အမျိုးသားရေးလှုပ်ရှားသူတစ်ဦး မြောက်ဒဂုံတွင် ပစ်သတ်ခံရ

 4315

NP News - မေ ၂၆

အမျိုးသားရေးလှုပ်ရှားသူတစ်ဦး ယနေ့ မနက် (မေလ ၂၆ ရက်) ၌ မြောက်ဒဂုံမြို့နယ်တွင် ဦးခေါင်းအား သေနတ် ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်ခန့်တွင် အမျိုးသားရေးလှုပ်ရှားသူအဖြစ် လူသိများသူ ဦးတင့်လွင် သည် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက်သမားတစ်ဦးမှ လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဦးတင့်လွင်သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁) ရက်၌လည်း ၎င်းနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း ပထမအကြိမ် လုပ်ကြံပစ်ခတ် ခံခဲ့ရသေးကြောင်း သိရသည်။

ထိုစဉ်က လက်မောင်း၌ ကျည်ထိဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသမှု ခံယူခဲ့ပြီး နေပြည်တော်၌ ရှောင်ပုန်းနေထိုင် နေရကြောင်းလည်း သိရသည်။

ယခုအခါ ၎င်း၏ အမျိုးသမီးဖြစ်သူ ကင်ဆာရောဂါခံစားနေရသောကြောင့် ဇနီးဖြစ်သူအား ခေတ္တလာတွေ့သည့် ကာလတွင် လုပ်ကြံခံရခြင်းဖြစ်နိုင်သည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

“သူက မနှစ်ကလည်း လုပ်ကြံခံရသေးတယ်။ လက်မောင်းတို့ ဘာတို့ ကျည်ထိပြီးတော့ မသေဘူးပေါ့။ ဆေးကုသမှု ခံယူပြီး နေပြည်တော်မှာ သူ နေနေရတာ။ အခု သူ့ဇနီးက ကင်ဆာရောဂါဖြစ်နေတော့ သူခဏ လာကြည့်တယ် ထင်ပါတယ်။ သူတို့နားမှာ သတင်းပေးတွေ ရှိတယ်လေ။ သူလာတာသိပြီး အခု မြောက်ဒဂုံမှာ လုပ်ကြံခံရတာလို့ သိရတယ်” ဟု ၎င်းနှင့် နီးစပ်သူက NP News ကို ပြောသည်။

ယခုတစ်ကြိမ် လုပ်ကြံခံရမှုတွင် ဦးခေါင်းအား ကျည်သုံးချက် ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရကြောင်း သိရ သည်။

ယခုအခါ ဦးတင့်လွင်၏ ရုပ်အလောင်းအား တပ်မတော် ကုတင် (၁ဝဝဝ) ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဦးတင့်လွင်သည် NLD အစိုးရလက်ထက်က အမျိုးသားရေး လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများတွင် ထဲထဲဝင်ဝင် ဦးဆောင် ပါဝင်ခဲ့သူဖြစ်ကာ အသက် ၆ဝ နီးပါးရှိသည့် လူသိများသည့် အမျိုးသားရေးသမားတစ်ဦးလည်းဖြစ်သည်ဟု ဆို သည်။

Zawgyi Version;
အမ်ိဳးသားေရးလႈပ္ရွားသူတစ္ဦး ေျမာက္ဒဂုံတြင္ ပစ္သတ္ခံရ
NP News - ေမ ၂၆

အမ်ိဳးသားေရးလႈပ္ရွားသူတစ္ဦး ယေန႔ မနက္ (ေမလ ၂၆ ရက္) ၌ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ဦးေခါင္းအား ေသနတ္ ျဖင့္ ပစ္သတ္ခံရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔ မနက္ပိုင္း ၁၁ နာရီ ဝန္းက်င္ခန႔္တြင္ အမ်ိဳးသားေရးလႈပ္ရွားသူအျဖစ္ လူသိမ်ားသူ ဦးတင့္လြင္ သည္ ေျမာက္ဒဂုံၿမိဳ႕နယ္ ၄၈ ရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္တြင္ ထိုင္ေနစဥ္ အၾကမ္းဖက္သမားတစ္ဦးမွ လာေရာက္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေသဆုံးသူႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းထံမွ သိရသည္။

ဦးတင့္လြင္သည္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ (၁) ရက္၌လည္း ၎ေနထိုင္ရာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္အတြင္း ပထမအႀကိမ္ လုပ္ႀကံပစ္ခတ္ ခံခဲ့ရေသးေၾကာင္း သိရသည္။

ထိုစဥ္က လက္ေမာင္း၌ က်ည္ထိဒဏ္ရာမ်ား ရရွိခဲ့ကာ ေဆးကုသမႈ ခံယူခဲ့ၿပီး ေနျပည္ေတာ္၌ ေရွာင္ပုန္းေနထိုင္ ေနရေၾကာင္းလည္း သိရသည္။

ယခုအခါ ၎၏ အမ်ိဳးသမီးျဖစ္သူ ကင္ဆာေရာဂါခံစားေနရေသာေၾကာင့္ ဇနီးျဖစ္သူအား ေခတၱလာေတြ႕သည့္ ကာလတြင္ လုပ္ႀကံခံရျခင္းျဖစ္ႏိုင္သည္ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

“သူက မႏွစ္ကလည္း လုပ္ႀကံခံရေသးတယ္။ လက္ေမာင္းတို႔ ဘာတို႔ က်ည္ထိၿပီးေတာ့ မေသဘူးေပါ့။ ေဆးကုသမႈ ခံယူၿပီး ေနျပည္ေတာ္မွာ သူ ေနေနရတာ။ အခု သူ႔ဇနီးက ကင္ဆာေရာဂါျဖစ္ေနေတာ့ သူခဏ လာၾကည့္တယ္ ထင္ပါတယ္။ သူတို႔နားမွာ သတင္းေပးေတြ ရွိတယ္ေလ။ သူလာတာသိၿပီး အခု ေျမာက္ဒဂုံမွာ လုပ္ႀကံခံရတာလို႔ သိရတယ္” ဟု ၎ႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။

ယခုတစ္ႀကိမ္ လုပ္ႀကံခံရမႈတြင္ ဦးေခါင္းအား က်ည္သုံးခ်က္ ထိမွန္ကာ ေနရာတြင္ပင္ ေသဆုံးခဲ့ရေၾကာင္း သိရ သည္။

ယခုအခါ ဦးတင့္လြင္၏ ႐ုပ္အေလာင္းအား တပ္မေတာ္ ကုတင္ (၁ဝဝဝ) ေဆး႐ုံသို႔ သယ္ေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ဦးတင့္လြင္သည္ NLD အစိုးရလက္ထက္က အမ်ိဳးသားေရး လႈပ္ရွားမႈမ်ား၊ ဆႏၵျပမႈမ်ားတြင္ ထဲထဲဝင္ဝင္ ဦးေဆာင္ ပါဝင္ခဲ့သူျဖစ္ကာ အသက္ ၆ဝ နီးပါးရွိသည့္ လူသိမ်ားသည့္ အမ်ိဳးသားေရးသမားတစ္ဦးလည္းျဖစ္သည္ဟု ဆို သည္။

Picture

Thapyay Ywet Nu Soe

26/05/2023 16:02

သနားပါတယ်၊ ကောင်းမွန်ရာ ရောက်ပါစေ

Picture

L Mone

26/05/2023 20:25

အမျိူးသားရေးသမားတွေက ဘယ်သူတွေအမုန်းဆုံးဖြစ်မလဲ?

Related news

© 2021. All rights reserved.