ငွေကြေးစနစ် မတည်ငြိမ်ရန် ဆောင်ရွက်မှုများရှိနေပြီး ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဟု ဗဟိုဘဏ် သတိပေး

 1457

မျိုးကြီး (NP News) - မေ ၂၆

ငွေကြေးစနစ် မတည်ငြိမ်ရန် ဆောင်ရွက်မှုများရှိနေပြီး ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရ မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးထုတ်ပြန်ထားသည်။

ဘဏ်များသည် Exporter နှင့် Importer များအတွက် လိုအပ်သည့် မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာများ ရောင်းချခြင်း၊ Pre-Shipment နှင့် Post- Shipment ချေးငွေများ ပံ့ပိုးလျက်ရှိပြီး ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များမှ တစ်ဆင့် USD Liquidity နှင့် MMK Liquidity များ ပံ့ပိုးပေးနေကြောင်း အသိပေးထားသည်။

လက်ရှိတွင် ဘဏ်များ၌ ငွေသားထုတ်ယူမှုကို လွတ်လပ်စွာတိုးမြှင့်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က အသိပေးပြောဆိုထားသည်။

ထို့ပြင် Exporter နှင့် Importer များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များမှ တစ်ဆင့် ရယူနိုင်ကြောင်း သိရသည်။

သို့သော် မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်နှင့် Exporter များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က သတိပေးထားသည်။

လက်ရှိတွင် Export Earning ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ်များမှ ငွေသား ထုတ်ယူမှုကန့်သတ်ချက်များရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်ကာ ငွေကြေးစနစ်မတည်ငြိမ် ရန် ဆောင်ရွက်နေမှုများ ရှိနေကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထိုသို့ ကောလာဟလများဖြင့် ဈေးကစားခြင်း၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများကိုလည်း မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဟုလည်း ဗဟိုဘဏ်က ထပ်မံသတိပေးထားသည်။

ထို့ကြောင့် ပြည်တွင်းဘဏ်များအနေဖြင့် Exporter နှင့် Importer များ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို စောင့်ကြည့်ကာ ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်းနှင့် ဗဟိုဘဏ်သည်လည်း ဘဏ်များမှတစ်ဆင့် Exporter နှင့် Importer များကို ပံ့ပိုးလျက်ရှိနေသည့်အတွက် ကောလဟာလများဖြင့် ဈေးကစားခြင်း မပြုလုပ်ရန် အသိပေး ထုတ်ပြန်ထားသည်။

ယနေ့ (မေ ၂၆ ရက်) တွင် ပြင်ပဒေါ်လာဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၂၉ဝဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရပြီး ပြီးခဲ့သောရက်များအတွင်း ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

Zawgyi Version;
ေငြေၾကးစနစ္ မတည္ၿငိမ္ရန္ ေဆာင္႐ြက္မႈမ်ားရွိေနၿပီး ျပည္တြင္းဘဏ္မ်ားမွ ပါဝင္ပတ္သက္မႈရွိပါက အေရးယူခံရ မည္ဟု ဗဟိုဘဏ္ သတိေပး
မ်ိဳးႀကီး (NP News) - ေမ ၂၆

ေငြေၾကးစနစ္ မတည္ၿငိမ္ရန္ ေဆာင္႐ြက္မႈမ်ားရွိေနၿပီး ျပည္တြင္းဘဏ္မ်ားမွ ပါဝင္ပတ္သက္မႈရွိပါက အေရးယူခံရ မည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က သတိေပးထုတ္ျပန္ထားသည္။

ဘဏ္မ်ားသည္ Exporter ႏွင့္ Importer မ်ားအတြက္ လိုအပ္သည့္ ျမန္မာက်ပ္ႏွင့္ အေမရိကန္ေဒၚလာမ်ား ေရာင္းခ်ျခင္း၊ Pre-Shipment ႏွင့္ Post- Shipment ေခ်းေငြမ်ား ပံ့ပိုးလ်က္ရွိၿပီး ဗဟိုဘဏ္အေနျဖင့္လည္း ဘဏ္မ်ားမွ တစ္ဆင့္ USD Liquidity ႏွင့္ MMK Liquidity မ်ား ပံ့ပိုးေပးေနေၾကာင္း အသိေပးထားသည္။

လက္ရွိတြင္ ဘဏ္မ်ား၌ ေငြသားထုတ္ယူမႈကို လြတ္လပ္စြာတိုးျမႇင့္ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံ ေတာ္ဗဟိုဘဏ္က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ Exporter ႏွင့္ Importer မ်ားအေနျဖင့္ လိုင္စင္ခြင့္ျပဳခ်က္ႏွင့္အညီ ဘဏ္စနစ္ျဖင့္သာ ေပးေခ်မႈမ်ား ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျမန္မာက်ပ္ႏွင့္ ႏိုင္ငံျခားေငြေရာင္းဝယ္ျခင္း၊ Trade Financing မ်ားကို ဘဏ္မ်ားမွ တစ္ဆင့္ ရယူႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္ မလိုအပ္ဘဲ ဝယ္ယူစုေဆာင္းျခင္း မျပဳလုပ္ရန္ႏွင့္ Exporter မ်ားအေနျဖင့္ သတ္မွတ္ကာလအတြင္း ဘဏ္သို႔ ေရာင္းခ်ျခင္းမရွိပါက သတ္မွတ္စည္းမ်ဥ္းႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္းလည္း ဗဟိုဘဏ္က သတိေပးထားသည္။

လက္ရွိတြင္ Export Earning ျပန္လည္ဝင္ေရာက္မႈအေျခအေနမ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ ဘဏ္မ်ားမွ ေငြသား ထုတ္ယူမႈကန႔္သတ္ခ်က္မ်ားရွိသည္ဟုလည္းေကာင္း သတင္းမ်ားထုတ္လႊင့္ကာ ေငြေၾကးစနစ္မတည္ၿငိမ္ ရန္ ေဆာင္႐ြက္ေနမႈမ်ား ရွိေနေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထိုသို႔ ေကာလာဟလမ်ားျဖင့္ ေဈးကစားျခင္း၊ ေဈးကြက္ေပါက္ေဈးထက္ ပိုမိုေရာင္းဝယ္ျခင္းမ်ားကိုလည္း မၾကာခဏေတြ႕ေနရၿပီး ျပည္တြင္းဘဏ္မ်ားမွ ပါဝင္ပတ္သက္မႈရွိပါက အေရးယူခံရမည္ဟုလည္း ဗဟိုဘဏ္က ထပ္မံသတိေပးထားသည္။

ထို႔ေၾကာင့္ ျပည္တြင္းဘဏ္မ်ားအေနျဖင့္ Exporter ႏွင့္ Importer မ်ား၏ ႏိုင္ငံျခားေငြလိုအပ္ခ်က္မ်ားကို ေစာင့္ၾကည့္ကာ ပံ့ပိုးေပးရန္ အဆင္သင့္ရွိေၾကာင္းႏွင့္ ဗဟိုဘဏ္သည္လည္း ဘဏ္မ်ားမွတစ္ဆင့္ Exporter ႏွင့္ Importer မ်ားကို ပံ့ပိုးလ်က္ရွိေနသည့္အတြက္ ေကာလဟာလမ်ားျဖင့္ ေဈးကစားျခင္း မျပဳလုပ္ရန္ အသိေပး ထုတ္ျပန္ထားသည္။

ယေန႔ (ေမ ၂၆ ရက္) တြင္ ျပင္ပေဒၚလာေဈးကြက္၌ အေမရိကန္တစ္ေဒၚလာလွ်င္ ျမန္မာေငြက်ပ္ ၂၉ဝဝ ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရၿပီး ၿပီးခဲ့ေသာရက္မ်ားအတြင္း ျဖစ္ေပၚခဲ့သည့္ေဈးႏႈန္းျဖင့္ ႏႈိင္းယွဥ္ပါက အနည္းငယ္ ျမင့္တက္လာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.