တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့ ဝယ်ယူဖို့ ကြိုးပမ်းနေ

 1293

ဂျန်ဇက် (NP News) - မေ ၂၆

အမေရိကန် နဲ့ ဆက်ဆံရေးအေးစက်နေချိန်မှာပဲ တရုတ်နိုင်ငံဟာ ဆော်ဒီအာရေဗျ၊ အီဂျစ်နိုင်ငံတို့ကို တရုတ်နိုင်ငံ ထုတ်စစ်လက်နက်ပစ္စည်းအမျိုးမျိုးရောင်းချဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။

အဆိုပါဆွေးနွေးမှုတွေထဲမှာ တရုတ်နိုင်ငံထုတ် Chengdu J-10C အမျိုးအစား တိုက်လေယာဉ်များ ရောင်းချမယ့် အစီအစဉ်တွေပါဝင်နေကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျစစ်တပ်ဟာ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းများ၊ ထောက်လှမ်းရေးသုံးပစ္စည်းများဝယ်ယူဖို့ တရုတ်မြောက်ပိုင်း စက်မှု လုပ်ငန်းကော်ပိုရေးရှင်း (Norinco) နဲ့ တွေ့ဆုံဆွေးနွေးနေကြောင်း Tactical Report က ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ် Chengdu Aircraft Industry Group ဟာ အီဂျစ်လေတပ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရေကြောင်းနဲ့ လေကြောင်းကာကွယ်ရေးပစ္စည်းများပြပွဲမှာ အီဂျစ်နဲ့ တရုတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အီဂျစ်လေတပ်ဟာ တရုတ်ကုမ္ပဏီထံကနေ Chengdu's J-10C အမျိုးအစား တိုက်လေယာဉ် ဒါဇင်ချီ ဝယ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ အဆိုပါတိုက်လေယာဉ်ကို လက်ရှိအချိန်မှာ ပြည်ပနိုင်ငံများအနက် ပါကစ္စတန် နိုင်ငံကိုသာ ရောင်းချထားကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျအစိုးရကလည်း မောင်းသူမဲ့လေယာဉ်ဖြစ်တဲ့ Sky Saker FX80 အမျိုးအစား ဒရုန်းကို တရုတ်ကုမ္ပဏီထံကနေ ဝယ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် တရုတ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံ ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ အာရပ်ကမ္ဘာရဲ့အဓိကနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ၊ အငြင်းပွားမှုတွေကို ဖြေလျော့နိုင်ဖို့ ကြားဝင်စေ့စပ်ပေးခဲ့ရာ လက်ရှိအချိန်မှာ ဆော်ဒီအာရေဗျနဲ့ အီရန်ကြား အပြန် အလှန်သံရုံးတွေ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ဆော်ဒီအာရေဗျဟာ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံဖြစ်ပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန် နဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား ဆက်ဆံရေးအေးစက်လာနေကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံထုတ္ တိုက္ေလယာဥ္မ်ား အပါအဝင္ စစ္လက္နက္ပစၥည္းမ်ားကို ေဆာ္ဒီအာေရဗ်နဲ႔ အီဂ်စ္တို႔ ဝယ္ယူဖို႔ ႀကိဳးပမ္းေန
ဂ်န္ဇက္ (NP News) - ေမ ၂၆

အေမရိကန္ နဲ႔ ဆက္ဆံေရးေအးစက္ေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံဟာ ေဆာ္ဒီအာေရဗ်၊ အီဂ်စ္ႏိုင္ငံတို႔ကို တ႐ုတ္ႏိုင္ငံ ထုတ္စစ္လက္နက္ပစၥည္းအမ်ိဳးမ်ိဳးေရာင္းခ်ဖို႔ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။

အဆိုပါေဆြးေႏြးမႈေတြထဲမွာ တ႐ုတ္ႏိုင္ငံထုတ္ Chengdu J-10C အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ေရာင္းခ်မယ့္ အစီအစဥ္ေတြပါဝင္ေနေၾကာင္း သိရပါတယ္။ ေဆာ္ဒီအာေရဗ်စစ္တပ္ဟာ တိုက္ေလယာဥ္မ်ား၊ ဒ႐ုန္းမ်ား၊ ေလေၾကာင္းရန္ကာကြယ္ေရးပစၥည္းမ်ား၊ ေထာက္လွမ္းေရးသုံးပစၥည္းမ်ားဝယ္ယူဖို႔ တ႐ုတ္ေျမာက္ပိုင္း စက္မႈ လုပ္ငန္းေကာ္ပိုေရးရွင္း (Norinco) နဲ႔ ေတြ႕ဆုံေဆြးေႏြးေနေၾကာင္း Tactical Report က ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ တ႐ုတ္ Chengdu Aircraft Industry Group ဟာ အီဂ်စ္ေလတပ္နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ မေလးရွားႏိုင္ငံမွာ က်င္းပခဲ့တဲ့ ေရေၾကာင္းနဲ႔ ေလေၾကာင္းကာကြယ္ေရးပစၥည္းမ်ားျပပြဲမွာ အီဂ်စ္နဲ႔ တ႐ုတ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အီဂ်စ္ေလတပ္ဟာ တ႐ုတ္ကုမၸဏီထံကေန Chengdu's J-10C အမ်ိဳးအစား တိုက္ေလယာဥ္ ဒါဇင္ခ်ီ ဝယ္ယူဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အဆိုပါတိုက္ေလယာဥ္ကို လက္ရွိအခ်ိန္မွာ ျပည္ပႏိုင္ငံမ်ားအနက္ ပါကစၥတန္ ႏိုင္ငံကိုသာ ေရာင္းခ်ထားေၾကာင္း သိရပါတယ္။ ေဆာ္ဒီအာေရဗ်အစိုးရကလည္း ေမာင္းသူမဲ့ေလယာဥ္ျဖစ္တဲ့ Sky Saker FX80 အမ်ိဳးအစား ဒ႐ုန္းကို တ႐ုတ္ကုမၸဏီထံကေန ဝယ္ယူဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ မၾကာေသးမီက ေဆာ္ဒီအာေရဗ်ႏိုင္ငံကိုသြားေရာက္ခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္လာခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အာရပ္ကမာၻရဲ႕အဓိကႏိုင္ငံေတြျဖစ္တဲ့ ေဆာ္ဒီအာေရဗ် နဲ႔ အီရန္ႏိုင္ငံၾကား တင္းမာမႈေတြ၊ အျငင္းပြားမႈေတြကို ေျဖေလ်ာ့ႏိုင္ဖို႔ ၾကားဝင္ေစ့စပ္ေပးခဲ့ရာ လက္ရွိအခ်ိန္မွာ ေဆာ္ဒီအာေရဗ်နဲ႔ အီရန္ၾကား အျပန္ အလွန္သံ႐ုံးေတြ ဖြင့္လွစ္ထားၿပီျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်ဟာ အေမရိကန္ရဲ႕မဟာမိတ္ႏိုင္ငံျဖစ္ေပမယ့္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ အေမရိကန္ နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံၾကား ဆက္ဆံေရးေအးစက္လာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.