အမေရိကန်၏ အရေးကြီး အခြေခံအဆောက်အအုံများအပေါ် တရုတ်ဟက်ကာတို့ သူလျှိုလုပ်နေကြောင်း အနောက်နိုင်ငံထောက်လှမ်းရေး ပြော

 329

Htay Oung (NP News) - မေ ၂၆

နိုင်ငံအစိုးရကိုယ်တိုင် ကမကထပြုတဲ့ တရုတ်ဟက်ကာအုပ်စုဟာ အမေရိကန်ရဲ့အရေးကြီး အခြေခံအဆောက် အအုံအဖွဲ့အစည်းများအပေါ် သူလျှိုလုပ်နေပြီး တယ်လီဖုန်း ဆက်သွယ်ရေးမှ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာနေရာများအထိ ကျယ်ပြန့်ကြောင်း အနောက်နိုင်ငံ ထောက်လှမ်းရေးအေဂျင်စီများနဲ့ Microsoft (MSFT.O) တို့က ပြောကြတယ်လို့ Reuters က မေလ၂၅ ရက်က ရေးသားပါတယ်။

မဟာဗျူဟာအရ အရေးပါတဲ့ ပင်တာဂွန်စစ်အခြေစိုက်စခန်းများ တည်ရှိရာ အမေရိကန်ပိုင် ဂူအမ်ကျွန်းစုကိုလည်း ပစ်မှတ်ထား သူလျှိုလုပ်နေကြောင်း၊ လျော့ပါးသက်သာသွားအောင်လုပ်ဖို့ကိစ္စဟာ စိန်ခေါ်မှုဖြစ်နေနိုင်တယ်လို့ နိုင်ငံတကာဖြန့်ကြက်လုပ်ကိုင်တဲ့ အမေရိကန်နည်းပညာကုမ္ပဏီ မက္ကရိုဆော့ဖ်ရဲ့အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ပေကျင်းနဲ့ ဝါရှင်တန်တို့အကြား အပြန်အလှန် သူလျှိုလုပ်နေကြတာ ပုံမှန်ဖြစ်ပေမယ့် ယခုကိစ္စမှာတော့ အမေရိကန်ရဲ့ အရေးပါအခြေခံအဆောက်အဦများအပေါ် တရုတ်ဆိုက်ဘာသူလျှိုလုပ်မှုတွေထဲက အကြီးမားဆုံး တစ်ခုဖြစ်တယ်လို့ လေ့လာသုံးသပ်သူများက ဆိုပါတယ်။ ဒီအတွက် မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ မေတ္တာရပ်ခံချက် ကို ဝါရှင်တန်မှာ ရှိနေတဲ့ တရုတ်သံရုံးက လောလောဆယ် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

အဖွဲ့အစည်းဘယ်လောက်များများ ထိခိုက်ခဲ့တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ ထိုးဖောက်ကျူးလွန်မှုများကို ဖော်ထုတ်ဖို့အတွက် အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) က ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ ယူကေ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ ဟက်ကာတွေရဲ့ ပစ်မှတ်ထားခံရ နိုင်တယ်ဆိုတာ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း သတိပေးထားကြောင်း သိရှိရပါတယ်။

'Volt Typhoon' “တိုက်ဖွန်း_ဗို့လ်” လို့ အမည်ပေးထားတဲ့ အဲဒီ တရုတ်အုပ်စုဟာ အနာဂတ်ကာလ သေရေးရှင်ရေး ကိစ္စဖြစ်လာမယ့် အမေရိကန်နဲ့ အာရှဒေသတို့အကြား အရေးကြီး ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ တွေကို အနှောင့်အယှက်ပေးနိုင်ဖို့ တိုးချဲ့တည်ဆောက်နေကြောင်း၊ တရုတ်တို့ အဲဒီလိုလုပ်နေတယ်ဆိုတာ ငါးဆယ် ရာခိုင်နှုန်းလောက် ယုံကြည်စရာရှိကြောင်း မက္ကရိုဆော့ဖ် ကျွမ်းကျင်သူများက ပြောပါတယ်။

အဲဒီလိုလုပ်ဖို့အတွက် တရုတ်တို့ဘက်က ပြင်ဆင်နေတယ်လို့ ဆိုလိုရင်းဖြစ်ကြောင်း၊ တရုတ်ရဲ့လုပ်ဆောင်ချက် ဟာ ထူးထူးခြားခြား စိုးရိမ်စရာလည်းဖြစ်နေပြီး အဲဒီအုပ်စုရဲ့စွမ်းဆောင်နိုင်မှုအပေါ် လုံလုံလောက်လောက် သိမြင် နိုင်စွမ်းမရှိသေးတဲ့အတွက် ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးအခြေအနေတွေဟာ ဒီလိုလုပ်တဲ့သူတွေကို ပိုပြီး စိတ်ဝင်စားစရာ ရှိကြောင်း၊ အမေရိကန် ဂူဂဲလ်ကုမ္ပဏီ ဆိုင်ဘာလုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ဦးစီးသူတစ်ဦးက ရှင်းပြပါတယ်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် တရုတ်ရဲ့စစ်ရေးနဲ့ သံတမန်ရေးရာ ဖိအားများ တိုးမြင့်လာချိန် ကျွန်းနိုင်ငံကို ခုခံကာကွယ်ရာမှာ အင်အားသုံးဖို့ ဖြစ်လာရလိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါ တယ်။

ထိုင်ဝမ်ကို ပေကျင်းက ကျူးကျော်လာခဲ့ရင် အမေရိကန်ရဲ့စစ်ဘက်ကွန်ရက်တွေနဲ့ တခြားအရေးပါတဲ့ အခြေခံ ဆောက်အဦးတွေကို တရုတ်ဟက်ကာတွေက ပစ်မှတ်ထားနိုင်တယ်လို့ လုံခြုံရေးလေ့လာသူတွေက တွက်ဆနေ ကြပါတယ်။

တရုတ်ဟက်ကာအုပ်စုဟာ အနည်းဆုံး ၂ဝ၂၁ ခုနှစ်ကတည်းက စတင်လှုပ်ရှားခဲ့ပြီး ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ရေ-မီး-လျှပ်စစ်ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ရေကြောင်းသွားလာမှု၊ စီမံ အုပ်ချုပ်ရေး၊ သတင်းအချက်အလက်နည်းပညာနဲ့ ပညာရေးအပါအဝင် လုပ်ငန်းအများအပြားတို့အပေါ် ပစ်မှတ် ထားနေခဲ့တယ်လို့ မက္ကရိုဆော့ဖ်က ပြောပါတယ်။

တရုတ်တို့ရဲ့တိုက်ပွဲစဉ်ဟာ အမေရိကန်ရဲ့ကာကွယ်ရေးစနစ်များကို ရှောင်ရှားပြီး သဲလွန်စ မကျန်စေဖို့ ဖန်တီးထား တဲ့ ကွန်ရက်ကိရိယာများကို အသုံးပြုထားကြောင်း NSA ဆိုက်ဘာလုံခြုံရေးဒါရိုက်တာ ရော့ဘ်ဂျွိုက်စ်က ပြောပါ တယ်။ အရေးကြီးအခြေခံအဆောက်အဦပတ်ဝန်းကျင်များမှာ ရှိနေနှင့်ပြီး လုပ်နိုင်စွမ်းတို့အပေါ် အသုံးချထားတဲ့ အတွက် အဲဒီနည်းပညာမျိုးကို ရှာဖွေတွေ့ရှိဖို့ ပိုပြီးအခက်တွေ့ရတယ်လို့ ဆိုပါတယ်။

အန္တရာယ်ရှိတဲ့ဖိုင်များကို ဒေါင်းလုဒ်ဆွဲယူဖို့ ပစ်မှတ်ထားသူကို လှည့်ဖြားလေ့ရှိကြောင်း၊ အစဉ်အလာ ဟက်ကာ နည်းစနစ်များကို အသုံးပြုခြင်းမှ ဆန့်ကျင်ပြီး ပစ်မှတ်ထားခံရသူရဲ့ ရှိရင်းစွဲစနစ်များအတွင်း သူတို့ရဲ့ဖိုင်ကို ကူးစက် စေကြောင်း၊ သတင်းအချက်အလက်ရှာဖွေပြီး ဒေတာထုတ်ယူနိုင်ကြကြောင်း မိုက္ကရိုဆော့ဖ်က မှတ်ချက်ပေး တယ်လို့ Reuters က ဆက်လက်ရေးသားပါတယ်။

ဂူအမ်ကျွန်းဟာ အာရှ-ပစိဖိတ်ဒေသတွင်း ပဋိပက္ခများကို တုံ့ပြန်ရာမှာ အဓိကကျတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ရှိရာ နေရာဖြစ်ပါတယ်။

#တရုတ်ဟက်ပာအုပ်စု #အမေရိကန်ဂူအမ်ကျွန်း #ထိုင်၀မ် #အာရှ-ပစိဖိတ်ဒေသတွင်း_ပဋိပက္ခများ #မက္ကရိုဆော့ဖ် #NSA
(Reuters., 25 May 2023,” Chinese hackers spying on US critical infrastructure, Western intelligence says” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္၏ အေရးႀကီး အေျခခံအေဆာက္အအုံမ်ားအေပၚ တ႐ုတ္ဟက္ကာတို႔ သူလွ်ိဳလုပ္ေနေၾကာင္း အေနာက္ႏိုင္ငံေထာက္လွမ္းေရး ေျပာ
Htay Oung (NP News) - ေမ ၂၆

ႏိုင္ငံအစိုးရကိုယ္တိုင္ ကမကထျပဳတဲ့ တ႐ုတ္ဟက္ကာအုပ္စုဟာ အေမရိကန္ရဲ႕အေရးႀကီး အေျခခံအေဆာက္ အအုံအဖြဲ႕အစည္းမ်ားအေပၚ သူလွ်ိဳလုပ္ေနၿပီး တယ္လီဖုန္း ဆက္သြယ္ေရးမွ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ အခ်က္အခ်ာေနရာမ်ားအထိ က်ယ္ျပန္႔ေၾကာင္း အေနာက္ႏိုင္ငံ ေထာက္လွမ္းေရးေအဂ်င္စီမ်ားနဲ႔ Microsoft (MSFT.O) တို႔က ေျပာၾကတယ္လို႔ Reuters က ေမလ၂၅ ရက္က ေရးသားပါတယ္။

မဟာဗ်ဴဟာအရ အေရးပါတဲ့ ပင္တာဂြန္စစ္အေျခစိုက္စခန္းမ်ား တည္ရွိရာ အေမရိကန္ပိုင္ ဂူအမ္ကြၽန္းစုကိုလည္း ပစ္မွတ္ထား သူလွ်ိဳလုပ္ေနေၾကာင္း၊ ေလ်ာ့ပါးသက္သာသြားေအာင္လုပ္ဖို႔ကိစၥဟာ စိန္ေခၚမႈျဖစ္ေနႏိုင္တယ္လို႔ ႏိုင္ငံတကာျဖန္႔ၾကက္လုပ္ကိုင္တဲ့ အေမရိကန္နည္းပညာကုမၸဏီ မကၠ႐ိုေဆာ့ဖ္ရဲ႕အစီရင္ခံစာမွာ ထည့္သြင္းေဖာ္ျပ ထားပါတယ္။

ေပက်င္းနဲ႔ ဝါရွင္တန္တို႔အၾကား အျပန္အလွန္ သူလွ်ိဳလုပ္ေနၾကတာ ပုံမွန္ျဖစ္ေပမယ့္ ယခုကိစၥမွာေတာ့ အေမရိကန္ရဲ႕ အေရးပါအေျခခံအေဆာက္အဦမ်ားအေပၚ တ႐ုတ္ဆိုက္ဘာသူလွ်ိဳလုပ္မႈေတြထဲက အႀကီးမားဆုံး တစ္ခုျဖစ္တယ္လို႔ ေလ့လာသုံးသပ္သူမ်ားက ဆိုပါတယ္။ ဒီအတြက္ မွတ္ခ်က္ေပးဖို႔ ႐ိုက္တာရဲ႕ ေမတၱာရပ္ခံခ်က္ ကို ဝါရွင္တန္မွာ ရွိေနတဲ့ တ႐ုတ္သံ႐ုံးက ေလာေလာဆယ္ အေၾကာင္းျပန္ၾကားျခင္း မရွိေသးပါဘူး။

အဖြဲ႕အစည္းဘယ္ေလာက္မ်ားမ်ား ထိခိုက္ခဲ့တယ္ဆိုတာ ခ်က္ခ်င္း မသိရေသးပါဘူး။ ထိုးေဖာက္က်ဴးလြန္မႈမ်ားကို ေဖာ္ထုတ္ဖို႔အတြက္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး ေအဂ်င္စီ (NSA) က ကေနဒါ၊ နယူးဇီလန္၊ ၾသစေၾတးလ်၊ ယူေက အပါအဝင္ မိတ္ဖက္အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း၊ ဟက္ကာေတြရဲ႕ ပစ္မွတ္ထားခံရ ႏိုင္တယ္ဆိုတာ အေမရိကန္ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို (FBI) ကလည္း သတိေပးထားေၾကာင္း သိရွိရပါတယ္။

'Volt Typhoon' “တိုက္ဖြန္း_ဗို႔လ္” လို႔ အမည္ေပးထားတဲ့ အဲဒီ တ႐ုတ္အုပ္စုဟာ အနာဂတ္ကာလ ေသေရးရွင္ေရး ကိစၥျဖစ္လာမယ့္ အေမရိကန္နဲ႔ အာရွေဒသတို႔အၾကား အေရးႀကီး ဆက္သြယ္ေရးဆိုင္ရာ အေျခခံအေဆာက္အအုံ ေတြကို အေႏွာင့္အယွက္ေပးႏိုင္ဖို႔ တိုးခ်ဲ႕တည္ေဆာက္ေနေၾကာင္း၊ တ႐ုတ္တို႔ အဲဒီလိုလုပ္ေနတယ္ဆိုတာ ငါးဆယ္ ရာခိုင္ႏႈန္းေလာက္ ယုံၾကည္စရာရွိေၾကာင္း မကၠ႐ိုေဆာ့ဖ္ ကြၽမ္းက်င္သူမ်ားက ေျပာပါတယ္။

အဲဒီလိုလုပ္ဖို႔အတြက္ တ႐ုတ္တို႔ဘက္က ျပင္ဆင္ေနတယ္လို႔ ဆိုလိုရင္းျဖစ္ေၾကာင္း၊ တ႐ုတ္ရဲ႕လုပ္ေဆာင္ခ်က္ ဟာ ထူးထူးျခားျခား စိုးရိမ္စရာလည္းျဖစ္ေနၿပီး အဲဒီအုပ္စုရဲ႕စြမ္းေဆာင္ႏိုင္မႈအေပၚ လုံလုံေလာက္ေလာက္ သိျမင္ ႏိုင္စြမ္းမရွိေသးတဲ့အတြက္ ျဖစ္ေၾကာင္း၊ ပထဝီႏိုင္ငံေရးအေျခအေနေတြဟာ ဒီလိုလုပ္တဲ့သူေတြကို ပိုၿပီး စိတ္ဝင္စားစရာ ရွိေၾကာင္း၊ အေမရိကန္ ဂူဂဲလ္ကုမၸဏီ ဆိုင္ဘာလုံၿခဳံေရး ၿခိမ္းေျခာက္မႈဆိုင္ရာ ခြဲျခမ္းစိတ္ျဖာမႈကို ဦးစီးသူတစ္ဦးက ရွင္းျပပါတယ္။

ဒီမိုကေရစီနည္းက်အုပ္ခ်ဳပ္ေနတဲ့ ထိုင္ဝမ္အေပၚ တ႐ုတ္ရဲ႕စစ္ေရးနဲ႔ သံတမန္ေရးရာ ဖိအားမ်ား တိုးျမင့္လာခ်ိန္ ကြၽန္းႏိုင္ငံကို ခုခံကာကြယ္ရာမွာ အင္အားသုံးဖို႔ ျဖစ္လာရလိမ့္မယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္က ေျပာပါ တယ္။

ထိုင္ဝမ္ကို ေပက်င္းက က်ဴးေက်ာ္လာခဲ့ရင္ အေမရိကန္ရဲ႕စစ္ဘက္ကြန္ရက္ေတြနဲ႔ တျခားအေရးပါတဲ့ အေျခခံ ေဆာက္အဦးေတြကို တ႐ုတ္ဟက္ကာေတြက ပစ္မွတ္ထားႏိုင္တယ္လို႔ လုံၿခဳံေရးေလ့လာသူေတြက တြက္ဆေန ၾကပါတယ္။

တ႐ုတ္ဟက္ကာအုပ္စုဟာ အနည္းဆုံး ၂ဝ၂၁ ခုႏွစ္ကတည္းက စတင္လႈပ္ရွားခဲ့ၿပီး ဆက္သြယ္ေရး၊ ကုန္ထုတ္လုပ္မႈ၊ ေရ-မီး-လွ်ပ္စစ္ဝန္ေဆာင္မႈ၊ သယ္ယူပို႔ေဆာင္ေရး၊ ေဆာက္လုပ္ေရး၊ ေရေၾကာင္းသြားလာမႈ၊ စီမံ အုပ္ခ်ဳပ္ေရး၊ သတင္းအခ်က္အလက္နည္းပညာနဲ႔ ပညာေရးအပါအဝင္ လုပ္ငန္းအမ်ားအျပားတို႔အေပၚ ပစ္မွတ္ ထားေနခဲ့တယ္လို႔ မကၠ႐ိုေဆာ့ဖ္က ေျပာပါတယ္။

တ႐ုတ္တို႔ရဲ႕တိုက္ပြဲစဥ္ဟာ အေမရိကန္ရဲ႕ကာကြယ္ေရးစနစ္မ်ားကို ေရွာင္ရွားၿပီး သဲလြန္စ မက်န္ေစဖို႔ ဖန္တီးထား တဲ့ ကြန္ရက္ကိရိယာမ်ားကို အသုံးျပဳထားေၾကာင္း NSA ဆိုက္ဘာလုံၿခဳံေရးဒါ႐ိုက္တာ ေရာ့ဘ္ဂြၽိဳက္စ္က ေျပာပါ တယ္။ အေရးႀကီးအေျခခံအေဆာက္အဦပတ္ဝန္းက်င္မ်ားမွာ ရွိေနႏွင့္ၿပီး လုပ္ႏိုင္စြမ္းတို႔အေပၚ အသုံးခ်ထားတဲ့ အတြက္ အဲဒီနည္းပညာမ်ိဳးကို ရွာေဖြေတြ႕ရွိဖို႔ ပိုၿပီးအခက္ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အႏၲရာယ္ရွိတဲ့ဖိုင္မ်ားကို ေဒါင္းလုဒ္ဆြဲယူဖို႔ ပစ္မွတ္ထားသူကို လွည့္ျဖားေလ့ရွိေၾကာင္း၊ အစဥ္အလာ ဟက္ကာ နည္းစနစ္မ်ားကို အသုံးျပဳျခင္းမွ ဆန႔္က်င္ၿပီး ပစ္မွတ္ထားခံရသူရဲ႕ ရွိရင္းစြဲစနစ္မ်ားအတြင္း သူတို႔ရဲ႕ဖိုင္ကို ကူးစက္ ေစေၾကာင္း၊ သတင္းအခ်က္အလက္ရွာေဖြၿပီး ေဒတာထုတ္ယူႏိုင္ၾကေၾကာင္း မိုကၠ႐ိုေဆာ့ဖ္က မွတ္ခ်က္ေပး တယ္လို႔ Reuters က ဆက္လက္ေရးသားပါတယ္။

ဂူအမ္ကြၽန္းဟာ အာရွ-ပစိဖိတ္ေဒသတြင္း ပဋိပကၡမ်ားကို တုံ႔ျပန္ရာမွာ အဓိကက်တဲ့ အေမရိကန္စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ား တည္ရွိရာ ေနရာျဖစ္ပါတယ္။

#တ႐ုတ္ဟက္ပာအုပ္စု #အေမရိကန္ဂူအမ္ကြၽန္း #ထိုင္၀မ္ #အာရွ-ပစိဖိတ္ေဒသတြင္း_ပဋိပကၡမ်ား #မကၠ႐ိုေဆာ့ဖ္ #NSA
(Reuters., 25 May 2023,” Chinese hackers spying on US critical infrastructure, Western intelligence says” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.