ရခိုင်ရှိ ကျောင်းပေါင်း(၃ဝဝဝ)ကျော်ကို အုပ်စု(၂)စုခွဲကာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇွန်လ တတိယပတ်၌ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်မည်ဟု နစကပြော

 636

မျိုးကြီး (NP News) - မေ ၂၆

ရခိုင်ပြည်နယ်ရှိ ကျောင်းပေါင်း(၃ဝဝဝ)ကျော်ကို အုပ်စု(၂)စုခွဲကာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇွန်လ တတိယပတ်၌ ရာနှုန်း ပြည့်ဖွင့်လှစ်နိုင်မည်ဟု နစကပြောခွင့်ရက ဆိုသည်။

နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မေ ၂၆ ရက်) တွင် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများအခြေ အနေနှင့် ပတ်သက်၍ မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို လာမည့် ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိ တွင် ကျောင်းအပ်နှံမှုများကို ကျောင်းအသီးသီး၌ လက်ခံလျက်ရှိနေသည်။

ပြီးခဲ့သော မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် စာသင်ကျောင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် စာသင်ကျောင်းများအား အချိန်မီပြန်လည်ဖွင့်နိုင်ရေးအတွက် နစကမှ ကြိုးစားလုပ်ဆောင်နေသည်ဟု လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

“ဇွန်လ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံး ကျောင်းဖွင့်ပါမယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ် နိုင်မယ့် ကျောင်းတွေ၊ ဇွန်လ တတိယပတ်မှာ ဖွင့်လှစ်နိုင်မယ့် ကျောင်းဆိုပြီးတော့ အုပ်စု(၂)စုခွဲခြားပြီး ဖွင့်လှစ်သွား မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၌ အခြေခံပညာအထက်တန်းကျောင်း (၄၈၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၁၇၁)ကျောင်း နှင့် မူလတန်းကျောင်း(၁၅၃၅)ကျောင်း စုစုပေါင်း ကျောင်းပေါင်း(၃၁၉၃)ကျောင်း ရှိကြောင်း သိရသည်။

၎င်းကျောင်းများအနက် ကျောင်းပေါင်း (၂၄၁ဝ) ကျောင်းကို လာမည့် ဇွန်လ ၁ ရက်တွင် အချိန်မီ ပြန်လည် ဖွင့်လှစ်သွားမည်ဟု နစကပြောခွင့်ရက ဆိုထားသည်။

“ဒီမိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းများ ပျက်စီးခဲ့တာရှိတယ်။ ကျောင်းအဆောက်အဦးတွေ ပျက်စီးခဲ့တာရှိတယ်။ အဲဒီအ ထဲကနေမှ ဇွန်လ ၁ ရက်နေ့မှာတော့ ကျောင်းပေါင်း (၂၄၁၀)ကျောင်းကို ကျွန်တော်တို့ အချိန်မီ ဖွင့်လှစ်သွား မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းအားလုံးရဲ့ (၇၅)ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်မှာ ကျွန်တော်တို့ အချိန်မီဖွင့်လှစ်သွားမှာဖြစ်တယ်။ ကျန်တဲ့ကျောင်းတွေကိုတော့ ဇွန်လတတိယပတ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါ တယ်။ ကျောင်းများအားလုံးကို ဇွန်လတတိယပတ်မှာ ၁ဝဝ ရာခိုင်နှုန်း ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း(၁၇)ကျောင်းရှိပြီး ပြန်လည်ပြင်ဆင်မှု များပြုလုပ်လျက်ရှိရာတွင် လက်ရှိအချိန်၌ (၆ဝ)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း နစကမှ အသိပေးထားသည်။

“မုန်တိုင်းဒဏ်ကြောင့် ကျောင်းများပျက်စီးမှုမှာ ပြင်ဆင်ရတဲ့ပမာဏက ကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းတွေ၊ ပြီးရင် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ထို့ပြင် နစကအနေဖြင့် စာသင်ကျောင်း ပြင်ဆင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အချိန်မီရောက်ရှိရေးနှင့် ကျောင်းအပ်နှံမှုများ အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးထားသည်။

Zawgyi Version;
ရခိုင္ရွိ ေက်ာင္းေပါင္း(၃ဝဝဝ)ေက်ာ္ကို အုပ္စု(၂)စုခြဲကာ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဇြန္လ တတိယပတ္၌ ရာႏႈန္းျပည့္ ဖြင့္လွစ္ႏိုင္မည္ဟု နစကေျပာ
မ်ိဳးႀကီး (NP News) - ေမ ၂၆

ရခိုင္ျပည္နယ္ရွိ ေက်ာင္းေပါင္း(၃ဝဝဝ)ေက်ာ္ကို အုပ္စု(၂)စုခြဲကာ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဇြန္လ တတိယပတ္၌ ရာႏႈန္း ျပည့္ဖြင့္လွစ္ႏိုင္မည္ဟု နစကေျပာခြင့္ရက ဆိုသည္။

နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ေမ ၂၆ ရက္) တြင္ ရခိုင္ျပည္နယ္ရွိ စာသင္ေက်ာင္းမ်ားအေျခ အေနႏွင့္ ပတ္သက္၍ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

ျမန္မာတစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ားကို လာမည့္ ဇြန္ ၁ ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး လက္ရွိ တြင္ ေက်ာင္းအပ္ႏွံမႈမ်ားကို ေက်ာင္းအသီးသီး၌ လက္ခံလ်က္ရွိေနသည္။

ၿပီးခဲ့ေသာ ေမ ၁၄ ရက္တြင္ ရခိုင္ျပည္နယ္သို႔ ဝင္ေရာက္တိုက္ခတ္ခဲ့သည့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ စာသင္ေက်ာင္းမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ရသည္။

ထို႔ေၾကာင့္ စာသင္ေက်ာင္းမ်ားအား အခ်ိန္မီျပန္လည္ဖြင့္ႏိုင္ေရးအတြက္ နစကမွ ႀကိဳးစားလုပ္ေဆာင္ေနသည္ဟု လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုထားသည္။

“ဇြန္လ ၁ ရက္ေန႔မွာ တစ္ႏိုင္ငံလုံး ေက်ာင္းဖြင့္ပါမယ္။ ရခိုင္ျပည္နယ္အတြင္းမွာေတာ့ ဇြန္လ ၁ ရက္ေန႔မွာ ဖြင့္လွစ္ ႏိုင္မယ့္ ေက်ာင္းေတြ၊ ဇြန္လ တတိယပတ္မွာ ဖြင့္လွစ္ႏိုင္မယ့္ ေက်ာင္းဆိုၿပီးေတာ့ အုပ္စု(၂)စုခြဲျခားၿပီး ဖြင့္လွစ္သြား မွာျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

ရခိုင္ျပည္နယ္၌ အေျခခံပညာအထက္တန္းေက်ာင္း (၄၈၇)ေက်ာင္း၊ အလယ္တန္းေက်ာင္း(၁၁၇၁)ေက်ာင္း ႏွင့္ မူလတန္းေက်ာင္း(၁၅၃၅)ေက်ာင္း စုစုေပါင္း ေက်ာင္းေပါင္း(၃၁၉၃)ေက်ာင္း ရွိေၾကာင္း သိရသည္။

၎ေက်ာင္းမ်ားအနက္ ေက်ာင္းေပါင္း (၂၄၁ဝ) ေက်ာင္းကို လာမည့္ ဇြန္လ ၁ ရက္တြင္ အခ်ိန္မီ ျပန္လည္ ဖြင့္လွစ္သြားမည္ဟု နစကေျပာခြင့္ရက ဆိုထားသည္။

“ဒီမိုခါမုန္တိုင္းဒဏ္ေၾကာင့္ ေက်ာင္းမ်ား ပ်က္စီးခဲ့တာရွိတယ္။ ေက်ာင္းအေဆာက္အဦးေတြ ပ်က္စီးခဲ့တာရွိတယ္။ အဲဒီအ ထဲကေနမွ ဇြန္လ ၁ ရက္ေန႔မွာေတာ့ ေက်ာင္းေပါင္း (၂၄၁၀)ေက်ာင္းကို ကြၽန္ေတာ္တို႔ အခ်ိန္မီ ဖြင့္လွစ္သြား မွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ ေက်ာင္းအားလုံးရဲ႕ (၇၅)ရာခိုင္ႏႈန္းကို ဇြန္လ ၁ ရက္မွာ ကြၽန္ေတာ္တို႔ အခ်ိန္မီဖြင့္လွစ္သြားမွာျဖစ္တယ္။ က်န္တဲ့ေက်ာင္းေတြကိုေတာ့ ဇြန္လတတိယပတ္မွာ ဖြင့္လွစ္သြားမွာျဖစ္ပါ တယ္။ ေက်ာင္းမ်ားအားလုံးကို ဇြန္လတတိယပတ္မွာ ၁ဝဝ ရာခိုင္ႏႈန္း ဖြင့္လွစ္ႏိုင္မွာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ အေျခခံပညာအထက္တန္းေက်ာင္း စုစုေပါင္း(၁၇)ေက်ာင္းရွိၿပီး ျပန္လည္ျပင္ဆင္မႈ မ်ားျပဳလုပ္လ်က္ရွိရာတြင္ လက္ရွိအခ်ိန္၌ (၆ဝ)ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း နစကမွ အသိေပးထားသည္။

“မုန္တိုင္းဒဏ္ေၾကာင့္ ေက်ာင္းမ်ားပ်က္စီးမႈမွာ ျပင္ဆင္ရတဲ့ပမာဏက ႀကီးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အားလုံးႀကိဳးစားလုပ္ေဆာင္လ်က္ရွိပါတယ္။ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ေစတနာ့ဝန္ထမ္းေတြ၊ ၿပီးရင္ ဌာနဆိုင္ရာဝန္ထမ္းေတြ၊ တာဝန္ရွိသူေတြ ႀကိဳးစားလုပ္ေဆာင္လ်က္ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ သည္။

ထို႔ျပင္ နစကအေနျဖင့္ စာသင္ေက်ာင္း ျပင္ဆင္ေရးလုပ္ငန္းမ်ားကို အင္တိုက္အားတိုက္ေဆာင္႐ြက္ေနေၾကာင္း၊ ေက်ာင္းသုံးျပ႒ာန္းစာအုပ္မ်ား အခ်ိန္မီေရာက္ရွိေရးႏွင့္ ေက်ာင္းအပ္ႏွံမႈမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးတို႔ကိုလည္း သက္ဆိုင္ရာ ဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.