လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် အစီး(၂ဝဝ)နီးပါး ရန်ကုန်ဆိပ်ကမ်းသို့ ‌ရောက်ရှိ

 4574

ယွန်း (NP News) - မေ ၂၆

လျှပ်စစ်သုံးမော်‌တော်ဆိုင်ကယ် အစီး(၂ဝဝ)နီးပါး ရန်ကုန်ဆိပ်ကမ်းသို့ မေလ (၂၅) ရက်တွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

NCX Myanmar Co., Ltd. မှ တင်သွင်းသော Wuyang Honda အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၉၂) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုကို နစကအနေဖြင့် လျှပ်စစ်ကားများ တင်သွင်းခြင်းနည်း တူ အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

Zawgyi Version;
လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ အစီး(၂ဝဝ)နီးပါး ရန္ကုန္ဆိပ္ကမ္းသို႔ ‌ေရာက္ရွိ
ယြန္း (NP News) - ေမ ၂၆

လွ်ပ္စစ္သုံးေမာ္‌ေတာ္ဆိုင္ကယ္ အစီး(၂ဝဝ)နီးပါး ရန္ကုန္ဆိပ္ကမ္းသို႔ ေမလ (၂၅) ရက္တြင္ ေရာက္ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားသည္။

အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးေဆာင္ေကာ္မတီ၏ ခြင့္ျပဳခ်က္ ျဖင့္ NCX Myanmar Co., Ltd. မွ တင္သြင္းလာ‌ေသာ လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္မ်ား ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

NCX Myanmar Co., Ltd. မွ တင္သြင္းေသာ Wuyang Honda အမ်ိဳးအစား လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ (၁၉၂) စီးသည္ ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္မ်ား တင္သြင္းမႈကို နစကအေနျဖင့္ လွ်ပ္စစ္ကားမ်ား တင္သြင္းျခင္းနည္း တူ အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳထားေၾကာင္း သိရသည္။

Picture

L Mone

26/05/2023 20:08

အခွင့် ကင်းလွှတ်ခွင့်ပေးထားပါလျှပ်စစ်ကားတွေ ဘာ့ကြောင့် စျေးတွေခွကြီးနေရတာလဲ အင်မတန်ယုတ်မာပက်စက်သော စီးပွားရေးသမားတွေဟာ ငွေကြေးပြစ်ဒဏ်နဲ့ လုံးဝ လုံးဝ မထိုက်တန်ပါကြောင်း ထောင်ဒဏ် နှစ်ရှည်ပေးဖို့ ဥပဒေကို ပြင်ဆင်ကြသင့်ပါတယ်...သူများနိုင်ငံတွေမှာ ၁၀၀၀၀၀၀ ဆယ်သိန်းရင်းလို့ ၅၀၀၀၀ (ငါးသောင်း)အမြတ်တောင် မယူကြပါဘူး..မိုင်ကုန်ယူ ၃၀၀၀၀ သုံးသောင်းပေါ...

Picture

Min Oo

26/05/2023 21:41

ရန်ကုန် မှာစီးခွင့်ရှိပါသလား

Related news

© 2021. All rights reserved.