တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပံ့ပိုးကူညီရန် ဆန္ဒရှိနေဟုဆို

 1462

ယွန်း (NP News) - မေ ၂၆

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အပါအဝင် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီရန် ဆန္ဒရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က မေလ(၂၅)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော မြန်မာ(လာရှိုး) - တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အမြဲတစေ ယူနန်ပြည်နယ်၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး အကြီးဆုံး သွင်းကုန်နိုင်ငံ နှင့် အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ကြောင်း Mr. Chen Hai မှ ဆိုထားသည်။

ထို့ပြင် ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် နှစ်နိုင်ငံလုံး၏ တူညီ သည့် မျှော်မှန်းချက်ဖြစ်ပြီး နှစ်ဖက်ပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။

ထို့ကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပြပွဲဆိုသည့် ပလက်ဖောင်းကို ကောင်းမွန်စွာ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့၍ ဒေသနှစ်ခုအကြား စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ကာ ပိုမိုကောင်းမွန်သည့် ပြည်သူ့အကျိုး စီးပွားများကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း Mr. Chen Hai က ဆိုသည်။

အလားတူ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြန်အလှန်သင်ယူလေ့လာမှု အားကောင်းစေရန်နှင့် ရင်းနှီး သည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အပါအဝင် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း Mr. Chen Hai မှ အသိပေးပြောဆိုထားသည်။

မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) ကုန်စည်ပြပွဲကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ ယခုသည် စတုတ္ထအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မေလ(၂၅) ရက်မှ (၂၈)ရက်အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များအသင်းအဖွဲ့များနှင့် ကုမ္ပဏီ(၆၅) ခုမှ ပြခန်းပေါင်း (၇၉) ခန်း အပါအဝင် တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်(၇ဝ) မှ ပြခန်းပေါင်း (၄ဝ) ခန်းက ပါဝင်ပြသခဲ့ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးတို႔ကို ပံ့ပိုးကူညီရန္ ဆႏၵရွိေနဟုဆို
ယြန္း (NP News) - ေမ ၂၆

တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး အပါအဝင္ တည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈတို႔ကို ပံ့ပိုးကူညီရန္ ဆႏၵရွိေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Mr. Chen Hai က ဆိုသည္။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai က ေမလ(၂၅)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ေသာ ျမန္မာ(လာရႈိး) - တ႐ုတ္ (လင္ခ်န္း) နယ္စပ္စီးပြားေရးကုန္စည္ျပပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ အၿမဲတေစ ယူနန္ျပည္နယ္၏ အႀကီးမားဆုံးကုန္သြယ္ေရးမိတ္ဖက္ႏိုင္ငံျဖစ္ၿပီး အႀကီးဆုံး သြင္းကုန္ႏိုင္ငံ ႏွင့္ အႀကီးမားဆုံး ပို႔ကုန္ေဈးကြက္ျဖစ္ေၾကာင္း Mr. Chen Hai မွ ဆိုထားသည္။

ထို႔ျပင္ ယူနန္-ျမန္မာ စီးပြားေရးႏွင့္ ကုန္သြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ျခင္းသည္ ႏွစ္ႏိုင္ငံလုံး၏ တူညီ သည့္ ေမွ်ာ္မွန္းခ်က္ျဖစ္ၿပီး ႏွစ္ဖက္ျပည္သူမ်ား၏ အေျခခံအက်ိဳးစီးပြားမ်ားႏွင့္ ကိုက္ညီမႈရွိေၾကာင္း ၎မွ ဆက္လက္ေျပာဆိုခဲ့သည္။

ထို႔ေၾကာင့္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္စည္ျပပြဲဆိုသည့္ ပလက္ေဖာင္းကို ေကာင္းမြန္စြာ အသုံးျပဳၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးခ်ဲ႕၍ ေဒသႏွစ္ခုအၾကား စီးပြားေရးတိုးတက္မႈကိုျမႇင့္တင္ကာ ပိုမိုေကာင္းမြန္သည့္ ျပည္သူ႔အက်ိဳး စီးပြားမ်ားကို ဖန္တီးႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း Mr. Chen Hai က ဆိုသည္။

အလားတူ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ အျပန္အလွန္သင္ယူေလ့လာမႈ အားေကာင္းေစရန္ႏွင့္ ရင္းႏွီး သည့္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုနက္ရႈိင္းေစရန္ ဆႏၵရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး အပါအဝင္ တည္ၿငိမ္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တ႐ုတ္ႏိုင္ငံမွ ပံ့ပိုးကူညီရန္ ဆႏၵရွိေၾကာင္း Mr. Chen Hai မွ အသိေပးေျပာဆိုထားသည္။

ျမန္မာ(ေနျပည္ေတာ္) - တ႐ုတ္ (လင္ခ်န္း) ကုန္စည္ျပပြဲကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕ တြင္ ပထမဆုံးအႀကိမ္က်င္းပခဲ့ရာ ယခုသည္ စတုတၳအႀကိမ္က်င္းပခဲ့ျခင္းျဖစ္ၿပီး ေမလ(၂၅) ရက္မွ (၂၈)ရက္အထိ (၄)ရက္ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုန္စည္ျပပြဲတြင္ ျမန္မာႏိုင္ငံမွ ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းအဖြဲ႕မ်ားႏွင့္ ကုမၸဏီ(၆၅) ခုမွ ျပခန္းေပါင္း (၇၉) ခန္း အပါအဝင္ တ႐ုတ္ႏိုင္ငံ ကုန္သည္လုပ္ငန္းရွင္(၇ဝ) မွ ျပခန္းေပါင္း (၄ဝ) ခန္းက ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.