ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတိုက်ခံပါတီရဲ့အယူခံတင်သွင်းမှုများကို ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ ငြင်းဆန်ပယ်ချ

227

ဂျန်ဇက် (NP News) - မေ ၂၆
ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီဟာ လာမယ့်ဇူလိုင်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အရည်အချင်းပျက်ယွင်းကြောင်း သတ်မှတ်ခံထားရမှုကို ပယ်ဖျက်ပေးဖို့ အတိုက်ခံပါတီရဲ့အယူခံကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မတီဟာ ပြီးခဲ့တဲ့သီတင်းပတ်ကျော်က ရွှေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတိုက်ခံပါတီဖြစ်တဲ့ Candlelight Party ပါတီရဲ့ မှတ်ပုံတင်မှုများကို တရားဝင်ပယ်ချခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မတီက အတိုက်ခံပါတီဖြစ်တဲ့ Candlelight Party ပါတီဟာ ၁၉၉၈ ခုနှစ်က သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စတွေကိုဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဆိုပါတယ်။
အတိုက်ခံပါတီကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ဒီမိုကရေစီဟာ ရယ်စရာကောင်းကြောင်း ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ထင်ရှားတဲ့ အတိုက်ခံပါတီခေါင်းဆောင် ဆန်ရိန်ဆီက ဝေဖန်ခဲ့ပါတယ်။ Candlelight Party ပါတီဟာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မတီရဲ့အရည်အချင်းပျက်ယွင်းကြောင်း သတ်မှတ်ခံရမှုကို ပယ်ဖျက်နိုင်ဖို့ ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီမှာ ထပ်မံအယူတင်ခဲ့ရာ ငြင်းဆန်ပယ်ချခံရခြင်းဖြစ် ကြောင်း သိရပါတယ်။
အတိုက်ခံပါတီကို ရွေးကောက်ပွဲပါဝင်ခွင့်မပေးတဲ့အတွက် ကမ္ဘောဒီးယားအာဏာရပါတီဖြစ်တဲ့ (CPP) ဟာ လာမယ့်ရွေးကောက်ပွဲမှာအဓိက အတိုက်ခံပါတီမပါဘဲ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာ အဓိကအတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ ကျင်းပတဲ့ ဒုတိယမြောက်ရွေးကောက်ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီပေါင်း ၁၈ ပါတီမှတ်ပုံတင်ထားကြောင်း ပြောဆိုထားပေမယ့် အတိုက်ခံပါတီများမဟုတ်ဘဲ Candlelight Party ပါတီသာ အတိုက်ခံပါတီစစ်စစ်ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အတိုက်ခံပါတီကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ချိန်က Khmer Nation Party အမည်နဲ့တည်ထောင်ခဲ့ပြီး အဲဒီပါတီကို ၁၉၉၈ ခုနှစ်မှာ ဆန်ရိန်ဆီပါတီအဖြစ် ပြောင်းလဲခဲ့သလို ၂ဝ၁၈ ခုနှစ်မှာ Candlelight Party ပါတီအဖြစ် အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ အတိုက္ခံပါတီရဲ႕အယူခံတင္သြင္းမႈမ်ားကို ကေမာၻဒီးယားဖြဲ႕စည္းပုံအေျခခံဥပေဒ ေကာင္စီ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ေမ ၂၆
ကေမာၻဒီးယားဖြဲ႕စည္းပုံအေျခခံဥပေဒေကာင္စီဟာ လာမယ့္ဇူလိုင္လအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ပါဝင္ ယွဥ္ၿပိဳင္ဖို႔ အရည္အခ်င္းပ်က္ယြင္းေၾကာင္း သတ္မွတ္ခံထားရမႈကို ပယ္ဖ်က္ေပးဖို႔ အတိုက္ခံပါတီရဲ႕အယူခံကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။
ကေမာၻဒီးယားေ႐ြးေကာက္ပြဲေကာ္မတီဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေက်ာ္က ေ႐ႊးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ အတိုက္ခံပါတီျဖစ္တဲ့ Candlelight Party ပါတီရဲ႕ မွတ္ပုံတင္မႈမ်ားကို တရားဝင္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ ကေမာၻဒီးယားေ႐ြးေကာက္ပြဲေကာ္မတီက အတိုက္ခံပါတီျဖစ္တဲ့ Candlelight Party ပါတီဟာ ၁၉၉၈ ခုႏွစ္က သတ္မွတ္ထားတဲ့ ေ႐ြးေကာက္ပြဲမွတ္ပုံတင္ျခင္းဆိုင္ရာကိစၥေတြကိုေဆာင္႐ြက္ဖို႔ ပ်က္ကြက္ခဲ့ေၾကာင္း ဆိုပါတယ္။
အတိုက္ခံပါတီကို ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးဘဲ အရည္အခ်င္းပ်က္ယြင္းတယ္လို႔ သတ္မွတ္မႈနဲ႔ ပတ္သက္ၿပီး ကေမာၻဒီးယားႏိုင္ငံရဲ႕ဒီမိုကေရစီဟာ ရယ္စရာေကာင္းေၾကာင္း ျပည္ေျပးအျဖစ္ေနထိုင္ေနတဲ့ ထင္ရွားတဲ့ အတိုက္ခံပါတီေခါင္းေဆာင္ ဆန္ရိန္ဆီက ေဝဖန္ခဲ့ပါတယ္။ Candlelight Party ပါတီဟာ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေ႐ြးေကာက္ပြဲေကာ္မတီရဲ႕အရည္အခ်င္းပ်က္ယြင္းေၾကာင္း သတ္မွတ္ခံရမႈကို ပယ္ဖ်က္ႏိုင္ဖို႔ ကေမာၻဒီးယားဖြဲ႕စည္းပုံအေျခခံဥပေဒေကာင္စီမွာ ထပ္မံအယူတင္ခဲ့ရာ ျငင္းဆန္ပယ္ခ်ခံရျခင္းျဖစ္ ေၾကာင္း သိရပါတယ္။
အတိုက္ခံပါတီကို ေ႐ြးေကာက္ပြဲပါဝင္ခြင့္မေပးတဲ့အတြက္ ကေမာၻဒီးယားအာဏာရပါတီျဖစ္တဲ့ (CPP) ဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာအဓိက အတိုက္ခံပါတီမပါဘဲ ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲဟာ ကေမာၻဒီးယားႏိုင္ငံအတြင္း က်င္းပတဲ့ေ႐ြးေကာက္ပြဲေတြမွာ အဓိကအတိုက္ခံပါတီကို ပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးဘဲ က်င္းပတဲ့ ဒုတိယေျမာက္ေ႐ြးေကာက္ပြဲျဖစ္လာဖြယ္ရွိေနပါတယ္။ ကေမာၻဒီးယားေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ပါတီေပါင္း ၁၈ ပါတီမွတ္ပုံတင္ထားေၾကာင္း ေျပာဆိုထားေပမယ့္ အတိုက္ခံပါတီမ်ားမဟုတ္ဘဲ Candlelight Party ပါတီသာ အတိုက္ခံပါတီစစ္စစ္ျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါ အတိုက္ခံပါတီကို ၁၉၉၅ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး စတင္တည္ေထာင္ခ်ိန္က Khmer Nation Party အမည္နဲ႔တည္ေထာင္ခဲ့ၿပီး အဲဒီပါတီကို ၁၉၉၈ ခုႏွစ္မွာ ဆန္ရိန္ဆီပါတီအျဖစ္ ေျပာင္းလဲခဲ့သလို ၂ဝ၁၈ ခုႏွစ္မွာ Candlelight Party ပါတီအျဖစ္ အမည္ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။