နည်းပညာတက္ကသိုလ်(၃)ခုတွင် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် သင်တန်းသားများခေါ်ယူ

 877

စော (NP News) - မေ ၂၆

မန္တလေး၊ တောင်ကြီး၊ တောင်ငူ နည်းပညာတက္ကသိုလ်များ၌ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် သင်တန်း သားများ ခေါ်ယူနေကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ယမန်နေ့(မေလ ၂၅) ရက်တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါနည်းပညာတက္ကသိုလ်များတွင် မဟာဘွဲ့သင်တန်းများကို ဇွန်လ(၁၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တောင်ငူနည်းပညာတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်း(၄)မျိုး ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ သင်တန်းများ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တောင်ကြီးနည်းပညာတက္ကသိုလ်၌ မဟာဘွဲ့သင်တန်း(၆)မျိုး ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာနှင့် သတ္တု တူးဖော်ရေးအင်ဂျင်နီယာ သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးနည်းပညာတက္ကသိုလ်တွင်လည်း မဟာဘွဲ့သင်တန်း(၉)မျိုးကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ သတ္တုတူးဖော်ရေးအင်ဂျင်နီယာအပြင် ဓာတုအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ နှင့် စက်မှု အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ အဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ရရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှောက်ထားလိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို မေလ(၂၉)ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ပြီး ဇွန်လ(၂) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသင်တန်းအတွက် လူတွေ့စစ်ဆေးခံရမည့်စာရင်းကို ဇွန်လ(၁၁)ရက်တွင် ထုတ်ပေးမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးခြင်းကို ဇွန်(၁၂)ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
နည္းပညာတကၠသိုလ္(၃)ခုတြင္ မဟာအင္ဂ်င္နီယာဘြဲ႕သင္တန္းမ်ားအတြက္ သင္တန္းသားမ်ားေခၚယူ
ေစာ (NP News) - ေမ ၂၆

မႏၲေလး၊ ေတာင္ႀကီး၊ ေတာင္ငူ နည္းပညာတကၠသိုလ္မ်ား၌ မဟာအင္ဂ်င္နီယာဘြဲ႕သင္တန္းမ်ားအတြက္ သင္တန္း သားမ်ား ေခၚယူေနေၾကာင္း သိရသည္။

သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာနက ယမန္ေန႔(ေမလ ၂၅) ရက္တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါနည္းပညာတကၠသိုလ္မ်ားတြင္ မဟာဘြဲ႕သင္တန္းမ်ားကို ဇြန္လ(၁၅)ရက္ေန႔၌ စတင္ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေတာင္ငူနည္းပညာတကၠသိုလ္တြင္ မဟာဘြဲ႕သင္တန္း(၄)မ်ိဳး ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထေရာနစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာႏွင့္ စက္မႈအင္ဂ်င္နီယာ သင္တန္းမ်ား သင္ၾကား ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ ေတာင္ႀကီးနည္းပညာတကၠသိုလ္၌ မဟာဘြဲ႕သင္တန္း(၆)မ်ိဳး ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထေရာနစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာႏွင့္ သတၱဳ တူးေဖာ္ေရးအင္ဂ်င္နီယာ သင္တန္းမ်ားဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ မႏၲေလးနည္းပညာတကၠသိုလ္တြင္လည္း မဟာဘြဲ႕သင္တန္း(၉)မ်ိဳးကို ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထေရာနစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာ၊ သတၱဳတူးေဖာ္ေရးအင္ဂ်င္နီယာအျပင္ ဓာတုအင္ဂ်င္နီယာ၊ ေရနံအင္ဂ်င္နီယာ ႏွင့္ စက္မႈ အီလက္ထေရာနစ္အင္ဂ်င္နီယာသင္တန္းမ်ား ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ သက္ဆိုင္ရာ အဓိကဘာသာရပ္ျဖင့္ အင္ဂ်င္နီယာဘြဲ႕ရရွိရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ေလွ်ာက္ထားလိုသူမ်ားအတြက္ ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ေမလ(၂၉)ရက္မွ စတင္ထုတ္ေပးမည္ျဖစ္ၿပီး ဇြန္လ(၂) ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါသင္တန္းအတြက္ လူေတြ႕စစ္ေဆးခံရမည့္စာရင္းကို ဇြန္လ(၁၁)ရက္တြင္ ထုတ္ေပးမည္ျဖစ္ၿပီး လူေတြ႕ စစ္ေဆးျခင္းကို ဇြန္(၁၂)ရက္တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

soe kyawkyaw

27/05/2023 06:44

like

Related news

© 2021. All rights reserved.