ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ ရုရှားထောက်လှမ်းရေး လေယာဉ်ပျံသန်းမှုတွေ့ရှိ

 1049

ရောင်နီ (NP News) - မေ ၂၆

ပစိဖိတ်သမုဒ္ဒရာနဲ့ ဂျပန်ပင်လယ်တလျှောက် ကမ်းလွန်ပင်လယ်ပြင်မှာ ကြာသပတေးနေ့ (မေလ ၂၅ ရက်) က ရုရှားထောက်လှမ်းရေး လေယာဉ်ပျံသန်းမှုများ တွေ့ရှိခဲ့ပြီး ဂျပန်က တိုက်လေယာဉ်တွေ လွှတ်ကာ အဆိုပါ ယာဉ်တွေကို ရှာဖွေခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားလေယာဉ်တစ်စင်းဟာ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အလားတူလမ်းကြောင်းအတိုင်း ဂျပန် မြောက်ဘက်မှ ထွက်ခွာလာပြီး အခြားတစ်စင်းက ဆန့်ကျင်ဘက် ကမ်းရိုးတန်းတစ်လျှောက် အလားတူ လမ်းကြောင်းအတိုင်း မောင်းနှင်သွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပူးတွဲစစ်ဦးစီးရုံးက အတိုချုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"တုန့်ပြန်မှုအနေနဲ့၊ လေတပ်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ရဲ့မြောက်ပိုင်းလေတပ်နဲ့ တခြားတပ်ဖွဲ့တွေက တိုက်ခိုက်ရေးလေယာဉ်တွေလွှတ်ကာ ယင်းလမ်းကြောင်းမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်" လို့ ၎င်းက ဆိုပါတယ်။

ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်တဲ့ ချမ်းသာတဲ့နိုင်ငံတွေ ပေါင်းစည်းထားတဲ့ Group of Seven (G7) ထိပ်သီး အစည်းအဝေးမှာ ဂျပန်နိုင်ငံက ယူကရိန်းသမ္မတ ဗယ်လိုဒီမာဇီလန်စကီးကို လက်ခံကျင်းပပြီး ရက်ပိုင်းအကြာအထိ ဒီလိုဖြစ်ရပ်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး မော်စကိုကို ပိတ်ဆို့အရေးယူရာမှာ အနောက်နိုင်ငံ မဟာမိတ်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ တစ်ချိန်က ရုရှားနဲ့ဆက်ဆံရေး တိုးမြှင့် ဖို့ တောင်းဆိုခဲ့တဲ့ ဂျပန်ဟာ ယခုအခါမှာတော့ မော်စကိုရဲ့အာရှ စစ်ရေးအရ နေရာချထားမှု၊ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ "လုံခြုံရေးအတွက် ပြင်းထန်တဲ့ စိုးရိမ်စရာ" ဖြစ်ကြောင်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့မေလကလည်း တိုကျိုမှာ အမေရိကန် ဦးဆောင်တဲ့ Quad အဖွဲ့အစည်းဝေးပွဲအပြီး တရုတ်နဲ့ ရုရှား စစ်ဂျက်လေယာဉ်များဟာ ဂျပန်နိုင်ငံအနီးမှာ ပူးတွဲပျံသန်းခဲ့ပါသေးတယ်။ ဒါ့အပြင် မကြာသေးမီကလည်း မော်စကိုဟာ ဂျပန်ပင်လယ်မှာ စမ်းသပ်ပစ်ခတ်ခြင်း အပါအဝင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရုရှားဟာ ဂျပန်ကို ဥရောပသမဂ္ဂနိုင်ငံများအားလုံး၊ အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်များဖြစ်တဲ့ ဗြိတိန်နဲ့ သြစတြေးလျတို့နဲ့ အတူ ရန်လိုသောနိုင်ငံအဖြစ် မှတ်ယူထားပါတယ်။

Zawgyi Version;
ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္မွာ ႐ုရွားေထာက္လွမ္းေရး ေလယာဥ္ပ်ံသန္းမႈေတြ႕ရွိ
ေရာင္နီ (NP News) - ေမ ၂၆

ပစိဖိတ္သမုဒၵရာနဲ႔ ဂ်ပန္ပင္လယ္တေလွ်ာက္ ကမ္းလြန္ပင္လယ္ျပင္မွာ ၾကာသပေတးေန႔ (ေမလ ၂၅ ရက္) က ႐ုရွားေထာက္လွမ္းေရး ေလယာဥ္ပ်ံသန္းမႈမ်ား ေတြ႕ရွိခဲ့ၿပီး ဂ်ပန္က တိုက္ေလယာဥ္ေတြ လႊတ္ကာ အဆိုပါ ယာဥ္ေတြကို ရွာေဖြခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

႐ုရွားေလယာဥ္တစ္စင္းဟာ အေနာက္ဘက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ အလားတူလမ္းေၾကာင္းအတိုင္း ဂ်ပန္ ေျမာက္ဘက္မွ ထြက္ခြာလာၿပီး အျခားတစ္စင္းက ဆန႔္က်င္ဘက္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ အလားတူ လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္သြားခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ပူးတြဲစစ္ဦးစီး႐ုံးက အတိုခ်ဳံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

"တုန႔္ျပန္မႈအေနနဲ႔၊ ေလတပ္ကိုယ္ပိုင္ ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ေျမာက္ပိုင္းေလတပ္နဲ႔ တျခားတပ္ဖြဲ႕ေတြက တိုက္ခိုက္ေရးေလယာဥ္ေတြလႊတ္ကာ ယင္းလမ္းေၾကာင္းမွာ ရွာေဖြမႈေတြ ျပဳလုပ္ခဲ့တယ္" လို႔ ၎က ဆိုပါတယ္။

ဟီ႐ိုရွီးမားၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ ခ်မ္းသာတဲ့ႏိုင္ငံေတြ ေပါင္းစည္းထားတဲ့ Group of Seven (G7) ထိပ္သီး အစည္းအေဝးမွာ ဂ်ပန္ႏိုင္ငံက ယူကရိန္းသမၼတ ဗယ္လိုဒီမာဇီလန္စကီးကို လက္ခံက်င္းပၿပီး ရက္ပိုင္းအၾကာအထိ ဒီလိုျဖစ္ရပ္ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံဟာ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလက ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ပတ္သက္ၿပီး ေမာ္စကိုကို ပိတ္ဆို႔အေရးယူရာမွာ အေနာက္ႏိုင္ငံ မဟာမိတ္ေတြနဲ႔ ပူးေပါင္းခဲ့ပါတယ္။ တစ္ခ်ိန္က ႐ုရွားနဲ႔ဆက္ဆံေရး တိုးျမႇင့္ ဖို႔ ေတာင္းဆိုခဲ့တဲ့ ဂ်ပန္ဟာ ယခုအခါမွာေတာ့ ေမာ္စကိုရဲ႕အာရွ စစ္ေရးအရ ေနရာခ်ထားမႈ၊ တ႐ုတ္နဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈဟာ "လုံၿခဳံေရးအတြက္ ျပင္းထန္တဲ့ စိုးရိမ္စရာ" ျဖစ္ေၾကာင္း သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့ေမလကလည္း တိုက်ိဳမွာ အေမရိကန္ ဦးေဆာင္တဲ့ Quad အဖြဲ႕အစည္းေဝးပြဲအၿပီး တ႐ုတ္နဲ႔ ႐ုရွား စစ္ဂ်က္ေလယာဥ္မ်ားဟာ ဂ်ပန္ႏိုင္ငံအနီးမွာ ပူးတြဲပ်ံသန္းခဲ့ပါေသးတယ္။ ဒါ့အျပင္ မၾကာေသးမီကလည္း ေမာ္စကိုဟာ ဂ်ပန္ပင္လယ္မွာ စမ္းသပ္ပစ္ခတ္ျခင္း အပါအဝင္ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ႐ုရွားဟာ ဂ်ပန္ကို ဥေရာပသမဂၢႏိုင္ငံမ်ားအားလုံး၊ အေမရိကန္နဲ႔ ၎ရဲ႕မဟာမိတ္မ်ားျဖစ္တဲ့ ၿဗိတိန္နဲ႔ ၾသစေၾတးလ်တို႔နဲ႔ အတူ ရန္လိုေသာႏိုင္ငံအျဖစ္ မွတ္ယူထားပါတယ္။

Related news

© 2021. All rights reserved.