ကျောက်မဲမြို့၌ တွဲကားနှင့် ဆိုင်ကယ်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး သေဆုံး

 802

(NP News) - မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုသည် ယနေ့ (မေလ၂၆ရက်) နံနက်(၇)ဝန်းကျင်အချိန်တွင် ကျောက်မဲမြို့၊ နမ့်ဟူးရွာဘုန်းကြီးကျောင်း အကျော်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲ) ထံမှ သိရသည်။

“ဘယ်လိုဖြစ်ပြီး တိုက်မိတာလဲတော့ ကျွန်တော်မသိဘူး။ ဆိုင်ကယ်တစ်စီးနှင့် တွဲကားတစ်စီးတိုက်မိတယ်လို့ အကြောင်းကြားလာတာပါ။ အဲဒီတွဲကားက အဝေးကြီးမရောက်ပါဘူး။ အဲဒီနားလေးမှာ ပြန်မိပါတယ်။ ဒဏ်ရာတွေ ကတော့ ခေါင်းကွဲသွားတယ်။ ဦးနှောက်တွေ အကုန်အပြင်ထွက်ပြီးတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ ဆုံးသွားပါ တယ်” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ အသက်(၂၅)ဝန်းကျင်အရွယ်ရှိပြီး နောင်ချိုကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုထားသည်။

သေဆုံးသူအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ကျောက်မဲဆေးရုံ မော်ကျူရီသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ေက်ာက္မဲၿမိဳ႕၌ တြဲကားႏွင့္ ဆိုင္ကယ္တိုက္မိကာ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦး ေသဆုံး
(NP News) - ေမ ၂၆

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္တြင္ တြဲကားႏွင့္ ဆိုင္ကယ္တိုက္မိ၍ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ယာဥ္တိုက္မႈသည္ ယေန႔ (ေမလ၂၆ရက္) နံနက္(၇)ဝန္းက်င္အခ်ိန္တြင္ ေက်ာက္မဲၿမိဳ႕၊ နမ့္ဟူး႐ြာဘုန္းႀကီးေက်ာင္း အေက်ာ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း နမ့္ခုံးရွမ္းမ်ားပရဟိတအသင္း(ေက်ာက္မဲ) ထံမွ သိရသည္။

“ဘယ္လိုျဖစ္ၿပီး တိုက္မိတာလဲေတာ့ ကြၽန္ေတာ္မသိဘူး။ ဆိုင္ကယ္တစ္စီးႏွင့္ တြဲကားတစ္စီးတိုက္မိတယ္လို႔ အေၾကာင္းၾကားလာတာပါ။ အဲဒီတြဲကားက အေဝးႀကီးမေရာက္ပါဘူး။ အဲဒီနားေလးမွာ ျပန္မိပါတယ္။ ဒဏ္ရာေတြ ကေတာ့ ေခါင္းကြဲသြားတယ္။ ဦးေႏွာက္ေတြ အကုန္အျပင္ထြက္ၿပီးေတာ့ အခင္းျဖစ္ပြားရာေနရာမွာပဲ ဆုံးသြားပါ တယ္” ဟု နမ့္ခုံးရွမ္းမ်ားပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါအမ်ိဳးသားႏွစ္ဦးမွာ အသက္(၂၅)ဝန္းက်င္အ႐ြယ္ရွိၿပီး ေနာင္ခ်ိဳကျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ ဆိုထားသည္။

ေသဆုံးသူအမ်ိဳးသားႏွစ္ဦး၏ ႐ုပ္အေလာင္းကို ေက်ာက္မဲေဆး႐ုံ ေမာ္က်ဴရီသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.