ဂျပန်နိုင်ငံမှာ ရှားရှားပါးပါး သေနတ်၊ ဓားနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူလေးဦး သေဆုံး

 1247

ရောင်နီ (NP News) - မေ ၂၆

ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ (မေလ ၂၅ ရက်) က ဖြစ်လေ့ဖြစ်ထမရှိတဲ့ သေနတ်၊ ဓားကိုင် တိုက်ခိုက်ခံရမှု ကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ ၁၂ နာရီကြာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဂျပန်နိုင်ငံ ကျေးလက်ဒေသတစ်ခုမှာ ဖမ်းဆီးလိုက်နိုင် ခဲ့ပါတယ်။

သံသယရှိသူကို မြို့တော်တိုကျို၊ အနောက်မြောက်ပိုင်း နာကာနိုမြို့အနီးမှာ သောကြာနေ့ နံနက် ၄ နာရီ ၃ဝ မိနစ် ခန့်က ၄င်းရဲ့ဖခင်ဖြစ်သူရဲ့နေအိမ်မှာ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းက လယ်တောတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဒေသခံမျက်မြင်သက်သေ အမျိုးသား တစ်ဦးက “လူတစ်ယောက်ပြေးလာပြီး အော်ဟစ်အကူအညီတောင်းတာ တွေ့လိုက်တယ်။ သူ့နောက်မှာ ဓားကြီး တစ်လက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး ပါလာပြီး၊ နောက်ကနေ ဓားနဲ့ထိုးခဲ့တာဖြစ်တယ်" လို့ အမျိုးသားရုပ်သံ NHK ကို ပြောကြားခဲ့ပါတယ်။

အရေးပေါ်ဌာနသို့ ဖုန်းဆက်အကြောင်းကြားပြီးနောက် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတဲ့ ရဲအရာရှိနှစ်ဦး ကိုလည်း သံသယရှိသူက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကားထဲမှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အရာရှိ နှစ်ဦးနဲ့ အမျိုးသမီးဟာ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့ပြီး အခြားသက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း တိုက်ခိုက်ခံရပြီးနောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အနောက်ဘက်ဒေသ ကျေးလက်ဒေသတွေမှာ သောင်းကျန်းမှုတွေဟာ လူသတ်မှုနှုန်း နည်းပါးပြီး ကမ္ဘာ့အပြင်းထန်ဆုံး သေနတ်ဥပဒေအချို့ရှိတဲ့ဂျပန်နိုင်ငံမှာ ဒီဖြစ်ရပ်မျိုးဟာ ရှားရှားပါးပါး ရာဇဝတ်မှု တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် အခုလို သတ်ဖြတ်ရတယ်ဆိုတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။

နာဂါနို စီရင်စု ရဲတပ်ဖွဲ့ဟာ မေလ ၂၆ ရက်၊ သောကြာနေ့ နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ ရွားရွားပါးပါး ေသနတ္၊ ဓားနဲ႔ တိုက္ခိုက္ခံရမႈေၾကာင့္ လူေလးဦး ေသဆုံး
ေရာင္နီ (NP News) - ေမ ၂၆

ဂ်ပန္ႏိုင္ငံမွာ ၾကာသပေတးေန႔ (ေမလ ၂၅ ရက္) က ျဖစ္ေလ့ျဖစ္ထမရွိတဲ့ ေသနတ္၊ ဓားကိုင္ တိုက္ခိုက္ခံရမႈ ေၾကာင့္ လူေလးဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕နဲ႔ ၁၂ နာရီၾကာ ႐ုန္းရင္းဆန္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ သံသယရွိသူ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဂ်ပန္ႏိုင္ငံ ေက်းလက္ေဒသတစ္ခုမွာ ဖမ္းဆီးလိုက္ႏိုင္ ခဲ့ပါတယ္။

သံသယရွိသူကို ၿမိဳ႕ေတာ္တိုက်ိဳ၊ အေနာက္ေျမာက္ပိုင္း နာကာႏိုၿမိဳ႕အနီးမွာ ေသာၾကာေန႔ နံနက္ ၄ နာရီ ၃ဝ မိနစ္ ခန႔္က ၄င္းရဲ႕ဖခင္ျဖစ္သူရဲ႕ေနအိမ္မွာ လူသတ္မႈသံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ၾကာသပေတးေန႔ မြန္းလြဲပိုင္းက လယ္ေတာတစ္ခုမွာ အလုပ္လုပ္ေနတဲ့ ေဒသခံမ်က္ျမင္သက္ေသ အမ်ိဳးသား တစ္ဦးက “လူတစ္ေယာက္ေျပးလာၿပီး ေအာ္ဟစ္အကူအညီေတာင္းတာ ေတြ႕လိုက္တယ္။ သူ႔ေနာက္မွာ ဓားႀကီး တစ္လက္ကိုင္ေဆာင္ထားတဲ့ အမ်ိဳးသားတစ္ဦး ပါလာၿပီး၊ ေနာက္ကေန ဓားနဲ႔ထိုးခဲ့တာျဖစ္တယ္" လို႔ အမ်ိဳးသား႐ုပ္သံ NHK ကို ေျပာၾကားခဲ့ပါတယ္။

အေရးေပၚဌာနသို႔ ဖုန္းဆက္အေၾကာင္းၾကားၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိလာတဲ့ ရဲအရာရွိႏွစ္ဦး ကိုလည္း သံသယရွိသူက ေသနတ္နဲ႔ပစ္သတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ကားထဲမွာ ေသနတ္နဲ႔ပစ္သတ္ခံရတဲ့ အရာရွိ ႏွစ္ဦးနဲ႔ အမ်ိဳးသမီးဟာ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး နာရီပိုင္းအတြင္း ေသဆုံးသြားခဲ့ၿပီး အျခားသက္ႀကီး႐ြယ္အို အမ်ိဳးသမီးတစ္ဦးလည္း တိုက္ခိုက္ခံရၿပီးေနာက္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံ အေနာက္ဘက္ေဒသ ေက်းလက္ေဒသေတြမွာ ေသာင္းက်န္းမႈေတြဟာ လူသတ္မႈႏႈန္း နည္းပါးၿပီး ကမာၻ႔အျပင္းထန္ဆုံး ေသနတ္ဥပေဒအခ်ိဳ႕ရွိတဲ့ဂ်ပန္ႏိုင္ငံမွာ ဒီျဖစ္ရပ္မ်ိဳးဟာ ရွားရွားပါးပါး ရာဇဝတ္မႈ တစ္ခုျဖစ္ပါတယ္။ ဘာေၾကာင့္ အခုလို သတ္ျဖတ္ရတယ္ဆိုတဲ့အေၾကာင္းအရင္းကို မသိရေသးပါဘူး။

နာဂါႏို စီရင္စု ရဲတပ္ဖြဲ႕ဟာ ေမလ ၂၆ ရက္၊ ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။

Picture

U Win Bo

26/05/2023 21:27

ပဒတ်ဆာမူရိုင်း ပါ ဂျ ပန်တွေလဲ ဂရုဆိုက်ကြပါ

Related news

© 2021. All rights reserved.