ယူကရိန်းတို့ ခြိမ်းခြောက်ပေမယ့် သမ္မတပူတင်ကို ဘေးကင်းအောင် လုံခြုံရေးတပ်ဖွဲ့များ ကောင်းကောင်း ကာကွယ်ပေးနိုင်ကြောင်း ရုရှားအစိုးရ ပြော

476

ဂျန်ဇက် (NP News) - မေ ၂၆
ရုရှားလုံခြုံရေးတပ်ဖွဲ့များဟာ သမ္မတပူတင်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း ရုရှားအစိုးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်လိုကြောင်း ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုနဲ့အတူ ယူကရိန်းအစိုးရဟာ အကြမ်းဖက်သမားတွေရဲ့သဘောသဘာဝကို ပြသလာခဲ့ကြောင်း၊ ရုရှားလုံခြုံရေးတပ်ဖွဲ့များက သမ္မတပူတင်ကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း ပက်ကောဗ့် က ပြောပါတယ်။
ပက်ကောဗ့် က "ယူကရိန်းတို့ရဲ့အကြမ်းအစိုးရဟာ အကြမ်းဖက်တွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာ ဆွေးနွေးပြောဆိုခဲ့ တယ်" လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့များရဲ့သတ်ဖြတ်လုပ်ကြံမယ့်စာရင်းထဲမှာ ရုရှားသမ္မတပူတင်လည်း ပါဝင်ကြောင်း ယူကရိန်း ထောက်လှမ်းရေးအကြီးအကဲတစ်ဦးဖြစ်တဲ့ ဗာဒင် စကီးဗစ်စကီး က ပြောပါတယ်။ ပက်ကောဗ့်က " ယူကရိန်း ထောက်လှမ်းရေးအဖွဲ့အကြီးအကဲက ခြိမ်းခြောက်ပေမယ့် ရုရှားလုံခြုံရေးအဖွဲ့တွေဟာ သူတို့အလုပ်ကို သူတို့ ကောင်းကောင်းသလို ဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုလည်း သိကြပါတယ်" လို့ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်မယ့်စာရင်းထဲမှာ ရုရှားသမ္မတပူတင်အပြင် ရုရှားကာကွယ်ရေးဝန်ကြီး၊ ရုရှားကာကွယ်ရေး ဦးစီးချုပ် နဲ့ ရုရှားကြေးစားစစ်သားအုပ်စုခေါင်းဆောင်တို့ ပါဝင်နေကြောင်း၊ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ က ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေပေမယ့် လက်ရှိအချိန်အထိ အောင်မြင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ မေလ အစောပိုင်းက ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ သမ္မတအိမ်တော်အနီးကို ဒရုန်းနှစ်စင်းရောက်ရှိခဲ့ပေမယ့် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များရဲ့ဟန့်တားဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရပါတယ်။ ရုရှားဘက်က အဲဒီဒရုန်းတွေကို ယူကရိန်းတို့လွှတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ယူကရိန်းအစိုးရက ငြင်းဆန်ထားပါတယ်။
သမ္မတရုံးနားမှာ တွေ့ရှိခဲ့တဲ့ ဒရုန်းနှစ်စင်းဟာ ကြိုတင်စီစဉ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်မျိုးဖြစ်ကြောင်း ရုရှားဘက်က ပြောထားပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - မေ ၂၆