မိတ်ဖက်နိုင်ငံများနှင့် မျှတမှုရှိသော ဝင်ရိုးစုံကမ္ဘာကို တည်ဆောက်သွားမည်ဟု ရုရှားသမ္မတ ပြော

 367

Pika (NP News) - မေ ၂၆

ရုရှားနှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် တရားမျှတသော ဝင်ရိုးစုံကမ္ဘာကို အတူတကွတည်ဆောက်သွားမည်ဖြစ် ကြောင်း ရုရှားသမ္မတပူတင် က ပြောကြားခဲ့သည်။

ရုရှားသည် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန် စိတ်ပါဝင်စားသောနိုင်ငံအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ရုရှားသမ္မတပူတင် က "ကျွန်တော်တို့ဟာ တရားမျှတမှု ရှိတဲ့ ဝင်ရိုးစုံကမ္ဘာကို အတူတကွ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် မတူညီသော ဒေသများနှင့် တိုက်ကြီးများတွင် မိတ်ဖက်နိုင်ငံများရှိပြီး အဆိုပါနိုင်ငံများနှင့် ဆက်ဆံ ရေးကို အလွန်တန်ဖိုးထားကြောင်း ပူတင် က ပြောကြားခဲ့သည်။ ၎င်းက "အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံတွေနဲ့ သမိုင်းကြောင်းအရ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ဆက်ဆံရေးတွေကို ကျွန်တော်တို့ တန်ဖိုးထားပါ တယ်။ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ဒီဆက်ဆံရေးတွေကို ပိုမိုခိုင်မာသွားအောင် လုပ်ဆောင်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုများကို ဆက်ထိန်းရန် စစ်ဖက်ဆိုင်ရာ ကိစ္စများ လုပ်ဆောင်ခြင်း၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများအပြင် စွမ်းအင် နှင့် စားနပ်ရိက္ခာအကျပ်အတည်းများမှ ၎င်းတို့၏ အကျိုးအမြတ်များကို ရယူနိုင်ရန် ကြိုးပမ်းမှုတို့ပါဝင်ကြောင်း ရုရှားသမ္မတပူတင် က ပြောကြားခဲ့သည်။

အမေရိကန် နှင့် ၎င်းမဟာမိတ်နိုင်ငံများ၏ လုပ်ရပ်ကြောင့် နိုင်ငံတကာအခင်းအကျင်းတွင် မတည်မငြိမ်ဖြစ်မှုများ ပိုမိုတိုးလာခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ၎င်း က "ကမ္ဘာကြီးတည်ငြိမ်အားကောင်းစေဖို့ အပြင် စည်းလုံးညီညွတ်တဲ့ လုံခြုံရေးစနစ်တစ်ခုတည်ဆောက်နိုင်ဖို့၊ စီးပွားရေး၊ နည်းပညာ နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေဖို့အတွက် အဓိကပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်" ဟု ပြောဆိုခဲ့ သည်။

Zawgyi Version;
မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ မွ်တမႈရွိေသာ ဝင္႐ိုးစုံကမာၻကို တည္ေဆာက္သြားမည္ဟု ႐ုရွားသမၼတ ေျပာ
Pika (NP News) - ေမ ၂၆

႐ုရွားႏွင့္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားသည္ တရားမွ်တေသာ ဝင္႐ိုးစုံကမာၻကို အတူတကြတည္ေဆာက္သြားမည္ျဖစ္ ေၾကာင္း ႐ုရွားသမၼတပူတင္ က ေျပာၾကားခဲ့သည္။

႐ုရွားသည္ ၿခိမ္းေျခာက္မႈမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ေျဖရွင္းရန္ စိတ္ပါဝင္စားေသာႏိုင္ငံအားလုံးႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ အသင့္ရွိေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။ ႐ုရွားသမၼတပူတင္ က "ကြၽန္ေတာ္တို႔ဟာ တရားမွ်တမႈ ရွိတဲ့ ဝင္႐ိုးစုံကမာၻကို အတူတကြ တည္ေဆာက္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသည္ မတူညီေသာ ေဒသမ်ားႏွင့္ တိုက္ႀကီးမ်ားတြင္ မိတ္ဖက္ႏိုင္ငံမ်ားရွိၿပီး အဆိုပါႏိုင္ငံမ်ားႏွင့္ ဆက္ဆံ ေရးကို အလြန္တန္ဖိုးထားေၾကာင္း ပူတင္ က ေျပာၾကားခဲ့သည္။ ၎က "အာရွ၊ အာဖရိက၊ လက္တင္အေမရိက ႏိုင္ငံေတြနဲ႔ သမိုင္းေၾကာင္းအရ ခိုင္မာၿပီး ယုံၾကည္စိတ္ခ်ရတဲ့ဆက္ဆံေရးေတြကို ကြၽန္ေတာ္တို႔ တန္ဖိုးထားပါ တယ္။ ျဖစ္ႏိုင္သမွ်နည္းလမ္းအားလုံးနဲ႔ ဒီဆက္ဆံေရးေတြကို ပိုမိုခိုင္မာသြားေအာင္ လုပ္ေဆာင္သြားမွာပါ" ဟု ေျပာဆိုခဲ့သည္။

အေမရိကန္ႏွင့္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားသည္ ၎တို႔၏ ဩဇာလႊမ္းမိုးမႈမ်ားကို ဆက္ထိန္းရန္ စစ္ဖက္ဆိုင္ရာ ကိစၥမ်ား လုပ္ေဆာင္ျခင္း၊ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းမ်ားအျပင္ စြမ္းအင္ ႏွင့္ စားနပ္ရိကၡာအက်ပ္အတည္းမ်ားမွ ၎တို႔၏ အက်ိဳးအျမတ္မ်ားကို ရယူႏိုင္ရန္ ႀကိဳးပမ္းမႈတို႔ပါဝင္ေၾကာင္း ႐ုရွားသမၼတပူတင္ က ေျပာၾကားခဲ့သည္။

အေမရိကန္ ႏွင့္ ၎မဟာမိတ္ႏိုင္ငံမ်ား၏ လုပ္ရပ္ေၾကာင့္ ႏိုင္ငံတကာအခင္းအက်င္းတြင္ မတည္မၿငိမ္ျဖစ္မႈမ်ား ပိုမိုတိုးလာခဲ့ျခင္းျဖစ္ေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။ ၎ က "ကမာၻႀကီးတည္ၿငိမ္အားေကာင္းေစဖို႔ အျပင္ စည္းလုံးညီၫြတ္တဲ့ လုံၿခဳံေရးစနစ္တစ္ခုတည္ေဆာက္ႏိုင္ဖို႔၊ စီးပြားေရး၊ နည္းပညာ နဲ႔ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ ေစဖို႔အတြက္ အဓိကျပႆနာေတြကို ေျဖရွင္းဖို႔ ႏိုင္ငံအားလုံးက ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုပါတယ္" ဟု ေျပာဆိုခဲ့ သည္။

Related news

© 2021. All rights reserved.