မြန်မာ အပါအဝင် (ACU) အဖွဲ့ဝင်နိုင်ငံများကြား အမေရိကန်ဒေါ်လာအသုံးပြုမှု လျော့ချဖို့ စီစဉ်နေ

 1871

ဂျန်ဇက် (NP News) - မေ ၂၆

မြန်မာအပါအဝင် အာရှ ၉ နိုင်ငံရဲ့အစိုးရအဖွဲ့တာဝန်ရှိသူများဟာ အီရန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Asian Clearing Union (ACU) အစည်းအဝေးကိုတက်ရောက်ပြီး ဒေါ်လာအသုံးပြုမှုလျော့ချရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးကို အီရန်၊ ဘင်္ဂလားဒေရှ့်၊ ဘူတန်၊ မော်လဒိုက်၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘီလာရုစ့် နဲ့ အာဖန်ဂန်နစ္စတန်နိုင်ငံ တို့က အစိုးရတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေးလုပ်ငန်းများမှာ အမေရိကန်ဒေါ်လာရဲ့အခန်းကဏ္ဍကို ဆွေးနွေးခဲ့သလို ကမ္ဘာ့ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွတ်တဲ့နိုင်ငံများ များလာခြင်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အီရန်ဒုတိယသမ္မတ မိုဟာမက်မိုဘာက "ပြီးခဲ့တဲ့ ၁ဝ စုနှစ်အတွင်း အမေရိကန် ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုလာတယ်။ ဒါကြောင့် အနာဂတ်မှာ ပိတ်ဆို့မှုချမှတ်ခံခြင်းတွေကို လျော့ချနိုင်ဖို့အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကို တွန်းလှန်ဖို့ လုပ်ဆောင်လာတယ်။ အမေရိကန်ဒေါ်လာကို လက်နက်သဖွယ်အသုံးချလာလို့ နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုကနေ ရှောင်ဖယ်လာတယ်" လို့ ပြောပါတယ်။

အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေ အားနည်းလာမယ်ဆိုရင် အမေရိကန်အစိုးရဲ့ကမ္ဘာကြီးအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းတာတွေလည်း လျော့ကျလာဖွယ်ရှိနေကြောင်း အီရန်ဒုတိယသမ္မတ က ပြောပါတယ်။ အီရန်နိုင်ငံအနေနဲ့ (ACU)နိုင်ငံများ အပါအဝင် အခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးတွေ၊ ဘဏ်လုပ်ငန်းတွေ ပိုမိုကောင်းမွန်စေဖို့ အဆင်သင့်ရှိနေကြောင်း အီရန်ဒုတိယသမ္မတ က ပြောပါတယ်။

ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ တရုတ် နဲ့ တောင်အာဖရိကနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ BRICS နိုင်ငံတွေဟာလည်း ကမ္ဘာ့ကုန်သွယ်မှုတွေ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျော့ချဖို့ တွန်းအားပေးဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျဦးဆောင်တဲ့ အိုပက် ရေနံ ထုတ်လုပ်ရောင်းဝယ်ရေး အဖွဲ့အစည်းတွေကလည်း ရေနံကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေ ကို လျော့ချဖို့၊ စွန့်လွှတ်ဖို့ကြိုးပမ်းနေကြောင်း သိရပါတယ်။

Zawgyi Version;
ျမန္မာ အပါအဝင္ (ACU) အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အေမရိကန္ေဒၚလာအသုံးျပဳမႈ ေလ်ာ့ခ်ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေမ ၂၆

ျမန္မာအပါအဝင္ အာရွ ၉ ႏိုင္ငံရဲ႕အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားဟာ အီရန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ Asian Clearing Union (ACU) အစည္းအေဝးကိုတက္ေရာက္ၿပီး ေဒၚလာအသုံးျပဳမႈေလ်ာ့ခ်ေရးကို အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါအစည္းအေဝးကို အီရန္၊ ဘဂၤလားေဒရွ႕္၊ ဘူတန္၊ ေမာ္လဒိုက္၊ ျမန္မာ၊ အိႏၵိယ၊ ပါကစၥတန္၊ သီရိလကၤာ နဲ႔ ႐ုရွားႏိုင္ငံက တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ဘီလာ႐ုစ့္ နဲ႔ အာဖန္ဂန္နစၥတန္ႏိုင္ငံ တို႔က အစိုးရတာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

အစည္းအေဝးအတြင္း ကမာၻ႔စီးပြားေရးလုပ္ငန္းမ်ားမွာ အေမရိကန္ေဒၚလာရဲ႕အခန္းက႑ကို ေဆြးေႏြးခဲ့သလို ကမာၻ႔ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာ အသုံးျပဳမႈကို စြန႔္လြတ္တဲ့ႏိုင္ငံမ်ား မ်ားလာျခင္းေတြကို အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ အီရန္ဒုတိယသမၼတ မိုဟာမက္မိုဘာက "ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္အတြင္း အေမရိကန္ ေဒၚလာကို လက္နက္သဖြယ္အသုံးျပဳလာတယ္။ ဒါေၾကာင့္ အနာဂတ္မွာ ပိတ္ဆို႔မႈခ်မွတ္ခံျခင္းေတြကို ေလ်ာ့ခ်ႏိုင္ဖို႔အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကို တြန္းလွန္ဖို႔ လုပ္ေဆာင္လာတယ္။ အေမရိကန္ေဒၚလာကို လက္နက္သဖြယ္အသုံးခ်လာလို႔ ႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာအသုံးျပဳမႈကေန ေရွာင္ဖယ္လာတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ေဒၚလာ အသုံးျပဳမႈေတြ အားနည္းလာမယ္ဆိုရင္ အေမရိကန္အစိုးရဲ႕ကမာၻႀကီးအေပၚ လႊမ္းမိုးဖို႔ ႀကိဳးပမ္းတာေတြလည္း ေလ်ာ့က်လာဖြယ္ရွိေနေၾကာင္း အီရန္ဒုတိယသမၼတ က ေျပာပါတယ္။ အီရန္ႏိုင္ငံအေနနဲ႔ (ACU)ႏိုင္ငံမ်ား အပါအဝင္ အျခားႏိုင္ငံေတြနဲ႔ ကုန္သြယ္မႈဆက္ဆံေရးေတြ၊ ဘဏ္လုပ္ငန္းေတြ ပိုမိုေကာင္းမြန္ေစဖို႔ အဆင္သင့္ရွိေနေၾကာင္း အီရန္ဒုတိယသမၼတ က ေျပာပါတယ္။

ဘရာဇီး၊ အိႏၵိယ၊ ႐ုရွား၊ တ႐ုတ္ နဲ႔ ေတာင္အာဖရိကႏိုင္ငံတို႔ ပူးေပါင္းဖြဲ႕စည္းထားတဲ့ BRICS ႏိုင္ငံေတြဟာလည္း ကမာၻ႔ကုန္သြယ္မႈေတြ၊ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္းကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကိုေလ်ာ့ခ်ဖို႔ တြန္းအားေပးဖို႔ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ ေဆာ္ဒီအာေရဗ်ဦးေဆာင္တဲ့ အိုပက္ ေရနံ ထုတ္လုပ္ေရာင္းဝယ္ေရး အဖြဲ႕အစည္းေတြကလည္း ေရနံကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာ အသုံးျပဳမႈေတြ ကို ေလ်ာ့ခ်ဖို႔၊ စြန႔္လႊတ္ဖို႔ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.