တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို လာမည့် ဇွန်လအတွင်း ထုတ်ပြန်ကြေညာမည်

940

ယွန်း (NP News) - မေ ၂၆
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့်ဇွန်လအတွင်း ထုတ်ပြန်ကြေညာနိုင်ရန် စီစဥ်လျှက်ရှိကြောင်း နစကမှ မီဒီယာများကို အသိပေး ပြောကြာလိုက်သည်။
လက်ရှိတွင် နစကအနေဖြင့် အောင်စာရင်းထုတ်ပြန်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပြီး အောင်စာရင်းထုတ်ပြန်မည့် ရက်ကို နိုင်ငံပိုင်မီဒီယာများ နှင့် သတင်းစာများမှတဆင့် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စာရင်းထုတ်ပြန်ရာတွင် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန၊ ကျောင်းများတွင် ကပ်ထားခြင်း အပါအဝင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ Website တွင်လည်း တစ်နိုင်ငံလုံး၏ အောင်စာရင်းများကို တင်ပေးသွား မည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် ဝေးလံသောဒေသများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာမရသည့် ဒေသများရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို လည်း မြန်မာ့အသံရေဒီယိုအစီအစဥ်မှ အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(၂ဝ၂၃) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် စတင်ကျင်းပခဲ့ပြီး သက်ဆိုင်ရာဘာသာရပ် အားလုံး၌ ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ) ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် (၂ဝ၂၂) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေစုစုပေါင်း (၂၈၁၇၅၁) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၄၆ ဒသမ ၈၈) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်ကလည်း KG မှ Grade-11 အထိ စာမေးပွဲဖြေဆိုထားသည့် ကျောင်းသားများ ၏ အောင်စာရင်းများကို ထုတ်ပြန်ကြေညာထားခဲ့သည်။

Zawgyi Version;
တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို လာမည့္ ဇြန္လအတြင္း ထုတ္ျပန္ေၾကညာမည္
ယြန္း (NP News) - ေမ ၂၆
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို လာမည့္ဇြန္လအတြင္း ထုတ္ျပန္ေၾကညာႏိုင္ရန္ စီစဥ္လွ်က္ရွိေၾကာင္း နစကမွ မီဒီယာမ်ားကို အသိေပး ေျပာၾကာလိုက္သည္။
လက္ရွိတြင္ နစကအေနျဖင့္ ေအာင္စာရင္းထုတ္ျပန္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ေအာင္စာရင္းထုတ္ျပန္မည့္ ရက္ကို ႏိုင္ငံပိုင္မီဒီယာမ်ား ႏွင့္ သတင္းစာမ်ားမွတဆင့္ အသိေပးေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေအာင္စာရင္းထုတ္ျပန္ရာတြင္ ေအာင္စာရင္းမ်ားကို သက္ဆိုင္ရာစာစစ္ဌာန၊ ေက်ာင္းမ်ားတြင္ ကပ္ထားျခင္း အပါအဝင္ ျမန္မာႏိုင္ငံစာစစ္ ဦးစီးဌာန၏ Website တြင္လည္း တစ္ႏိုင္ငံလုံး၏ ေအာင္စာရင္းမ်ားကို တင္ေပးသြား မည္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ျပင္ ေဝးလံေသာေဒသမ်ားႏွင့္ အင္တာနက္ အဆက္အသြယ္ေကာင္းစြာမရသည့္ ေဒသမ်ားရွိ စာစစ္ဌာနမ်ား၏ ေအာင္စာရင္းမ်ားကို လည္း ျမန္မာ့အသံေရဒီယိုအစီအစဥ္မွ ေအာင္စာရင္းထြက္သည့္ေန႔တြင္ ေၾကညာေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။
(၂ဝ၂၃) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ၿပီးခဲ့သည့္ မတ္လ(၈)ရက္တြင္ စတင္က်င္းပခဲ့ၿပီး သက္ဆိုင္ရာဘာသာရပ္ အားလုံး၌ ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅ဝ) ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ (၂ဝ၂၂) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္လည္း ေျဖဆိုသူ ေက်ာင္းသား၊ ေက်ာင္းသူဦးေရစုစုေပါင္း (၂၈၁၇၅၁) ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ ရာခိုင္ႏႈန္းအေနျဖင့္ (၄၆ ဒသမ ၈၈) ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဧၿပီလ(၂၇)ရက္ကလည္း KG မွ Grade-11 အထိ စာေမးပြဲေျဖဆိုထားသည့္ ေက်ာင္းသားမ်ား ၏ ေအာင္စာရင္းမ်ားကို ထုတ္ျပန္ေၾကညာထားခဲ့သည္။