နစ်မြုပ်ခဲ့သော တရုတ်ငါးဖမ်းသင်္ဘောအတွင်းမှ ရုပ်အလောင်း(၁၄)လောင်းကို ပြန်လည်တွေ့ရှိခဲ့ဟု သီရိလင်္ကာရေတပ်ပြော

 549

Pika (NP News) - မေ ၂၅

အိန္ဒိယသမုဒ္ဒရာ အလယ်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်ကနစ်မြုပ်ခဲ့သော တရုတ်ငါးဖမ်းသင်္ဘောတွင် လိုက်ပါသွား သည့် သင်္ဘောသား(၃၉)ဦးအနက် ရုပ်အလောင်း(၁၄)လောင်းကို သင်္ဘောကိုယ်ထည်အတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ ကြောင်း သီရိလင်္ကာရေတပ် က ပြောကြားခဲ့သည်။

အစောပိုင်းအချက်အလက်များအရ သင်္ဘောပေါ်ပါ လူအားလုံးသေဆုံးပြီဖြစ်ကြောင်း တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီးနောက် သီရိလင်္ကာရေတပ်က ယခုကဲ့သို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသား (၁၇)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၇)ဦး နှင့် ဖိလစ်ပိုင်နိုင်ငံသား(၅)ဦးတို့ လိုက်ပါသွားသော Lu Peng Yuan Yu 028 အမည်ရှိ ငါးဖမ်းသင်္ဘောသည် မေလ(၁၆)ရက်က တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာရေတပ်မှ ရေငုပ်သမားများသည် ရုပ်အလောင်းနှစ်ခုကို အစောပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် ရုပ်အလောင်း(၁၂)ခုကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘော၏ ကိုယ်ထည်အနီရောင် နှင့် ရုပ်အလောင်းများကို ရေထဲမှဆွဲထုတ်ခဲ့သည့် ဓါတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်တွင်လည်း တွေ့ခဲ့ရသည်။

သီရိလင်္ကာရေတပ်သည် သင်္ဘောအတွင်းရှိ ရုပ်အလောင်း(၁၂)ခု တည်ရှိနေရာကို မြေပုံရေးဆွဲပြီးနောက် တရုတ် အာဏာပိုင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါရုပ်အလောင်း(၁၂)လောင်း သည် မည်သည့်နိုင်ငံသားများ ဖြစ်သည်ဆိုသည့်အချက်ကို သတင်းထုတ်ပြန်ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။

သြစတြေးလျအစိုးရသည် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန်အတွက် လေယာဉ်(၃)စင်းနှင့် သင်္ဘော(၄)စင်းကို စေလွှတ်ပေးခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် သင်္ဘောနစ်မြုပ်ခဲ့သည့်နေရာတစ်ဝိုက် စတုန်းရန်းကီလိုမီတာ(၆၄ဝဝဝ) ကို လိုက်လံရှာဖွေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများ၏ အရိပ်အယောင်များကို မတွေ့ရှိခဲ့ကြောင်း တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ငါးဖမ်းသင်္ဘောကို တရုတ်အစိုးရပိုင် ငါးဖမ်းလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Penglai Jinglu Fishery ကုမ္ပဏီ က ပိုင်ဆိုင်ကြောင်း သိရသည်။

Zawgyi Version;
နစ္ျမဳပ္ခဲ့ေသာ တ႐ုတ္ငါးဖမ္းသေဘၤာအတြင္းမွ ႐ုပ္အေလာင္း(၁၄)ေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ဟု သီရိလကၤာ ေရတပ္ေျပာ
Pika (NP News) - ေမ ၂၅

အိႏၵိယသမုဒၵရာ အလယ္ပိုင္းတြင္ ၿပီးခဲ့သည့္သီတင္းပတ္ကနစ္ျမဳပ္ခဲ့ေသာ တ႐ုတ္ငါးဖမ္းသေဘၤာတြင္ လိုက္ပါသြား သည့္ သေဘၤာသား(၃၉)ဦးအနက္ ႐ုပ္အေလာင္း(၁၄)ေလာင္းကို သေဘၤာကိုယ္ထည္အတြင္းတြင္ ရွာေဖြေတြ႕ရွိခဲ့ ေၾကာင္း သီရိလကၤာေရတပ္ က ေျပာၾကားခဲ့သည္။

အေစာပိုင္းအခ်က္အလက္မ်ားအရ သေဘၤာေပၚပါ လူအားလုံးေသဆုံးၿပီျဖစ္ေၾကာင္း တ႐ုတ္ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးဌာနက အတည္ျပဳခဲ့ၿပီးေနာက္ သီရိလကၤာေရတပ္က ယခုကဲ့သို႔ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသား (၁၇)ဦး၊ အင္ဒိုနီးရွားႏိုင္ငံသား(၁၇)ဦး ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား(၅)ဦးတို႔ လိုက္ပါသြားေသာ Lu Peng Yuan Yu 028 အမည္ရွိ ငါးဖမ္းသေဘၤာသည္ ေမလ(၁၆)ရက္က တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီရိလကၤာေရတပ္မွ ေရငုပ္သမားမ်ားသည္ ႐ုပ္အေလာင္းႏွစ္ခုကို အေစာပိုင္းတြင္ ေတြ႕ရွိခဲ့ၿပီးေနာက္ ေနာက္ထပ္ ႐ုပ္အေလာင္း(၁၂)ခုကို ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သေဘၤာ၏ ကိုယ္ထည္အနီေရာင္ ႏွင့္ ႐ုပ္အေလာင္းမ်ားကို ေရထဲမွဆြဲထုတ္ခဲ့သည့္ ဓါတ္ပုံမ်ားကို ဆိုရွယ္မီဒီယာေပၚတြင္လည္း ေတြ႕ခဲ့ရသည္။

သီရိလကၤာေရတပ္သည္ သေဘၤာအတြင္းရွိ ႐ုပ္အေလာင္း(၁၂)ခု တည္ရွိေနရာကို ေျမပုံေရးဆြဲၿပီးေနာက္ တ႐ုတ္ အာဏာပိုင္မ်ားကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ႐ုပ္အေလာင္း(၁၂)ေလာင္း သည္ မည္သည့္ႏိုင္ငံသားမ်ား ျဖစ္သည္ဆိုသည့္အခ်က္ကို သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။

ၾသစေၾတးလ်အစိုးရသည္ ရွာေဖြေရး ႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ကူညီရန္အတြက္ ေလယာဥ္(၃)စင္းႏွင့္ သေဘၤာ(၄)စင္းကို ေစလႊတ္ေပးခဲ့သည္။ ကယ္ဆယ္ေရးသမားမ်ားသည္ သေဘၤာနစ္ျမဳပ္ခဲ့သည့္ေနရာတစ္ဝိုက္ စတုန္းရန္းကီလိုမီတာ(၆၄ဝဝဝ) ကို လိုက္လံရွာေဖြခဲ့ၿပီး အသက္ရွင္က်န္ရစ္သူမ်ား၏ အရိပ္အေယာင္မ်ားကို မေတြ႕ရွိခဲ့ေၾကာင္း တ႐ုတ္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

အဆိုပါ ငါးဖမ္းသေဘၤာကို တ႐ုတ္အစိုးရပိုင္ ငါးဖမ္းလုပ္ငန္းႀကီးတစ္ခုျဖစ္သည့္ Penglai Jinglu Fishery ကုမၸဏီ က ပိုင္ဆိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.