ရှမ်းပြည်နယ်တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

 1774

စော(NP News)မေ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (မေလ ၂၅ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ(၂၂)ရက် မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အင်တောမှ ရပ်စောက်ဘက်သို့ ရီဝေမောင် မောင်းနှင်ပြီး စံတင်လိုက်ပါလာသည့် PRADO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ ကြောင်း သိရသည်။

ထို့ပြင် အဆိုပါယာဉ်နောက်မှလိုက်ပါလာသည့် တင်လှိုင်မောင်းနှင်လာသော TOYOTA HILUX အမျိုးအစားယာဉ်ကို လည်း ထပ်မံစစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေခဲ့ရာ အထက်ပါ ယာဉ်နှစ်စီးပေါ်မှ ငွေကျပ်(၁)ဘီလံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၁၉၅)တုံး၊ အလေးချိန် (၆၈ ဒသမ ၂၅ ကီလို) ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိသော ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

Zawgyi Version;
ရွမ္းျပည္နယ္တြင္ ေမာ္ေတာ္ယာဥ္ႏွစ္စီးေပၚမွ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံးမ်ား ဖမ္းဆီးရမိ
ေစာ(NP News)ေမ ၂၆

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ႏွစ္စီးေပၚမွ ေငြက်ပ္(၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယမန္ေန႔ (ေမလ ၂၅ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေမလ(၂၂)ရက္ မြန္းလြဲ (၁၁)နာရီခြဲအခ်ိန္တြင္ ပူးေပါင္းစစ္ေဆးေရးဂိတ္၌ အင္ေတာမွ ရပ္ေစာက္ဘက္သို႔ ရီေဝေမာင္ ေမာင္းႏွင္ၿပီး စံတင္လိုက္ပါလာသည့္ PRADO အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြခဲ့ ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါယာဥ္ေနာက္မွလိုက္ပါလာသည့္ တင္လႈိင္ေမာင္းႏွင္လာေသာ TOYOTA HILUX အမ်ိဳးအစားယာဥ္ကို လည္း ထပ္မံစစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြခဲ့ရာ အထက္ပါ ယာဥ္ႏွစ္စီးေပၚမွ ေငြက်ပ္(၁)ဘီလံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံး (၁၉၅)တုံး၊ အေလးခ်ိန္ (၆၈ ဒသမ ၂၅ ကီလို) ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါသိမ္းဆည္းရမိေသာ ဘိန္းျဖဴဘေလာက္တုံးမ်ားအား ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္မွ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ဆိုထားသည္။

Related news

© 2021. All rights reserved.