ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲမည်မဟုတ်ကြောင်း နှင့် ဘဏ်များ၌ နိုင်ငံခြားငွေ ငွေသားများကို တိုးမြှင့်ရောင်းချပေးမည်ဟု ဗဟိုဘဏ်ဆို

 1379

မျိုးကြီး (NP News) - မေ ၂၆

ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲမည်မဟုတ်ကြောင်း နှင့် ဘဏ်များတွင် နိုင်ငံခြားငွေ ငွေသားများ ကို တိုးမြှင့်ရောင်းချပေးမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(မေ ၂၆ ရက်) တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းဈေးကွက်သို့ USD Liquidity/ MMK Liquidity ကို ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးနေကြောင်း ကြေညာထားသည်။

ထိုသို့ဆောင်ရွက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity နှင့် MMK Liquidity လိုအပ်ချက် မြင့်တက်ခြင်းကို လျော့ချထိန်းသိမ်းနိုင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

သို့သော် ဝိသမလောဘသမား ဈေးကစားသူအချို့က ဈေးနှုန်းကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း မဟုတ်မမှန်ကောလဟာလများ ထုတ်လွှင့်ကာ အမြတ်ထုတ်ရန် ဆောင်ရွက်နေကြသည်ဟု ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

ထို့ကြောင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်းနှင့် နိုင်ငံခြားငွေလဲလှယ် နှုန်း တည်ငြိမ်စေရေးအတွက် လိုအပ်သလို ပံ့ပိုးကူညီမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဘက်က အသိပေးထားသည်။

ထို့ပြင် ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုရန် သွားရောက်မည့်သူများ၊ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများအတွက် ဘဏ်များ၏ ငွေလဲကောင်တာများ၌ အသေးစားသုံး နိုင်ငံခြားငွေများ တိုးမြှင့်ရောင်းချ ပေးရန်နှင့် နိုင်ငံတကာသုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန်စီစဉ်ထားပြီးဖြစ်ကြောင်း ကြေညာထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းကောလဟာလများကို မယုံကြည်ကြရန်နှင့် ယင်းကဲ့သို့ ကောလဟာလ ထုတ်လွှင့်နေသည့် ဝိသမလောဘသားများကို ဗဟိုဘဏ်ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဟုလည်း ဗဟိုဘဏ်ဘက်က သတိပေးထားသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၂၁ဝဝ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉ဝဝ ဝန်းကျင်ရှိကြောင်း သိရှိရသည်။

Zawgyi Version;
ရည္ၫႊန္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ေျပာင္းလဲမည္မဟုတ္ေၾကာင္း ႏွင့္ ဘဏ္မ်ား၌ ႏိုင္ငံျခားေငြ ေငြသားမ်ားကို တိုးျမႇင့္ေရာင္းခ်ေပးမည္ဟု ဗဟိုဘဏ္ဆို
မ်ိဳးႀကီး (NP News) - ေမ ၂၆

ရည္ၫႊန္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ေျပာင္းလဲမည္မဟုတ္ေၾကာင္း ႏွင့္ ဘဏ္မ်ားတြင္ ႏိုင္ငံျခားေငြ ေငြသားမ်ား ကို တိုးျမႇင့္ေရာင္းခ်ေပးမည္ဟု ဗဟိုဘဏ္က ေၾကညာထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔(ေမ ၂၆ ရက္) တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း တည္ၿငိမ္ေစရန္ ေဆာင္႐ြက္လ်က္ရွိရာတြင္ ျပည္တြင္းေဈးကြက္သို႔ USD Liquidity/ MMK Liquidity ကို ဘဏ္မ်ားမွတစ္ဆင့္ ပံ့ပိုးေပးေနေၾကာင္း ေၾကညာထားသည္။

ထိုသို႔ေဆာင္႐ြက္ျခင္းေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအၾကား USD Liquidity ႏွင့္ MMK Liquidity လိုအပ္ခ်က္ ျမင့္တက္ျခင္းကို ေလ်ာ့ခ်ထိန္းသိမ္းႏိုင္ကာ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း တည္ၿငိမ္လ်က္ရွိေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

သို႔ေသာ္ ဝိသမေလာဘသမား ေဈးကစားသူအခ်ိဳ႕က ေဈးႏႈန္းကေမာက္ကမျဖစ္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ဗဟိုဘဏ္၏ ရည္ၫႊန္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္း ျမင့္တက္မည္ျဖစ္ေၾကာင္း မဟုတ္မမွန္ေကာလဟာလမ်ား ထုတ္လႊင့္ကာ အျမတ္ထုတ္ရန္ ေဆာင္႐ြက္ေနၾကသည္ဟု ဗဟိုဘဏ္က အသိေပးေၾကညာထားသည္။

ထို႔ေၾကာင့္ ရည္ၫႊန္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ေျပာင္းလဲရန္ အစီအစဥ္မရွိေသးေၾကာင္းႏွင့္ ႏိုင္ငံျခားေငြလဲလွယ္ ႏႈန္း တည္ၿငိမ္ေစေရးအတြက္ လိုအပ္သလို ပံ့ပိုးကူညီမႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ ဘက္က အသိေပးထားသည္။

ထို႔ျပင္ ျပည္ပသို႔ ပညာသင္သြားေရာက္မည့္သူမ်ား၊ ေဆးကုသမႈရန္ သြားေရာက္မည့္သူမ်ား၊ အလုပ္သြားေရာက္ လုပ္ကိုင္မည့္သူမ်ားအတြက္ ဘဏ္မ်ား၏ ေငြလဲေကာင္တာမ်ား၌ အေသးစားသုံး ႏိုင္ငံျခားေငြမ်ား တိုးျမႇင့္ေရာင္းခ် ေပးရန္ႏွင့္ ႏိုင္ငံတကာသုံးေငြေပးေခ်ကတ္မ်ားျဖင့္ သတ္မွတ္ပမာဏအတြင္း ေရာင္းခ်ရန္စီစဥ္ထားၿပီးျဖစ္ေၾကာင္း ေၾကညာထားသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ၎ေကာလဟာလမ်ားကို မယုံၾကည္ၾကရန္ႏွင့္ ယင္းကဲ့သို႔ ေကာလဟာလ ထုတ္လႊင့္ေနသည့္ ဝိသမေလာဘသားမ်ားကို ဗဟိုဘဏ္ဥပေဒ၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒတို႔ပါ ျပ႒ာန္းခ်က္ မ်ားႏွင့္အညီ ေဖာ္ထုတ္အေရးယူသြားမည္ဟုလည္း ဗဟိုဘဏ္ဘက္က သတိေပးထားသည္။

လက္ရွိတြင္ ဗဟိုဘဏ္၏ ရည္ၫႊန္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္း၌ အေမရိကန္တစ္ေဒၚလာလွ်င္ ျမန္မာေငြက်ပ္ ၂၁ဝဝ သတ္မွတ္ထားၿပီး ျပင္ပေဈးကြက္၌ တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၂၉ဝဝ ဝန္းက်င္ရွိေၾကာင္း သိရွိရသည္။

Picture

L Mone

26/05/2023 20:22

စစစ က အီးကုန်းနေတာလား ဘယ်မှာလည်း ဆားပလင်းနှင်းမောင် ကျွန်တော်လုပ်ပေးရမလား ၀၀၇ လို နှင်းမောင်လို ကောင်တွေ ထုတ်ထားစမ်းပါ ဘယ်ပြည်ပက သစ္စာဖောက်လောင်ကောင်မှတောင် ကျန်မှာမဟုတ်ဘူး

Related news

© 2021. All rights reserved.