မိုခါမုန်တိုင်းကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့အတွက် ယူရို ၂ ဒသမ ၅ သန်း ကူညီပေးမယ်လို့ အီးယူ သတင်းထုတ်ပြန်

 590

ဂျန်ဇက် (NP News) - မေ ၂၆

ဥရောပသမဂ္ဂ(အီးယူ)ဟာ မိုခါမုန်တိုင်းကိုရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံတို့ရှိ ပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ယူရို ၂ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးသွားမယ်လို့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

မိုခါမုန်တိုင်းကြောင့် အိမ်များ၊ အဆောက်ဦးများ ထိခိုက်ပျက်စီးခဲ့ရပြီး၊ အစားသောက်၊ ရေ နှင့် အမိုးအကာများ အပါအဝင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်မှာ အမေရိကန်၊ ဗြိတိန်တို့အပြင် ဥရောပသမဂ္ဂကလည်း အကူအညီပေးဖို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းမှာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ဟာ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်လာဖွယ်ရှိနေရာ မုန်တိုင်းဒဏ်တွေ့ကြုံရတဲ့ဒေသတွေမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားလာမယ့်အန္တရာယ်မျိုး ရင်ဆိုင်ရမှာ စိုးရိမ်နေ ရတယ်လို့ ဆိုပါတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုများ အကဲဖြတ်နိုင်ဖို့ ကျွမ်းကျင်ပညာရှင်များ စေလွှတ်သွားမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။

ဥရောပသမဂ္ဂရဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မရှင်နာက "ဘင်္ဂလားဒေရှ့် နဲ့ မြန်မာနိုင်ငံတို့ရှိ ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရပြီး သက်ရောက်မှုများဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဥရောပသမဂ္ဂဟာ မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်ချက်တွေကိုဖြေရှင်းနိုင်ဖို့ မြေပြင်ရှိ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က မုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသူတွေအတွက် ယူရို ၂ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးသွားမှာပါ။ ထိခိုက်ပျက်စီးမှုတွေ၊ တားဆီးနိုင်ဖို့ နဲ့ လူတွေရဲ့အသက်တွေကို ကယ်တင် နိုင်ဖို့ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံရတဲ့နေရာဟာ ရခိုင်ပြည်နယ် စစ်တွေ နဲ့ ရသေ့တောင်ဖြစ်ပြီး လူပေါင်း အနည်းဆုံး ၈ဝဝဝဝဝ ခန့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပြင် အာဆီယံအဖွဲ့ကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပံ့ပိုးပေးထားကြောင်း သိရပါတယ်။

မိုခါမုန်တိုင်းဟာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများအတွက် အခက်အခဲများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
မိုခါမုန္တိုင္းကို ရင္ဆိုင္ခဲ့ရတဲ့ ျမန္မာ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔အတြက္ ယူ႐ို ၂ ဒသမ ၅ သန္း ကူညီေပးမယ္လို႔ အီးယူ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေမ ၂၆

ဥေရာပသမဂၢ(အီးယူ)ဟာ မိုခါမုန္တိုင္းကိုရင္ဆိုင္ခဲ့ရတဲ့ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံတို႔ရွိ ျပည္သူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ ယူ႐ို ၂ ဒသမ ၅ သန္း ကူညီေထာက္ပံ့ေပးသြားမယ္လို႔ သတင္း ထုတ္ျပန္လိုက္ပါတယ္။

မိုခါမုန္တိုင္းေၾကာင့္ အိမ္မ်ား၊ အေဆာက္ဦးမ်ား ထိခိုက္ပ်က္စီးခဲ့ရၿပီး၊ အစားေသာက္၊ ေရ ႏွင့္ အမိုးအကာမ်ား အပါအဝင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား အေရးေပၚအကူအညီမ်ားလိုအပ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနခ်ိန္မွာ အေမရိကန္၊ ၿဗိတိန္တို႔အျပင္ ဥေရာပသမဂၢကလည္း အကူအညီေပးဖို႔ သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ရက္ပိုင္းမွာ ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔ဟာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ား ျဖစ္လာဖြယ္ရွိေနရာ မုန္တိုင္းဒဏ္ေတြ႕ႀကဳံရတဲ့ေဒသေတြမွာ ေရႀကီး၊ ေျမၿပိဳမႈေတြ ျဖစ္ပြားလာမယ့္အႏၲရာယ္မ်ိဳး ရင္ဆိုင္ရမွာ စိုးရိမ္ေန ရတယ္လို႔ ဆိုပါတယ္။ မုန္တိုင္းနဲ႔ပတ္သက္ၿပီး ထိခိုက္ပ်က္စီးမႈမ်ား အကဲျဖတ္ႏိုင္ဖို႔ ကြၽမ္းက်င္ပညာရွင္မ်ား ေစလႊတ္သြားမွာျဖစ္တယ္လို႔ ဥေရာပသမဂၢက ဆိုပါတယ္။

ဥေရာပသမဂၢရဲ႕သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးေကာ္မရွင္နာက "ဘဂၤလားေဒရွ႕္ နဲ႔ ျမန္မာႏိုင္ငံတို႔ရွိ ျပည္သူေတြဟာ မိုခါမုန္တိုင္းဒဏ္ေတြ႕ႀကဳံခံစားခဲ့ရၿပီး သက္ေရာက္မႈမ်ားျဖစ္ေစခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဥေရာပသမဂၢဟာ မုန္တိုင္းဒဏ္ခံရတဲ့ျပည္သူေတြအတြက္ အေရးေပၚအကူအညီလိုအပ္ခ်က္ေတြကိုေျဖရွင္းႏိုင္ဖို႔ ေျမျပင္ရွိ မိတ္ဖက္အဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ ေပးမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔က မုန္တိုင္းဒဏ္ေတြ႕ႀကဳံခံစားခဲ့ရသူေတြအတြက္ ယူ႐ို ၂ ဒသမ ၅ သန္း ကူညီေထာက္ပံ့ေပးသြားမွာပါ။ ထိခိုက္ပ်က္စီးမႈေတြ၊ တားဆီးႏိုင္ဖို႔ နဲ႔ လူေတြရဲ႕အသက္ေတြကို ကယ္တင္ ႏိုင္ဖို႔ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

မိုခါမုန္တိုင္းဒဏ္ကို အဆိုး႐ြားဆုံးခံရတဲ့ေနရာဟာ ရခိုင္ျပည္နယ္ စစ္ေတြ နဲ႔ ရေသ့ေတာင္ျဖစ္ၿပီး လူေပါင္း အနည္းဆုံး ၈ဝဝဝဝဝ ခန႔္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား လိုအပ္လ်က္ရွိေနတယ္လို႔ ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။ မိုခါမုန္တိုင္းနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏိုင္ငံတို႔အျပင္ အာဆီယံအဖြဲ႕ကလည္း လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ပံ့ပိုးေပးထားေၾကာင္း သိရပါတယ္။

မိုခါမုန္တိုင္းဟာ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡကို ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူမ်ားအတြက္ အခက္အခဲမ်ား ပိုမိုျဖစ္လာေစခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.