ဆူဒန် RSF အဖွဲ့တွေကို ရုရှားကြေးစစ်သားအုပ်စုဖြစ်တဲ့ Wagner အဖွဲ့ လက်နက်များကူညီထောက်ပံ့ပေးနေဟု အမေရိကန်အစိုးရ ပြော

 830

ဂျန်ဇက် (NP News) - မေ ၂၆

ဆူဒန် ထောက်ပံ့ရေးတပ်ဖွဲ့ RSF ဟာ ရုရှားကြေးစားတပ်ဖွဲ့ဖြစ်တဲ့ Wagner အုပ်စုထံကနေ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်များကို လက်ခံရရှိနေကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဆိုပါ ရုရှားကြေးစားစစ်သားအုပ်စုဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့များနဲ့အတူ ပါဝင်တိုက်ခိုက်နေခြင်းကြောင့် အမေရိကန်က Wagner အုပ်စုကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ထားကြောင်း သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက "Wagner အုပ်စုဟာ ဆူဒန်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ ပြိုင်ဘက် ဆူဒန်ထောက်ပံ့ရေး တပ်ဖွဲ့တွေကို မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ ကူညီပေးနေတယ်။ ဒီလိုမျိုးလက်နက်တွေ ကူညီပေးခြင်း ကြောင့် ဆူဒန်ပဋိပက္ခအချိန်ပိုကြာလာနိုင်သလို ဒေသအတွင်းမှာ နောက်ထပ် ခက်ခဲဆိုးရွားမှုတွေဖြစ်လာနိုင် တယ်" လို့ပြောပါတယ်။

အ‌မေရိကန်အစိုးရဟာ မာလီမြို့ရှိ Wagner အုပ်စုအကြီးအကဲကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း မေလ ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရက RSF တပ်ဖွဲ့တွေဟာ အာဖရိကတိုက်အတွင်းရှိ နိုင်ငံများထံကနေ ရုရှားလက်နက်များရယူနိုင်ဖို့ကြိုးပမ်းနေကြောင်း ဆိုထားပါတယ်။ ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့လက နိုင်ငံကို ထိန်းချုပ်ခွင့်ရရေးနဲ့ပတ်သက်ပြီး ဆူဒန်စစ်တပ်အကြီးအကဲ နဲ့ RSF အကြီးအကဲကြား သဘောထားကွဲလွဲမှု များဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ရာ နိုင်ငံတကာအဖွဲ့စည်းများက ဆူဒန်နိုင်ငံအတွင်းရှိ ၎င်းတို့သံတမန်များကို ပြန်ခေါ်ယူထားပြီဖြစ်ပါတယ်။

အမေရိကန်အစိုးရက ရုရှားကြေးစားစစ်သားအုပ်စုဟာ အာဖရိကဒေသရှိ နိုင်ငံတွေကို တည်ငြိမ်မှုမဖြစ်အောင် လုပ်ဆောင်နေပြီး ကြားဝင်စွက်ဖက်နေကြောင်း၊ လူအခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသလို သဘာဝ အရင်းမြစ်များကို ဖျက်ဆီးနေကြောင်း ဝေဖန်ထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက " ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲ မြေပြင်မှာ ရုန်းကန်နေရတဲ့အတွက် ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲ ဆက်တိုက်ဖို့ Wagner ကြေးစားစစ်သားအုပ်စုကို မှီခိုနေရတယ်" လို့ ပြောပါတယ်။

အမေရိကန် နဲ့ ဆော်ဒီအာရေဗျတို့ ကြားဝင်ဆောင်ရွက်မှုကြောင့် ဆူဒန်စစ်တပ် နဲ့ RSF အဖွဲ့များကြား အပစ်ခတ် ရပ်စဲရေးရယူကြောင်း ကြေညာခဲ့ပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ဒေသခံများ က ပြောပါတယ်။

Zawgyi Version;
ဆူဒန္ RSF အဖြဲ႕ေတြကို ႐ုရွားေၾကးစစ္သားအုပ္စုျဖစ္တဲ့ Wagner အဖြဲ႕ လက္နက္မ်ားကူညီေထာက္ပံ့ေပးေနဟု အေမရိကန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၆

ဆူဒန္ ေထာက္ပံ့ေရးတပ္ဖြဲ႕ RSF ဟာ ႐ုရွားေၾကးစားတပ္ဖြဲ႕ျဖစ္တဲ့ Wagner အုပ္စုထံကေန ေျမျပင္က ေဝဟင္ပစ္ ဒုံးက်ည္မ်ားကို လက္ခံရရွိေနေၾကာင္း အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အဆိုပါ ႐ုရွားေၾကးစားစစ္သားအုပ္စုဟာ ယူကရိန္းစစ္ပြဲမွာ ႐ုရွားတပ္ဖြဲ႕မ်ားနဲ႔အတူ ပါဝင္တိုက္ခိုက္ေနျခင္းေၾကာင့္ အေမရိကန္က Wagner အုပ္စုကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ ခ်မွတ္ထားေၾကာင္း သိရပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "Wagner အုပ္စုဟာ ဆူဒန္စစ္တပ္ကို တိုက္ခိုက္ႏိုင္ဖို႔ ၿပိဳင္ဘက္ ဆူဒန္ေထာက္ပံ့ေရး တပ္ဖြဲ႕ေတြကို ေျမျပင္က ေဝဟင္ပစ္ဒုံးက်ည္ေတြ ကူညီေပးေနတယ္။ ဒီလိုမ်ိဳးလက္နက္ေတြ ကူညီေပးျခင္း ေၾကာင့္ ဆူဒန္ပဋိပကၡအခ်ိန္ပိုၾကာလာႏိုင္သလို ေဒသအတြင္းမွာ ေနာက္ထပ္ ခက္ခဲဆိုး႐ြားမႈေတြျဖစ္လာႏိုင္ တယ္" လို႔ေျပာပါတယ္။

အ‌ေမရိကန္အစိုးရဟာ မာလီၿမိဳ႕ရွိ Wagner အုပ္စုအႀကီးအကဲကို ပစ္မွတ္ထားၿပီး ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ေၾကာင္း ေမလ ၂၆ ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္အစိုးရက RSF တပ္ဖြဲ႕ေတြဟာ အာဖရိကတိုက္အတြင္းရွိ ႏိုင္ငံမ်ားထံကေန ႐ုရွားလက္နက္မ်ားရယူႏိုင္ဖို႔ႀကိဳးပမ္းေနေၾကာင္း ဆိုထားပါတယ္။ ဆူဒန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့လက ႏိုင္ငံကို ထိန္းခ်ဳပ္ခြင့္ရေရးနဲ႔ပတ္သက္ၿပီး ဆူဒန္စစ္တပ္အႀကီးအကဲ နဲ႔ RSF အႀကီးအကဲၾကား သေဘာထားကြဲလြဲမႈ မ်ားျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္တပ္ဖြဲ႕မ်ား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက ဆူဒန္ႏိုင္ငံအတြင္းရွိ ၎တို႔သံတမန္မ်ားကို ျပန္ေခၚယူထားၿပီျဖစ္ပါတယ္။

အေမရိကန္အစိုးရက ႐ုရွားေၾကးစားစစ္သားအုပ္စုဟာ အာဖရိကေဒသရွိ ႏိုင္ငံေတြကို တည္ၿငိမ္မႈမျဖစ္ေအာင္ လုပ္ေဆာင္ေနၿပီး ၾကားဝင္စြက္ဖက္ေနေၾကာင္း၊ လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ား လုပ္ေဆာင္ေနသလို သဘာဝ အရင္းျမစ္မ်ားကို ဖ်က္ဆီးေနေၾကာင္း ေဝဖန္ထားပါတယ္။ ဒါ့အျပင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက " ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းစစ္ပြဲ ေျမျပင္မွာ ႐ုန္းကန္ေနရတဲ့အတြက္ ႐ုရွားသမၼတပူတင္ဟာ ယူကရိန္းစစ္ပြဲ ဆက္တိုက္ဖို႔ Wagner ေၾကးစားစစ္သားအုပ္စုကို မွီခိုေနရတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ နဲ႔ ေဆာ္ဒီအာေရဗ်တို႔ ၾကားဝင္ေဆာင္႐ြက္မႈေၾကာင့္ ဆူဒန္စစ္တပ္ နဲ႔ RSF အဖြဲ႕မ်ားၾကား အပစ္ခတ္ ရပ္စဲေရးရယူေၾကာင္း ေၾကညာခဲ့ေပမယ့္ ေျမျပင္မွာေတာ့ တိုက္ပြဲေတြ ဆက္ျဖစ္ေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာပါတယ္။

Related news

© 2021. All rights reserved.