒများအတိုင်း ဖြေရှင်းခွင့် ပေးကြပါ။ အခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးတွေကို ကျွန်တော်စိတ်ကုန်တယ်" လို့ ပြောပါတယ်။
ပြည်ပနိုင်ငံအချို့ဟာ ကမ္ဘောဒီးယားအတိုက်ခံခေါင်းဆောင်များကို ကန်ဆိုခကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလျက် ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြည်ပနိုင်ငံများရဲ့သံတမန်များဟာ နိုင်ငံရေး သမားတစ်ဦးအတွက် ပြည်တွင်းတရားရုံးရဲ့လုပ်ထုံးလုပ်နည်းများကို စွက်ဖက်ဖို့ ကြိုးပမ်းခြင်းများရှိနေကြောင်း ဝေဖန်ခဲ့ပါတယ်။ ကန်ဆိုခဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ဖနွမ်းပင်မြို့တရားရုံးက ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ချမှတ်ထားကြောင်း သိရပါတယ်။

Zawgyi Version;
ကမာၻဒီးယားႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲကို ၾကားဝင္မစြက္ဖို႔ ျပည္ပႏိုင္ငံမ်ားနဲ႔သံတမန္မ်ားကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ သတိေပး
ဂ်န္ဇက္ (NP News) - ေမ ၂၅
ျပည္ပႏိုင္ငံမ်ားနဲ႔ ၎တို႔ရဲ႕သံတမန္မ်ားအေနနဲ႔ ကေမာၻဒီးယားႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ ေႏွာင့္ယွက္ျခင္းမ်ိဳး မလုပ္ေဆာင္ေစလိုေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ က သတိေပးလိုက္ပါတယ္။
ကေမာၻဒီးယားႏိုင္ငံဟာ လာမယ့္ ၂ လအတြင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ စီစဥ္ထားရာျပည္ပ ႏိုင္ငံမ်ားၾကားဝင္ စြက္ဖက္မွာကို စိုးရိမ္တဲ့အတြက္ ႀကိဳတင္သတိေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ က ၎အေနနဲ႔ အက်ဥ္းက်ေနသူမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမွာမဟုတ္တဲ့အတြက္ လူတစ္ဦးခ်င္းစီတိုင္းဟာ တရား႐ုံးက ခ်မွတ္ထားတဲ့ျပစ္ဒဏ္မ်ားအတိုင္း အျပည့္အဝ က်ခံရမွာျဖစ္ေၾကာင္း ေျပာပါတယ္။
၎က "ကြၽန္ေတာ္ဟာ လက္ရွိအက်ဥ္းက်ေနသူမ်ားအေပၚ ယုံၾကည္မႈမရွိတဲ့အတြက္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးမွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။
ကေမာၻဒီးယားႏိုင္ငံဟာ ေ႐ြးေကာက္ပြဲကို ဇူလိုင္ ၂၃ ရက္မွာ က်င္းပဖို႔ စီစဥ္ေနၿပီး ႏိုင္ငံတကာသံ႐ုံးအခ်ိဳ႕ဟာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ႀကိဳတင္သတိေပးခ်က္မ်ား ထုတ္ျပန္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ႏိုင္ငံတကာသံ႐ုံးအခ်ိဳ႕ရဲ႕ထုတ္ျပန္ခ်က္ေတြဟာ ျပည္တြင္းေရးကို ၾကားဝင္ စြက္ဖက္ဖို႔ ႀကိဳးပမ္းမႈအျဖစ္ ႐ူျမင္ေၾကာင္းေျပာပါတယ္။
၎ က "လက္ရွိအခ်ိန္က စတင္ၿပီး ေ႐ြးေကာက္ပြဲ ၿပီးဆုံးခ်ိန္အထိ ျပည္ပႏိုင္ငံမ်ားနဲ႔ သံတမန္ေတြဟာ ေအးေအး ေဆးေဆးေနေပးပါ။ ကမာၻဒီးယားႏိုင္ငံရဲ႕ဒီမိုကေရစီေရး ကိစၥေတြကို ျပည္တြင္းမူဝါဒမ်ားအတိုင္း ေျဖရွင္းခြင့္ ေပးၾကပါ။ အျခားႏိုင္ငံေတြရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္တာမ်ိဳးေတြကို ကြၽန္ေတာ္စိတ္ကုန္တယ္" လို႔ ေျပာပါတယ္။
ျပည္ပႏိုင္ငံအခ်ိဳ႕ဟာ ကေမာၻဒီးယားအတိုက္ခံေခါင္းေဆာင္မ်ားကို ကန္ဆိုခကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလ်က္ ရွိေနေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ျပည္ပႏိုင္ငံမ်ားရဲ႕သံတမန္မ်ားဟာ ႏိုင္ငံေရး သမားတစ္ဦးအတြက္ ျပည္တြင္းတရား႐ုံးရဲ႕လုပ္ထုံးလုပ္နည္းမ်ားကို စြက္ဖက္ဖို႔ ႀကိဳးပမ္းျခင္းမ်ားရွိေနေၾကာင္း ေဝဖန္ခဲ့ပါတယ္။ ကန္ဆိုခဟာ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈနဲ႔ ဖႏြမ္းပင္ၿမိဳ႕တရား႐ုံးက ေထာင္ဒဏ္ ၂၇ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားေၾကာင္း သိရပါတယ္။