Move Forward ပါတီဦးဆောင်တဲ့အစိုးရအသစ်လက်ထက်မှာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး “quiet diplomacy” ပုံစံမျိုးကျင့်သုံးခြင်းကို ဖယ်ခွာသွားဖွယ်ရှိနေ

 1098

ဂျန်ဇက် (NP News) - မေ ၂၇

Move Forward ပါတီ ဦးဆောင်ပြီး ထိုင်းအစိုးရအသစ် ဖြစ်လာချိန်မှာ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအရေးကိစ္စတွေ နဲ့ နိုင်ငံတကာအရေးကိစ္စတွေကိုတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း Move Forward ပါတီ ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရေး အခက်အခဲများကိုဖြေရှင်းဖို့ ကြိုးပမ်းရာမှာ လက်ရှိအစိုးရ ကျင့်သုံးနေတဲ့ တိတ်ဆိတ်သော သံတမန်ရေး “quiet diplomacy” ပုံစံမျိုးကျင့်သုံးခြင်းကနေ ဖယ်ခွာသွားဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့သားဖြစ်သူ Fuadi Pitsuwan က ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ Move Forward ပါတီ ခေါင်းဆောင်ပီတာ ဟာ Fuadi Pitsuwan ကို ပါတီနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးရာမူဝါဒအကြံပေးအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ပါတီဟာ လက်ရှိအချိန်မှာ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ အခြားနိုင်ငံရေးပါတီ ၇ ပါတီနဲ့ ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ကြိုးပမ်းနေပါတယ်။ Fuadi Pitsuwan က လာမယ့်ထိုင်းအစိုးရအဖွဲ့အသစ်ဟာ အာဆီယံအဖွဲ့အတွင်းရှိ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို ပြန်လည်သုံးသပ်သွားမှာဖြစ်သလို တရုတ်နိုင်ငံ နဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ဆက်ဆံ ရေးကို ဟန်ချက်ညီအောင် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

၎င်းက "ထိုင်းနိုင်ငံဟာ ဒေသအတွင်းမှာဖြစ်ပွားနေတဲ့ ထိပ်တိုက်တွေ့ဆုံရေး အခက်အခဲတွေနဲ့ပတ်သက်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံရေးပြဿနာတွေပါ။ လေထုညစ်ညမ်းမှု ကိစ္စတွေကိုလည်း ဆောင်ရွက်ရမှာဖြစ်တယ်။ မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ နှုတ်ဆိတ် နေတဲ့အချိန်များစွာ ရှိခဲ့တယ်။ ဒါပေမယ့် လာမယ့်အစိုးရသစ်လက်ထက်မှာတော့ နှုတ်ဆိတ်တဲ့ သံတမန်ရေး နည်းလမ်းကို အသုံးမပြုသင့်တော့ဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီတန်ဖိုးတွေကို အခြေခံပြီး ပြောဆိုရမယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ နိုင်ငံတကာအခန်းကဏ္ဍမှာလည်း တက်ကြွစွာနဲ့ ပိုမိုပါဝင်သွားမှာဖြစ်ပြီး အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေမှာ အခြားနိုင်ငံများနဲ့အတူ ပိုမို ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ နစကကို ဝေဖန်ပြစ်တင်ရမှာဖြစ်သလို မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့ အစည်းများနဲ့ ပူးပေါင်းအလုပ်လုပ်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Move Forward ပါတီခေါင်းဆောင်ဖြစ်သူ ပီတာဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့အကြံပေးဖြစ်သူ Padung Limjaroenrat ရဲ့ မြေးဖြစ်သလို ထိုင်းစိုက်ပျိုးရေးဝန်ကြီး ဌာနရဲ့အကြံပေးဖြစ်သူ Pongsak Limjaroenrat ရဲ့သားအကြီးဆုံးဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန်နိုင်ငံ ဟားဗက် တက္ကသိုလ်၊ တက္ကဆက်တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အနောက်အုပ်စုလိုလားသူအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပါတယ်။

Zawgyi Version;
Move Forward ပါတီဦးေဆာင္တဲ့အစိုးရအသစ္လက္ထက္မွာ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး “quiet diplomacy” ပုံစံမ်ိဳးက်င့္သုံးျခင္းကို ဖယ္ခြာသြားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေမ ၂၇

Move Forward ပါတီ ဦးေဆာင္ၿပီး ထိုင္းအစိုးရအသစ္ ျဖစ္လာခ်ိန္မွာ ထိုင္းႏိုင္ငံအေနနဲ႔ အာဆီယံအေရးကိစၥေတြ နဲ႔ ႏိုင္ငံတကာအေရးကိစၥေတြကိုတက္ႂကြစြာ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း Move Forward ပါတီ ရဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကံေပးျဖစ္သူက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံေရး အခက္အခဲမ်ားကိုေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာ လက္ရွိအစိုးရ က်င့္သုံးေနတဲ့ တိတ္ဆိတ္ေသာ သံတမန္ေရး “quiet diplomacy” ပုံစံမ်ိဳးက်င့္သုံးျခင္းကေန ဖယ္ခြာသြားဖြယ္ရွိေနေၾကာင္း ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္းရဲ႕သားျဖစ္သူ Fuadi Pitsuwan က ေျပာပါတယ္။

ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံး အႏိုင္ရခဲ့တဲ့ Move Forward ပါတီ ေခါင္းေဆာင္ပီတာ ဟာ Fuadi Pitsuwan ကို ပါတီနဲ႔ပတ္သက္တဲ့ ႏိုင္ငံျခားေရးရာမူဝါဒအႀကံေပးအျဖစ္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ခန႔္အပ္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါ ပါတီဟာ လက္ရွိအခ်ိန္မွာ အစိုးရသစ္ဖြဲ႕စည္းႏိုင္ဖို႔ အျခားႏိုင္ငံေရးပါတီ ၇ ပါတီနဲ႔ ၫႊန္ေပါင္းအစိုးရ ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းေနပါတယ္။ Fuadi Pitsuwan က လာမယ့္ထိုင္းအစိုးရအဖြဲ႕အသစ္ဟာ အာဆီယံအဖြဲ႕အတြင္းရွိ ထိုင္းႏိုင္ငံရဲ႕အခန္းက႑ကို ျပန္လည္သုံးသပ္သြားမွာျဖစ္သလို တ႐ုတ္ႏိုင္ငံ နဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ဆက္ဆံ ေရးကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

၎က "ထိုင္းႏိုင္ငံဟာ ေဒသအတြင္းမွာျဖစ္ပြားေနတဲ့ ထိပ္တိုက္ေတြ႕ဆုံေရး အခက္အခဲေတြနဲ႔ပတ္သက္ၿပီး တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ဖို႔ လိုအပ္တယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံေရးျပႆနာေတြပါ။ ေလထုညစ္ညမ္းမႈ ကိစၥေတြကိုလည္း ေဆာင္႐ြက္ရမွာျဖစ္တယ္။ ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး ထိုင္းႏိုင္ငံဟာ ႏႈတ္ဆိတ္ ေနတဲ့အခ်ိန္မ်ားစြာ ရွိခဲ့တယ္။ ဒါေပမယ့္ လာမယ့္အစိုးရသစ္လက္ထက္မွာေတာ့ ႏႈတ္ဆိတ္တဲ့ သံတမန္ေရး နည္းလမ္းကို အသုံးမျပဳသင့္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ဟာ ဒီမိုကေရစီတန္ဖိုးေတြကို အေျခခံၿပီး ေျပာဆိုရမယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံဟာ ႏိုင္ငံတကာအခန္းက႑မွာလည္း တက္ႂကြစြာနဲ႔ ပိုမိုပါဝင္သြားမွာျဖစ္ၿပီး အထူးသျဖင့္ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရးနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာလုပ္ငန္းေတြမွာ အျခားႏိုင္ငံမ်ားနဲ႔အတူ ပိုမို ပူးေပါင္းေဆာင္႐ြက္မွာျဖစ္တယ္လို႔ ၎က ေျပာပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ နစကကို ေဝဖန္ျပစ္တင္ရမွာျဖစ္သလို ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕ အစည္းမ်ားနဲ႔ ပူးေပါင္းအလုပ္လုပ္ရမွာျဖစ္ေၾကာင္း ၎က ေျပာပါတယ္။

Move Forward ပါတီေခါင္းေဆာင္ျဖစ္သူ ပီတာဟာ ထိုင္းျပည္ထဲေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ျဖစ္သလို ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕အႀကံေပးျဖစ္သူ Padung Limjaroenrat ရဲ႕ ေျမးျဖစ္သလို ထိုင္းစိုက္ပ်ိဳးေရးဝန္ႀကီး ဌာနရဲ႕အႀကံေပးျဖစ္သူ Pongsak Limjaroenrat ရဲ႕သားအႀကီးဆုံးျဖစ္ပါတယ္။ ၎ဟာ အေမရိကန္ႏိုင္ငံ ဟားဗက္ တကၠသိုလ္၊ တကၠဆက္တကၠသိုလ္တို႔မွာ ပညာသင္ၾကားခဲ့ဖူးသူျဖစ္ရာ အေနာက္အုပ္စုလိုလားသူအျဖစ္ သတ္မွတ္ ခံထားရသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.