ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမပေါ်၌ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

 507

(NP News) - မေ ၂၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့(မေလ ၂၆ ရက်)၊ မွန်းလွဲ(၁၁)နာရီအချိန်တွင် တောင်ဇင်းနယ်မြေ၊ ဝါးခင်းကြီးကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမရှိ မိုင်တိုင်အမှတ်(၁၂/၃)နှင့် (၁၂/၄)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ဖြစ်စဥ်မှာ ဂါလံ(၄၀၀၀)ဆံ့ NISSAN အမျိုးအစား ဆီသယ်ယာဥ်သည် ညောင်ဦး-ကျောက်ပန်းတောင် ကားလမ်းမ‌တွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁၁)နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း မီးသတ်တပ်ဖွဲ့မှ ဆိုသည်။

Zawgyi Version;
ေညာင္ဦး-ေက်ာက္ပန္းေတာင္း ကားလမ္းမေပၚ၌ ဆီသယ္ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြား
(NP News) - ေမ ၂၆

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္၊ ေညာင္ဦး-ေက်ာက္ပန္းေတာင္းကားလမ္းမေပၚတြင္ ဆီသယ္ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေမလ ၂၆ ရက္)၊ မြန္းလြဲ(၁၁)နာရီအခ်ိန္တြင္ ေတာင္ဇင္းနယ္ေျမ၊ ဝါးခင္းႀကီးေက်း႐ြာအနီး၊ ေညာင္ဦး-ေက်ာက္ပန္းေတာင္းကားလမ္းမရွိ မိုင္တိုင္အမွတ္(၁၂/၃)ႏွင့္ (၁၂/၄)ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။

အဆိုပါ ျဖစ္စဥ္မွာ ဂါလံ(၄၀၀၀)ဆံ့ NISSAN အမ်ိဳးအစား ဆီသယ္ယာဥ္သည္ ေညာင္ဦး-ေက်ာက္ပန္းေတာင္ ကားလမ္းမ‌တြင္ မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေညာင္ဦးခ႐ိုင္မီးသတ္စခန္းႏွင့္ ေတာင္ဇင္းနယ္ေျမမီးသတ္စခန္းမွ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ရာ မြန္းလြဲ (၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း မီးသတ္တပ္ဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.