ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ မနက်ဖြန် ယာယီဓာတ်အား ပြတ်တောက်မည်ဟု YESC အသိပေး

 3804

(NP News) - မေ ၂၆

ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်အချို့တွင် မနက်ဖြန် (မေလ၂၇ ရက်) တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ ယနေ့ (မေလ ၂၆ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထား ခြင်းဖြစ်သည်။

သာကေတဓာတ်အားပေးစက်ရုံတွင် အဆင့်မြှင့်တင်၍ အသစ်တပ်ဆင်လျှက်ရှိသည့် 230Kv Bus မှ (230/33/11) Kv, (100)MVA Bank -2 Transformer ၏ Bus D/S AAC Dropper Connection ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် 230 kV Bus Shutdown ကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၁၂)နာရီ အထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှဆိုသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ မနက္ျဖန္ ယာယီဓာတ္အား ျပတ္ေတာက္မည္ဟု YESC အသိေပး
(NP News) - ေမ ၂၆

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳနယ္အခ်ိဳ႕တြင္ မနက္ျဖန္ (ေမလ၂၇ ရက္) တြင္ ယာယီဓာတ္အား ျပတ္ေတာက္မည္ျဖစ္ ေၾကာင္း သိရသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းမွ ယေန႔ (ေမလ ၂၆ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထား ျခင္းျဖစ္သည္။

သာေကတဓာတ္အားေပးစက္႐ုံတြင္ အဆင့္ျမႇင့္တင္၍ အသစ္တပ္ဆင္လွ်က္ရွိသည့္ 230Kv Bus မွ (230/33/11) Kv, (100)MVA Bank -2 Transformer ၏ Bus D/S AAC Dropper Connection ျပဳလုပ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ အရသိရသည္။

ထို႔သို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ 230 kV Bus Shutdown ကို ေမလ(၂၇)ရက္ေန႔ နံနက္(၉)နာရီမွ မြန္းလြဲ(၁၂)နာရီ အထိ လုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း YESC မွဆိုသည္။

ထို႔ေၾကာင့္ အဆိုပါလုပ္ငန္းေဆာင္႐ြက္ေနစဥ္ကာလအတြင္း သာေကတၿမိဳ႕နယ္၊ ေဒါပုံၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္မ်ား၏ ေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဓာတ္အားျပတ္ေတာက္ခ်ိန္ ၾကာျမင့္မႈမရွိေစေရးႏွင့္ ဓာတ္အားျပတ္ဧရိယာေလ်ာ့နည္းေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း YESC မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.