ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတပူတင်ကို ကြိုဆိုကြောင်း တောင်အာဖရိက အာဏာရပါတီပြော

 1191

ရောင်နီ (NP News) - မေ ၂၆

တောင်အာဖရိက အာဏာရပါတီဖြစ်တဲ့ အာဖရိက အမျိုးသားကွန်ဂရက် (ANC) ဟာရုရှားသမ္မတ ဗလာဒီမာပူတင် ကို အချိန်မရွေးကြိုဆိုဖို့ အဆင်သင့်ရှိတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဖိကဲလာအမ်ဘာလူလာ က ဆိုပါ တယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ဒီနှစ်အစောပိုင်းက ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းနဲ့ပတ်သတ်ပြီး တောင်အာဖရိကနိုင်ငံ အစိုးရအနေနဲ့ ဖမ်းဝရမ်းကို
အမှန်တကယ် လိုက်နာဖို့ ရှိ၊ မရှိ BBC HARDtalk မှ အစီအစဉ်တင်ဆက်သူ စတီဖင်ဆက်ကော က မေးမြန်းရာမှာ အမ်ဘာလူလာက အခုလိုမျိုးမှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ (ANC) ပါတီအတွင်းရေးမှူးက “ANC အရဆိုရင် တော့၊ မနက်ဖြန်တောင် သမ္မတပူတင်ကို ကျွန်တော်တို့နိုင်ငံကို လာစေချင်ပါတယ်။ ဒီလိုမလုပ်ဖို့ ICC က ကန့်သတ် ချုပ်ချယ်ထားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

"ပူတင်က နိုင်ငံ့ခေါင်းဆောင်ပါ။ နိုင်ငံ့ခေါင်းဆောင်ကို ဘယ်နေရာမှာမဆို ဖမ်းဆီးနိုင်မယ်လို့ ထင်လား" လို့ ၎င်းက ထပ်လောင်းပြောကြားကာ ပူတင်ဟာ ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လုပ်ဆောင် နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါမှတ်ချက်များကြောင့် သတင်းထောက်ဆက်ကောဟာ အဆိုပါဆွေးနွေးမှုကို အဆုံးသတ်ခဲ့ပြီး တောင်အာဖရိက ပြည်တွင်းရေးဆိုင်ရာမေးခွန်းများကို ပြောင်းလဲမေးမြန်းခဲ့ရပါတယ်။ ကလေးသူငယ်တွေကို ရုရှားနိုင်ငံထံ လွှဲပြောင်းပို့ဆောင်မှု အပါအဝင် အခြားစွပ်စွဲချက်နဲ့ ရုရှားသမ္မတပူတင် အပြင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီယာလိုဗာဘီလိုဗာ တို့ကို ICC က ပြီးခဲ့တဲ့ မတ်လလယ်က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

အဆိုပါ ဖမ်းဝရမ်းကို ရုရှားက ရှုတ်ချခဲ့ပြီး ဒီသီတင်းပတ်အတွင်း ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ICC အဖွဲ့ရဲ့ ရှေ့နေတွေနဲ့ တရားသူကြီးတို့ကို စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ICC က ဖမ္းဝရမ္းထုတ္ထားတဲ့ ႐ုရွားသမၼတပူတင္ကို ႀကိဳဆိုေၾကာင္း ေတာင္အာဖရိက အာဏာရပါတီေျပာ
ေရာင္နီ (NP News) - ေမ ၂၆

ေတာင္အာဖရိက အာဏာရပါတီျဖစ္တဲ့ အာဖရိက အမ်ိဳးသားကြန္ဂရက္ (ANC) ဟာ႐ုရွားသမၼတ ဗလာဒီမာပူတင္ ကို အခ်ိန္မေ႐ြးႀကိဳဆိုဖို႔ အဆင္သင့္ရွိတယ္လို႔ ပါတီအေထြေထြအတြင္းေရးမႉး ဖိကဲလာအမ္ဘာလူလာ က ဆိုပါ တယ္။ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC) က ဒီႏွစ္အေစာပိုင္းက ပူတင္ကို ဖမ္းဝရမ္း ထုတ္ခဲ့ျခင္းနဲ႔ပတ္သတ္ၿပီး ေတာင္အာဖရိကႏိုင္ငံ အစိုးရအေနနဲ႔ ဖမ္းဝရမ္းကို
အမွန္တကယ္ လိုက္နာဖို႔ ရွိ၊ မရွိ BBC HARDtalk မွ အစီအစဥ္တင္ဆက္သူ စတီဖင္ဆက္ေကာ က ေမးျမန္းရာမွာ အမ္ဘာလူလာက အခုလိုမ်ိဳးမွတ္ခ်က္ေပးခဲ့ျခင္းျဖစ္ပါတယ္။ (ANC) ပါတီအတြင္းေရးမႉးက “ANC အရဆိုရင္ ေတာ့၊ မနက္ျဖန္ေတာင္ သမၼတပူတင္ကို ကြၽန္ေတာ္တို႔ႏိုင္ငံကို လာေစခ်င္ပါတယ္။ ဒီလိုမလုပ္ဖို႔ ICC က ကန႔္သတ္ ခ်ဳပ္ခ်ယ္ထားတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

"ပူတင္က ႏိုင္ငံ့ေခါင္းေဆာင္ပါ။ ႏိုင္ငံ့ေခါင္းေဆာင္ကို ဘယ္ေနရာမွာမဆို ဖမ္းဆီးႏိုင္မယ္လို႔ ထင္လား" လို႔ ၎က ထပ္ေလာင္းေျပာၾကားကာ ပူတင္ဟာ ယူကရိန္းနဲ႔ ႐ုရွားၾကား ၿငိမ္းခ်မ္းေရးအတြက္ အမွန္တကယ္ လုပ္ေဆာင္ ေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါမွတ္ခ်က္မ်ားေၾကာင့္ သတင္းေထာက္ဆက္ေကာဟာ အဆိုပါေဆြးေႏြးမႈကို အဆုံးသတ္ခဲ့ၿပီး ေတာင္အာဖရိက ျပည္တြင္းေရးဆိုင္ရာေမးခြန္းမ်ားကို ေျပာင္းလဲေမးျမန္းခဲ့ရပါတယ္။ ကေလးသူငယ္ေတြကို ႐ုရွားႏိုင္ငံထံ လႊဲေျပာင္းပို႔ေဆာင္မႈ အပါအဝင္ အျခားစြပ္စြဲခ်က္နဲ႔ ႐ုရွားသမၼတပူတင္ အျပင္ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာေကာ္မရွင္နာ မာရီယာလိုဗာဘီလိုဗာ တို႔ကို ICC က ၿပီးခဲ့တဲ့ မတ္လလယ္က ဖမ္းဝရမ္း ထုတ္ခဲ့ပါတယ္။

အဆိုပါ ဖမ္းဝရမ္းကို ႐ုရွားက ရႈတ္ခ်ခဲ့ၿပီး ဒီသီတင္းပတ္အတြင္း ႐ုရွားစုံစမ္းစစ္ေဆးေရး ေကာ္မတီက ICC အဖြဲ႕ရဲ႕ ေရွ႕ေနေတြနဲ႔ တရားသူႀကီးတို႔ကို စြဲခ်က္တင္ခဲ့တယ္လို႔ သိရပါတယ္။

Picture

L Mone

26/05/2023 20:17

ကျွန်တော်ပြောပြမယ် အန်ပီ ရုရှားဟာ နေတိုး သစ္စာခံချင်လို့ ခံလိုက်ရတာ ရှင်းနေတာပါပဲ..။

Picture

L Mone

26/05/2023 20:19

စောရီး ယူကရိန်းဟာ အိမ်နီးနားချင်း ဆရာသခင်ကို သစ္စာဖောက်လို့ ခံလိုက်ရတာ ရှင်းနေတာပါပဲ..အိမ်နီးနားချင်းကို ဘာမှတ်နေကြလဲ မိတဲ့ မြန်မာပြည်က လူငယ်တွေ သိစေချင်တယ်ဗျာ..

Related news

© 2021. All rights reserved.