“ကြိုက်တဲ့ ယောကျာ်းကိုလက်ခံ အတူအိပ်နိုင်တဲ့ မိန်းမကြီးစိုးတဲ့ ကမ္ဘာ” (ဘာသာပြန်ဆောင်းပါး)

 10373

မောင်တင်ထွန်း (နတ်မောက်) (NP News) - မေ ၂၈

အဲဒီလို ဓလေ့ထုံးစံရှိတဲ့ လူ့အဖွဲ့အစည်း ကမ္ဘာပေါ်မှာ တကယ်ရှိနိုင်သလား၊ တကယ်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ မိုင်တစ်ရာကျော်သာဝေးတဲ့နေရာမှာပါ။ သူတို့က တိဗက် ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး Sino-Tibetan ဘာသာစကား မိသားစုဝင် Lolo-Burmese ဘာသာစကားအုပ်စုထဲက “န” ဘာသာစကားကိုပြောဆိုကြတဲ့ မိုဆိုးလူမျိုးစုပါ။

မိုဆိုး လူမျိုးစုဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ စစ်ချွမ်းပြည်နယ် နယ်စပ် ယုန်းနင်ဒေသ၊ လုကူ ရေအိုင် အနီးတဝိုက်က လဘိုင်၊ မုလီနဲ့ ယန်ယွမ်တို့မှာနေထိုင်ကြပါတယ်။ အဲဒီဒေသဟာ မြန်မာနိုင်ငံမြောက်ဖျား တရုတ်နိုင်ငံနဲ့ နယ်စပ်ကနေ အရှေ့ဘက်ကိုအဖြောင့်တိုင်းရင် မိုင် (၁၃၀) ကျော်သာဝေးပါတယ်။

သူတို့ဟာ နာရှီး လူမျိုးတွေနဲ့ ယဉ်ကျေးမှုအားဖြင့် မတူကြပေမယ့် တရုတ်အစိုးရက မိုဆိုး လူမျိုးကို နာရှီး မျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားပါတယ်။ နာရှီးလူမျိုးက လူဦးရေ (၃၂၀,၀၀၀) လောက်ရှိပြီး မိုဆိုးလူမျိုးက လူဦးရေ (၄၀၀၀၀)ခန့်ရှိပါတယ်။

မိုဆိုးလူမျိုးတွေကို တရုတ်နိုင်ငံက “မိခင်မျိုးရိုးလိုက်တဲ့ နောက်ဆုံးလူ့အဖွဲ့အစည်း” လို့သတ်မှတ်ကြပါ တယ်။ မိုဆိုးတွေကိုယ်တိုင်ကလည်း မိခင်မျိုးရိုးလိုက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံလို့လက်ခံအသိအမှတ်ပြုကြပြီး ဒီအချက်ကြောင့် စိတ်ဝင်စားမှုတိုးလာကာ ခရီးသွားတွေကို ဆွဲဆောင်ပါတယ်။ သူတို့ဟာ မိခင်ကကြီးစိုးတဲ့ ယဉ် ကျေးမှုဓလေ့ထုံးစံကိုလည်းကျင့်သုံးပါတယ်။ ဒါကြောင့် မိသားစုတစ်စုမှာ မိခင်နဲ့ သားတွေသမီးတွေ၊ မြေးတွေ ညီအစ်ကိုမောင်နှမနဲ့ တူ-တူမတွေသာရှိပြီး ဖခင်နဲ့ ဇနီးမယားမရှိပါဘူး။ ဒါကြောင့် အိမ်ထောင်ရဲ့ စီးပွားရေး လူမှုရေးဆိုင်ရာကိစ္စအဝဝကို မိခင်တွေကသာဆုံးဖြတ်ကြပါတယ်။ သားသမီးတွေရဲ့ အမည်နောက်မှာ သူတို့ အမေရဲ့ အမည်ကိုထည့်ပါတယ်။ ဒီလိုနည်းနဲ့ ဘယ်အိမ်ထောင်စုဝင်ဖြစ်တယ်ဆိုတာ သိရှိကြပါတယ်။

မိုဆိုးလူမျိုးတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြပါတယ်။ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွား နဲ့ ယပ်က် Yak လို့ခေါ်တဲ့ တိဗက်အမွေးရှည်နွားတွေလည်းမွေးမြူကြပါတယ်။ မိုဆိုးတွေအနေနဲ့ ကိုယ့်ဘာသာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပြီး နေ့စဉ်လိုအပ်ချက်တွေကို လုံလောက်အောင် ဖြေရှင်းနိုင်ကြပါတယ်။ အစားအစာ တွေကို တာရှည်ခံဖို့ အချဉ်တည်တာ၊ နေလှမ်းတာနဲ့ ကြပ်တိုက်တာ လုပ်လေ့ရှိပါတယ်။ မိုဆိုးတွေလုပ်တဲ့ ဝက်ပေါင်ခြောက်က နာမည်ကြီးပါတယ်။ တချို့ဝက်ပေါင်ခြောက်တွေက (၁၀)နှစ်နဲ့ အထက်သက်တမ်းရှိကြပါ တယ်။

ဒေသထွက် သီးနှံတွေနဲ့လုပ်တဲ့ ဆူလီမာ လို့ခေါ်တဲ့ ခေါင်ရည်တစ်မျိုးကို သောက်လေ့ရှိပါတယ်။ မူးယစ်ရီဝေ စေတဲ့ဆူလီမာကို ပုံမှန်အားဖြင့် ဧည့်သည်ဧည့်ခံတာနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ သောက်သုံးကြပါတယ်။ အခြေခံအား ဖြင့် ကုန်ပစ္စည်းချင်းဖလှယ်တဲ့ စီးပွားရေးစနစ်ကိုကျင့်သုံးကြပေမယ့် ပြင်ပလောကနဲ့ ထိတွေ့ဆက်ဆံတာများ လာတဲ့အတွက် ယခုအချိန်မှာတော့ ငွေကြေးကိုအခြေခံတဲ့ ကုန်သွယ်ရေးစနစ်က တဖြည်းဖြည်းနေရာယူလာပါတယ်။

မိုဆိုးတို့ဟာ အိမ်ဆောက်တဲ့အခါ အလယ်မှာ ကွက်လပ်ထားပြီး လေးဘက်လေးတန်က အဆောက်အဉီး ဆောက်ပါတယ်။ မြေညီထပ်မှာ ကျွဲ၊ နွား၊ မြင်း၊ ကြက်၊ ဘဲ၊ ဝက်၊ ငန်း စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေထားပါတယ်။ ချက်ပြုတ်တာ၊ စားသောက်တာနဲ့ ဧည့်သယ်ကို ဧည့်ခံတာကို အောက်ထပ်ကိုပဲအသုံးပြုပြီး အပေါ်ထပ်မှာတော့ ပစ္စည်းသိုလှောင်တာနဲ့ အိပ်ခန်းတွေအဖြစ်သုံးကြပါတယ်။

အမျိုးသမီးတွေရဲ့ ကဏ္ဍ
မိုဆိုး မိန်းကလေးက အရွယ်ရောက်လာတဲ့အခါ ဘဝတစ်လျှောက် ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ သင်ယူရပါတယ်။ မိုဆိုးအမျိုးသမီးတွေက အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်‌ရေး၊ ထင်းခွေ ရေခတ်၊ ဗိုင်းငင်၊ အထည်ယက်စတဲ့ အိမ်အလုပ်တွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်တဲ့အလုပ်ကိုပါ လုပ်ကိုင်ရပါတယ်။ အတိတ်ကာလက ပြင်ပနဲ့ကူးလူးဆက်သွယ်မှုနည်းပါးခဲ့တော့ အိမ်ရဲ့ လိုအပ်တဲ့ ပစ္စည်းကရိယာမှန်သမျှ အမျိုးသမီးတွေကပဲ ထုတ်လုပ်ရပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ မိုဆိုး အမျိုးသမီးတွေဆိုရင် ယက်ကန်းစင်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ ဘယ်လိုအဝတ်အထည်ဖြစ်အောင် လုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

အမျိုးသားတွေရဲ့ ကဏ္ဍ
မိုဆိုး အမျိုးသားတွေအတွက် သူတို့လူ့အဖွဲ့အစည်းမှာ အလုပ်သိပ်လုပ်စရာမရှိပါဘူး။ တစ်နေလုံးအနားယူ ပြီး ညအချိန်လည်ပတ်ဖို့အတွက် အားမွေးရပါတယ်။ ဒါပေမယ့် ဘာတာဝန်မှ မရှိတာတော့မဟုတ်ပါ။ မိသားစု အတွင်းမှာ သူ့အမေကမွေးလာတဲ့ ညီတွေ ညီမတွေနဲ့ တူတွေ၊ တူမတွေစတဲ့ မိသားစုအတွင်းက ကလေးတွေကို ကူညီစောင့်ရှောက်ရပါတယ်။ အိမ်ဆောက်တာ၊ အမဲလိုက်တာ၊ ငါးမျှားတာ စတာတွေကို အမျိုးသားတွေက လုပ် ကြပါတယ်။ ဒီအလုပ်တွေကို သူတို့ရဲ့အစ်ကိုတွေနဲ့ ဦးလေးတွေဆီက သင်ယူကြရပါတယ်။ အမျိုးသားတွေက မိသားစုစားဖို့လိုတဲ့အခါ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်တဲ့အလုပ်ကိုလည်းလုပ်ကြရပါတယ်။ ဒီအလုပ်မျိုး မှာ အမျိုးသမီးတွေက ပါဝင်လေ့မရှိပါ။

မိခင်မျိုးရိုးယူခြင်း
မိုဆိုးမိသားစုတွေဟာ မိခင်ရဲ့ မျိုးရိုးနောက်ကိုပဲလိုက်ပါတယ်။ အမည်မှည့်တဲ့အခါ မိမိအမည်နောက်ဆုံး မှာ အမိအမည်ကိုထည့်ရပါတယ်။ အမှန်စင်စစ် မိသားစုဝင် ညီအစ်ကို မောင်နှမတွေ၊ တူ၊ တူမတွေမှာ ဘယ်သူဘယ်ဝါဟာ ဖခင်ဖြစ်တယ်ဆိုတာ အသေအချာမသိကြပါဘူး။ ဒီလိုမသိလို့လည်း ( လင်ကောင်မပေါ်ဘဲ မွေးလာတဲ့ ကလေးဆိုတဲ့ နာမည်ပျက်မှုမျိုး ) သူတို့လူ့အသိုင်းအဝိုင်းမှာ မရှိပါ။ ပုံမှန် အခြေအနေသာဖြစ်ပါတယ်။ ကလေးတွေဟာ မိခင်ရဲ့ မိသားစုက ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ စိုက်ပျိုး မြေစတာတွေကို နေထိုင်အသုံးပြုခွင့်ရှိပါတယ်။

မိခင်ကြီးစိုးခြင်း
မိသားစုတစ်စုမှာ အမေကြီးက အိမ်ထောင်ဦးစီးပါ။ အမေကြီးမှာ အာဏာအပြည့်ရှိပါတယ်။ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို အမေကြီးက ဆုံးဖြတ်ပါတယ်။ မိသားစုအတွင်းက အိမ်အလုပ်တွေ၊ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမျိုးသမီးတွေကပဲ ချမှတ်ပါတယ်။ မိသားစုဝင်တိုင်းရဲ့ ငွေရေး ကြေးရေးနဲ့ အလုပ်တွေကို အမျိုးသမီးတွေက စီမံပါတယ်။ တကယ်လို့ အိမ်ထောင်ဦးစီး အမေကြီးက သူ့တာဝန်တွေကို လွှဲအပ်ချင်တဲ့အခါ သူအမြဲကိုင်ထားလေ့ရှိတဲ့ ပစ္စည်းသိုလှောင်ရာ အခန်းသော့တွေကို သူလွှဲချင်တဲ့ သမီးတစ်ယောက်ယောက်ကို ပေးအပ်လိုက်ရုံပါဘဲ။ အိမ်ခြံမြေ၊ အခြေပစ္စည်းပိုင်ဆိုင်မှုနဲ့ တာဝန်ရှိမှုအဝဝ လွှဲပြောင်းပေးအပ်လိုက်ပြီဆိုတဲ့ သင်္ကေတပါ။

လမ်းလျှောက် လက်ထပ်ခြင်း (走婚 zǒu hūn in Chinese)
မိုဆိုး မိန်းကလေးတစ်ယောက် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်းရောက်လာပြီး ပထမဆုံးရာသီသွေးလာ တဲ့အချိန်မှာ အပျိုဖော်ဝင်တဲ့အထိမ်းအမှတ်ပွဲလုပ်ပါတယ်။ ဒါကသူတို့ရဲ့ဘဝမှာအရေးအကြီးဆုံးအချိန်ပါဘဲ။ “စကတ်” ပွဲလို့ခေါ်ဆိုကြတဲ့ အပျိုဖော်ဝင်ပွဲနောက်ပိုင်းမှာ အမျိုးသမီးလေးတွေဟာ စကတ်ကိုစတင်ဝတ် ဆင်ရပြီး သူတို့ကိုယ်ပိုင် အိပ်ခန်းတစ်ခန်းရရှိပါတယ်။ အဲဒီအိပ်ခန်းထဲကို သူတို့နှစ်သက်တဲ့ ယောကျာ်းကလေးကို ဖိတ်ခေါပြီးအတူအိပ်စက်ဖို့ အခွင့်အရေးရှိပါတယ်။ ဖိတ်ခေါ်ခံရတဲ့ ယောက်ကျားကလေးဟာ မှောင်တာနဲ့ အဲဒီ အခန်းကိုသွား၊ တစ်ညလုံး အဲဒီအမျိုးသမီးနဲ့အတူအိပ်စက်ပြီး မနက်လင်းတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရပါတယ်။ မိန်းကလေးရဲ့ အမေ၊ အဖွားနဲ့ မိသားစုဝင်များက မမြင်မကြားချင်ယောင်ဆောင်နေရပါတယ်။ အမျိုးသမီးအနေနဲ့ မိမိကြိုက်နှစ်သက်သ‌လောက် ယောကျာ်းကလေးတွေကို ဖိတ်ခေါ်ခွင့်ရှိပါတယ်။ တစ်ချိန်ထဲ ယောကျာ်းကလေး အများအပြားကို ခေါ်အိပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဓလေ့ထုံးစံကို အားလုံးကလက်ခံအသိအမှတ် ပြုထားတာဖြစ်ပေမဲ့ လက်တွေ့မှာ သိုသိုသိပ်သိပ် လိုက်နာလုပ်ဆောင်ကြတာပါ။

အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းအများအပြားကို တစ်ချိန်ထဲဖြစ်စေ၊ တစ်ရက်တစ်ယောက်ဖြစ်စေ ဖိတ်ခေါ်အိပ်စက်ခွင့်ရှိတယ်ဆိုပေမယ့် မိုဆိုးအမျိုးသမီးတော်တော်များကတော့ တစ်ချိန်မှာ တစ်ယောက်ထဲကိုပဲ ဖိတ်ခေါ် ပြီး အဲဒီတစ်ယောက်နဲ့နှစ်ပေါင်းများစွာအတူ အိပ်စက်ကြတာမျိုးများပါတယ်။ တကယ်လို့ သူတို့ဟာ ဘဝတစ်သက်တာ ပါတနာတွေအဖြစ် ဆုံးဖြတ်ခဲ့ကြရင်လည်း ဘယ်တော့မှ လက်ထပ်ထိမ်းမြားမှာမဟုတ်သလို၊ တစ်အိမ်ထဲအတူနေတာနဲ့ အတူတကွ ဥစ္စာပစ္စည်းပိုင်ဆိုင်တာကိုတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ဒါ့ပြင် မွေးဖွားလာတဲ့ ကလေးအပေါ်လည်း ဖခင်ဖြစ်တဲ့သူက တာဝန်မရှိသလို၊ ကလေးကလည်း သူ့အဖေ ဘယ်သူ ဆိုတာမသိပါဘူး။ မိုဆိုးယောကျာ်းကလေးတစ်ယေက်အနေနဲ့လည်း ဒီနေ့မှာ မိန်းကလေးတစ်ယောက်ရဲ့ အခန်း ကို သွားအိပ်ပြီး နောက်တစ်နေ့မှာ အခြားမိန်းကလေးတစ်ယောက်ရဲ့အခန်းကို သွားအိပ်တာမျိုးလည်းဖြစ် နိုင်ပါ တယ်။ သူ့ကို ဖိတ်ခေါ်တဲ့ မိန်းကလေးတိုင်းရဲ့အိမ်ကို အလှည့်ကျသွားအိပ်နိုင်ပါတယ်။

တကယ်လို့ မိန်းကလေးအနေနဲ့ ဒီလိုလမ်းလျှောက်လက်ထပ်ခြင်းကို ရပ်စဲလိုတယ်ဆိုရင်၊ ယောကျာ်း လေးကို သူမရဲ့အိပ်ခန်းကို အလည်မလာတော့ဖို့ တိုက်ရိုက်ပြောနိုင်ပါတယ်။ ယောကျာ်းလေးဘက်က အဆုံးသတ်ချင်တယ်ဆိုရင်လည်း မိန်းခလေးကို မလာတော့ဘူးလို့ အကြောင်းကြားလိုက်ပြီး သူမထံကို ရက်ရှည် မသွားဘဲနေလိုက်ခြင်းအားဖြင့် အဆုံးသတ်နိုင်ပါတယ်။ မိမိရဲ့ပါတနာက တခြားတစ်ယောက်ယောက်နဲ့ အိပ်နေတာ ကိုသိရှိခဲ့ရင်လည်း၊ သူ့ဆီကို မီးသွေး၊ ငရုတ်ကောင်းနဲ့ ကြက်မွေးတွေကို အထုတ်ထဲထည့်ပေးပို့ပြီး သတိပေးတာ၊ ဒါမှမဟုတ် ဆက်ဆံရေးဖြတ်တောက်တော့မယ့်အကြောင်း တိုက်ရိုက်ပြောနိုင်ပါတယ်။

မိုဆိုးလူမျိုးတို့ရဲ့ ဒီဓလေ့ထုံးစံနဲ့ပတ်သက်ပြီး မိုဆိုးမိန်းမတွေကို အလေလိုက်သူ၊ ပြည့်တန်ဆာစသဖြင့် မှားယွင်းစွပ်စွဲကြသလို ယောက်ကျားကလေးတွေကိုလည်း ဘာအလုပ်မှမလုပ်တဲ့ မျိုးစပ်ဝက်သိုးကြီးတွေလို အမနာပ တံဆိပ်ကပ်ကြတာလည်းရှိပါတယ်။ နှစ်သက်သဘောကျသူတွေကလည်း ဒီဓလေ့ကို လွတ်လပ်တဲ့ အချစ် Free love ဒါမှမဟုတ် လိင်ကိစ္စလွတ်လပ်သူများလို့ ထောမနာပြုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဓလေ့ ကြောင့် အများရဲ့စိတ်ဝင်စားမှုခံရပြီး အဲဒီဒေသကို ခရီးသွားတွေအများအပြားလာလည်ကြတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တရုတ်အမျိုးသမီးတစ်ယောက်ဟာ ယူနန်ပြည်နယ်က မိုဆိုးလူမျိုး ဒေသကို အလည်အပတ်သွားရင်း မိုဆိုးယောကျာ်းလေးတွေနဲ့ အပျော်တန်းလိင်ဆက်ဆံခဲ့တဲ့ လမ်းလျှောက် လက် ထပ်ခြင်းအတွေ့အကြုံဆိုတဲ့ ခရီးသွားဗဟုသုတ “ဒိုင်ယာရီ လေးအုပ်” ဆိုတာကို ရေးခဲ့ရာမှာ ငြင်းကြခုန်ကြ နဲ့ ဆူညံပွက်လောရိုက်သွားခဲ့ဖူးပါတယ်။

ကြည့်ရှုသူသန်းပေါင်းများစွာရဲ့ တုန့်ပြန်မှုရခဲ့တဲ့ သူမရဲ့ ဘလော့ဂ်ပို့စ်ကို တရုတ်အွန်လိုင်းသုံးစွဲသူတွေက ဝေဖန်ကြရာမှာ သူမလို ခေတ်မီလူ့အဖွဲ့အစည်းမှာနေထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိုဆိုးတိုင်းရင်း သားတွေရဲ့ ရှေးရိုးစဥ်လာယုံယုံကြည်ကြည် ထိန်းသိမ်းလာတဲ့ ဓလေ့ထုံးစံဖြစ်တဲ့ “လမ်းလျှောက် လက်ထပ်ထိမ်း မြားခြင်း” ဆိုတာမှာ ပါဝင်ဖို့ အရည်အသွေးမပြည့်ပါ (မထိုက်တန်ပါ) လို့မှတ်ချက်ပေးကြပါတယ်။

ဘာပဲဖြစ်ဖြစ် အွန်လိုင်းမှာဝေဖန်သူတစ်ချို့ကတော့ မိုဆိုးတို့ရဲ့ လမ်းလျှောက်လက်ထပ်ထိမ်းမြားတဲ့ ဓလေ့ကို ယနေ့ခေတ်မီလူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးသင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်လူငယ်တွေအနေနဲ့ မင်္ဂလာပွဲကျင်းပဖို့၊ ခန်းဝင်ကြေးပေးဖို့၊ တင်တောင်းငွေပေးဖို့၊ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ စတဲ့ စိတ်ပူပန်ရတဲ့ စီးပွားရေးဖိအားတွေမရှိဘဲ လွတ်လွတ်လပ်လပ်ချစ်နိုင်ကြလို့ ဖြစ်တယ်၊ ဒါ့ပြင်ယောကျာ်းလေးတွေ အနေနဲ့ ကလေးတွေကို အဖွားအုပ်ချုပ်တဲ့ မိန်းမအိမ်ဘက်မှာနေစေခြင်းအားဖြင့် ယောကျာ်းတွေ အတွက် ကလေးကိုထိန်းသိမ်းရတဲ့တာဝန်ဝတ္တရားတွေက လွတ်လပ်မှုရစေတယ်လို့ မှတ်ချက်ပေးကြတာလည်းရှိပါတယ်။

မိုဆိုးတို့အနေနဲ့ မိန်းမတွေက မိသားစုကိစ္စမှာ အလုံးစုံ အာဏာရှိတယ်။ မိန်းမတွေက လိင်ဆက်ဆံ‌ရေးမှာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုး မစဉ်းစားကြပါ။ တင်းကြပ်တဲ့ ဆက်ဆံရေး စည်းဘောင်တွေရှိတဲ့ အိမ် ထောင်ပြုမှုထက် မိသားစုနဲ့ လူ့အဖွဲ့အစည်း ညီညီညွတ်ညွတ်နဲ့ ပဋိပက္ခလျော့နည်းရေးကိုသာ အာရုံစိုက်ကြပါ တယ်။ ဒီစနစ်မှာ မိန်းမရော၊ ယောက်ကျားတွေပါ မိသားစုဟာ အဓိက ဦးစားပေးနေရာမှာရှိပြီး မိန်းမရော ယောကျာ်းပါ နှစ်ဖက်လုံးက သူတို့မိခင်ရဲ့ မိသားစုနဲ့သာ တစ်သက်လုံးနေထိုင်သွားကြရတာဖြစ်ပါတယ်။ ဒါကြောင့် မိုဆိုးလူမျိုးတွေဟာ သူတို့သားသမီးတွေ ကျား-မ ဖြစ်မှုအပေါ် သိပ်ဂရုမစိုက်ကြပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရဲ့ သားသမီးတွေက ကျားဖြစ်စေ၊ မဖြစ်စေ သက်ဆိုင်ရာမိသားစုဝင် အကြီးတွေက ဂရုစိုက်သွား ကြမှာဖြစ်လို့ပါဘဲ။ တကယ်လို့ မိသားစုထဲမှာ ကျား-မ ပါဝင်မှုမမျှမတဖြစ်နေရင်တော့ လိုအပ်နေတဲ့ ကျား ဒါမှ မဟုတ် မ ကိုမွေးစားတာ၊ ဒါမှမဟုတ် အပြန်အလှန်ဖလှယ်တာလုပ်ခြင်းအားဖြင့် ကျား-မ ပါဝင်မှုကို မျှတအောင် ထိန်းညှိတတ်ကြပါတယ်။

မိုဆိုးလူ့အဖွဲ့အစည်းကို တရုတ်ပြည်ရဲ့ တခြားဒေသတွေနဲ့ အနောက်တိုင်းကမ္ဘာက သိရှိလာတဲ့အခါ နောက် မျိုးဆက်လူငယ်တွေက၊ မူလဓလေ့ထုံးစံကိုစွန့်လွှတ်ပြီး တရုတ်လူမျိုးတွေရဲ့ လက်ထပ်ထိမ်းမြားတဲ့ ဓလေ့တွေကို အတုခိုးလာကြပါတယ်။

“မိုဆိုးလူမျိုးတွေဟာ ၁၉၆၀ ခုနှစ်များကတည်းက အစိုးရက ဦးဆောင်ဆော်သြခဲ့တဲ့ တည်ငြိမ်တဲ့ ပုံမှန် လက်ထပ်ခြင်းမျိုးကို လိုက်နာခဲ့ကြပါတယ်။ ဒါကြောင့် လမ်းလျှောက် လက်ထပ်တဲ့ ဓလေ့က တဖြည်းဖြည်းနဲ့ တော့ နည်းပါးလာပါပြီ” လို့ မိုဆိုးလူမျိုး ခရီးသွားလမ်းညွှန်တစ်ယောက်ကပြောပါတယ်။

တရုတ်တိုင်းရင်းသားတက္ကသိုလ်က ရိုးရာယဉ်ကျေးမှု သုတေသနစင်တာက ပါမောက္ခ ထောက်လီ Tao Li က လူသားမျိုးနွယ်တွေအနေနဲ့ နောက်ဆုံးမှာ တစ်ခုလုံးလွှမ်းခြုံတဲ့ တရားဝင်စနစ်တစ်ခုအဖြစ် တစ်လင်တစ်မယား စနစ်ကို ရွေးချယ်ပြီးဖြစ်တယ်။ မိသားစုတွေရဲ့တည်ငြိမ်မှု၊ မျိုးနွယ်စု၊ လူ့အဖွဲ့အစည်းနဲ့ လူမှုရေးဖြစ်ပေါ်တိုးတက် မှုတွေကို တစ်လင်တစ်မယားလက်ထပ်ထိမ်းမြားခြင်းစနစ်ကသာ အာမခံချက်ရှိစေပါတယ်လို့ဆိုပါတယ်။ တစ်လင်တစ်မယား လက်ထပ်ထိမ်းမြားခြင်းစနစ် ကျယ်ပြန့်လာတာနဲ့အမျှ လမ်းလျှောက်လက်ထပ် ထိမ်းမြားခြင်းဆိုတဲ့ မိုဆိုး မျိုးနွယ် စုတွေရဲ့ ဓလေ့ဟာ တဖြည်းဖြည်းခြင်း မှေးမှိန်ကွယ်ပျောက်စပြုလာနေပါပြီ။

Ref : The Land Where Women Rule: Inside China's Last Matriarchy
: The walking marriage of Mosuo ethnic group
: Mosuo by Wikipedia
: Weaving and Scheming: Adventures on Planet Mosuo

zawgyi version
“ႀကိဳက္တဲ့ ေယာက်ာ္းကိုလက္ခံ အတူအိပ္ႏိုင္တဲ့ မိန္းမႀကီးစိုးတဲ့ ကမာၻ” (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ေမ ၂၈

အဲဒီလို ဓေလ့ထုံးစံရွိတဲ့ လူ႔အဖြဲ႕အစည္း ကမာၻေပၚမွာ တကယ္ရွိႏိုင္သလား၊ တကယ္ရွိပါတယ္။ ျမန္မာႏိုင္ငံနဲ႔ မိုင္တစ္ရာေက်ာ္သာေဝးတဲ့ေနရာမွာပါ။ သူတို႔က တိဗက္ ဗုဒၶဘာသာ ကိုးကြယ္ၿပီး Sino-Tibetan ဘာသာစကား မိသားစုဝင္ Lolo-Burmese ဘာသာစကားအုပ္စုထဲက “န” ဘာသာစကားကိုေျပာဆိုၾကတဲ့ မိုဆိုးလူမ်ိဳးစုပါ။

မိုဆိုး လူမ်ိဳးစုဟာ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္နဲ႔ စစ္ခြၽမ္းျပည္နယ္ နယ္စပ္ ယုန္းနင္ေဒသ၊ လုကူ ေရအိုင္ အနီးတဝိုက္က လဘိုင္၊ မုလီနဲ႔ ယန္ယြမ္တို႔မွာေနထိုင္ၾကပါတယ္။ အဲဒီေဒသဟာ ျမန္မာႏိုင္ငံေျမာက္ဖ်ား တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ကေန အေရွ႕ဘက္ကိုအေျဖာင့္တိုင္းရင္ မိုင္ (၁၃၀) ေက်ာ္သာေဝးပါတယ္။

သူတို႔ဟာ နာရွီး လူမ်ိဳးေတြနဲ႔ ယဥ္ေက်းမႈအားျဖင့္ မတူၾကေပမယ့္ တ႐ုတ္အစိုးရက မိုဆိုး လူမ်ိဳးကို နာရွီး မ်ိဳးႏြယ္စုဝင္အျဖစ္ သတ္မွတ္ထားပါတယ္။ နာရွီးလူမ်ိဳးက လူဦးေရ (၃၂၀,၀၀၀) ေလာက္ရွိၿပီး မိုဆိုးလူမ်ိဳးက လူဦးေရ (၄၀၀၀၀)ခန႔္ရွိပါတယ္။

မိုဆိုးလူမ်ိဳးေတြကို တ႐ုတ္ႏိုင္ငံက “မိခင္မ်ိဳး႐ိုးလိုက္တဲ့ ေနာက္ဆုံးလူ႔အဖြဲ႕အစည္း” လို႔သတ္မွတ္ၾကပါ တယ္။ မိုဆိုးေတြကိုယ္တိုင္ကလည္း မိခင္မ်ိဳး႐ိုးလိုက္တဲ့ ယဥ္ေက်းမႈဓေလ့ထုံးစံလို႔လက္ခံအသိအမွတ္ျပဳၾကၿပီး ဒီအခ်က္ေၾကာင့္ စိတ္ဝင္စားမႈတိုးလာကာ ခရီးသြားေတြကို ဆြဲေဆာင္ပါတယ္။ သူတို႔ဟာ မိခင္ကႀကီးစိုးတဲ့ ယဥ္ ေက်းမႈဓေလ့ထုံးစံကိုလည္းက်င့္သုံးပါတယ္။ ဒါေၾကာင့္ မိသားစုတစ္စုမွာ မိခင္နဲ႔ သားေတြသမီးေတြ၊ ေျမးေတြ ညီအစ္ကိုေမာင္ႏွမနဲ႔ တူ-တူမေတြသာရွိၿပီး ဖခင္နဲ႔ ဇနီးမယားမရွိပါဘူး။ ဒါေၾကာင့္ အိမ္ေထာင္ရဲ႕ စီးပြားေရး လူမႈေရးဆိုင္ရာကိစၥအဝဝကို မိခင္ေတြကသာဆုံးျဖတ္ၾကပါတယ္။ သားသမီးေတြရဲ႕ အမည္ေနာက္မွာ သူတို႔ အေမရဲ႕ အမည္ကိုထည့္ပါတယ္။ ဒီလိုနည္းနဲ႔ ဘယ္အိမ္ေထာင္စုဝင္ျဖစ္တယ္ဆိုတာ သိရွိၾကပါတယ္။

မိုဆိုးလူမ်ိဳးေတြက စိုက္ပ်ိဳးေရးလုပ္ငန္းနဲ႔အသက္ေမြးဝမ္းေက်ာင္းၾကပါတယ္။ ၾကက္၊ ဘဲ၊ ဝက္၊ ဆိတ္၊ ကြၽဲ၊ ႏြား နဲ႔ ယပ္က္ Yak လို႔ေခၚတဲ့ တိဗက္အေမြးရွည္ႏြားေတြလည္းေမြးျမဴၾကပါတယ္။ မိုဆိုးေတြအေနနဲ႔ ကိုယ့္ဘာသာ စိုက္ပ်ိဳးေမြးျမဴထုတ္လုပ္ၿပီး ေန႔စဥ္လိုအပ္ခ်က္ေတြကို လုံေလာက္ေအာင္ ေျဖရွင္းႏိုင္ၾကပါတယ္။ အစားအစာ ေတြကို တာရွည္ခံဖို႔ အခ်ဥ္တည္တာ၊ ေနလွမ္းတာနဲ႔ ၾကပ္တိုက္တာ လုပ္ေလ့ရွိပါတယ္။ မိုဆိုးေတြလုပ္တဲ့ ဝက္ေပါင္ေျခာက္က နာမည္ႀကီးပါတယ္။ တခ်ိဳ႕ဝက္ေပါင္ေျခာက္ေတြက (၁၀)ႏွစ္နဲ႔ အထက္သက္တမ္းရွိၾကပါ တယ္။

ေဒသထြက္ သီးႏွံေတြနဲ႔လုပ္တဲ့ ဆူလီမာ လို႔ေခၚတဲ့ ေခါင္ရည္တစ္မ်ိဳးကို ေသာက္ေလ့ရွိပါတယ္။ မူးယစ္ရီေဝ ေစတဲ့ဆူလီမာကို ပုံမွန္အားျဖင့္ ဧည့္သည္ဧည့္ခံတာနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာ ေသာက္သုံးၾကပါတယ္။ အေျခခံအား ျဖင့္ ကုန္ပစၥည္းခ်င္းဖလွယ္တဲ့ စီးပြားေရးစနစ္ကိုက်င့္သုံးၾကေပမယ့္ ျပင္ပေလာကနဲ႔ ထိေတြ႕ဆက္ဆံတာမ်ား လာတဲ့အတြက္ ယခုအခ်ိန္မွာေတာ့ ေငြေၾကးကိုအေျခခံတဲ့ ကုန္သြယ္ေရးစနစ္က တျဖည္းျဖည္းေနရာယူလာပါတယ္။

မိုဆိုးတို႔ဟာ အိမ္ေဆာက္တဲ့အခါ အလယ္မွာ ကြက္လပ္ထားၿပီး ေလးဘက္ေလးတန္က အေဆာက္အဉီး ေဆာက္ပါတယ္။ ေျမညီထပ္မွာ ကြၽဲ၊ ႏြား၊ ျမင္း၊ ၾကက္၊ ဘဲ၊ ဝက္၊ ငန္း စတဲ့ အိမ္ေမြးတိရိစာၦန္ေတြထားပါတယ္။ ခ်က္ျပဳတ္တာ၊ စားေသာက္တာနဲ႔ ဧည့္သယ္ကို ဧည့္ခံတာကို ေအာက္ထပ္ကိုပဲအသုံးျပဳၿပီး အေပၚထပ္မွာေတာ့ ပစၥည္းသိုေလွာင္တာနဲ႔ အိပ္ခန္းေတြအျဖစ္သုံးၾကပါတယ္။

အမ်ိဳးသမီးေတြရဲ႕ က႑
မိုဆိုး မိန္းကေလးက အ႐ြယ္ေရာက္လာတဲ့အခါ ဘဝတစ္ေလွ်ာက္ ဘယ္လိုေနထိုင္သြားရမယ္ဆိုတာ သင္ယူရပါတယ္။ မိုဆိုးအမ်ိဳးသမီးေတြက အိမ္သန႔္ရွင္းေရး၊ ခ်က္ျပဳတ္‌ေရး၊ ထင္းေခြ ေရခတ္၊ ဗိုင္းငင္၊ အထည္ယက္စတဲ့ အိမ္အလုပ္ေတြအျပင္ အိမ္ေမြးတိရိစာၦန္ေတြကို ေကြၽးေမြးေစာင့္ေရွာက္တဲ့အလုပ္ကိုပါ လုပ္ကိုင္ရပါတယ္။ အတိတ္ကာလက ျပင္ပနဲ႔ကူးလူးဆက္သြယ္မႈနည္းပါးခဲ့ေတာ့ အိမ္ရဲ႕ လိုအပ္တဲ့ ပစၥည္းကရိယာမွန္သမွ် အမ်ိဳးသမီးေတြကပဲ ထုတ္လုပ္ရပါတယ္။ ဒါေၾကာင့္ အသက္ႀကီးတဲ့ မိုဆိုး အမ်ိဳးသမီးေတြဆိုရင္ ယက္ကန္းစင္ကို ဘယ္လိုအသုံးျပဳရမယ္ဆိုတာနဲ႔ ဘယ္လိုအဝတ္အထည္ျဖစ္ေအာင္ လုပ္ရမယ္ဆိုတာ ေကာင္းေကာင္းသိပါတယ္။

အမ်ိဳးသားေတြရဲ႕ က႑
မိုဆိုး အမ်ိဳးသားေတြအတြက္ သူတို႔လူ႔အဖြဲ႕အစည္းမွာ အလုပ္သိပ္လုပ္စရာမရွိပါဘူး။ တစ္ေနလုံးအနားယူ ၿပီး ညအခ်ိန္လည္ပတ္ဖို႔အတြက္ အားေမြးရပါတယ္။ ဒါေပမယ့္ ဘာတာဝန္မွ မရွိတာေတာ့မဟုတ္ပါ။ မိသားစု အတြင္းမွာ သူ႔အေမကေမြးလာတဲ့ ညီေတြ ညီမေတြနဲ႔ တူေတြ၊ တူမေတြစတဲ့ မိသားစုအတြင္းက ကေလးေတြကို ကူညီေစာင့္ေရွာက္ရပါတယ္။ အိမ္ေဆာက္တာ၊ အမဲလိုက္တာ၊ ငါးမွ်ားတာ စတာေတြကို အမ်ိဳးသားေတြက လုပ္ ၾကပါတယ္။ ဒီအလုပ္ေတြကို သူတို႔ရဲ႕အစ္ကိုေတြနဲ႔ ဦးေလးေတြဆီက သင္ယူၾကရပါတယ္။ အမ်ိဳးသားေတြက မိသားစုစားဖို႔လိုတဲ့အခါ အိမ္ေမြးတိရိစာၦန္ေတြကို သတ္ျဖတ္တဲ့အလုပ္ကိုလည္းလုပ္ၾကရပါတယ္။ ဒီအလုပ္မ်ိဳး မွာ အမ်ိဳးသမီးေတြက ပါဝင္ေလ့မရွိပါ။

မိခင္မ်ိဳး႐ိုးယူျခင္း
မိုဆိုးမိသားစုေတြဟာ မိခင္ရဲ႕ မ်ိဳး႐ိုးေနာက္ကိုပဲလိုက္ပါတယ္။ အမည္မွည့္တဲ့အခါ မိမိအမည္ေနာက္ဆုံး မွာ အမိအမည္ကိုထည့္ရပါတယ္။ အမွန္စင္စစ္ မိသားစုဝင္ ညီအစ္ကို ေမာင္ႏွမေတြ၊ တူ၊ တူမေတြမွာ ဘယ္သူဘယ္ဝါဟာ ဖခင္ျဖစ္တယ္ဆိုတာ အေသအခ်ာမသိၾကပါဘူး။ ဒီလိုမသိလို႔လည္း ( လင္ေကာင္မေပၚဘဲ ေမြးလာတဲ့ ကေလးဆိုတဲ့ နာမည္ပ်က္မႈမ်ိဳး ) သူတို႔လူ႔အသိုင္းအဝိုင္းမွာ မရွိပါ။ ပုံမွန္ အေျခအေနသာျဖစ္ပါတယ္။ ကေလးေတြဟာ မိခင္ရဲ႕ မိသားစုက ပိုင္ဆိုင္တဲ့ ေနအိမ္နဲ႔ စိုက္ပ်ိဳး ေျမစတာေတြကို ေနထိုင္အသုံးျပဳခြင့္ရွိပါတယ္။

မိခင္ႀကီးစိုးျခင္း
မိသားစုတစ္စုမွာ အေမႀကီးက အိမ္ေထာင္ဦးစီးပါ။ အေမႀကီးမွာ အာဏာအျပည့္ရွိပါတယ္။ မိသားစုရဲ႕ စီးပြားေရး၊ လူမႈေရးကိစၥေတြကို အေမႀကီးက ဆုံးျဖတ္ပါတယ္။ မိသားစုအတြင္းက အိမ္အလုပ္ေတြ၊ စီးပြားေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြကို အမ်ိဳးသမီးေတြကပဲ ခ်မွတ္ပါတယ္။ မိသားစုဝင္တိုင္းရဲ႕ ေငြေရး ေၾကးေရးနဲ႔ အလုပ္ေတြကို အမ်ိဳးသမီးေတြက စီမံပါတယ္။ တကယ္လို႔ အိမ္ေထာင္ဦးစီး အေမႀကီးက သူ႔တာဝန္ေတြကို လႊဲအပ္ခ်င္တဲ့အခါ သူအၿမဲကိုင္ထားေလ့ရွိတဲ့ ပစၥည္းသိုေလွာင္ရာ အခန္းေသာ့ေတြကို သူလႊဲခ်င္တဲ့ သမီးတစ္ေယာက္ေယာက္ကို ေပးအပ္လိုက္႐ုံပါဘဲ။ အိမ္ၿခံေျမ၊ အေျခပစၥည္းပိုင္ဆိုင္မႈနဲ႔ တာဝန္ရွိမႈအဝဝ လႊဲေျပာင္းေပးအပ္လိုက္ၿပီဆိုတဲ့ သေကၤတပါ။

လမ္းေလွ်ာက္ လက္ထပ္ျခင္း (走婚 zǒu hūn in Chinese)
မိုဆိုး မိန္းကေလးတစ္ေယာက္ အသက္ ၁၂ ႏွစ္ကေန ၁၄ ႏွစ္အတြင္းေရာက္လာၿပီး ပထမဆုံးရာသီေသြးလာ တဲ့အခ်ိန္မွာ အပ်ိဳေဖာ္ဝင္တဲ့အထိမ္းအမွတ္ပြဲလုပ္ပါတယ္။ ဒါကသူတို႔ရဲ႕ဘဝမွာအေရးအႀကီးဆုံးအခ်ိန္ပါဘဲ။ “စကတ္” ပြဲလို႔ေခၚဆိုၾကတဲ့ အပ်ိဳေဖာ္ဝင္ပြဲေနာက္ပိုင္းမွာ အမ်ိဳးသမီးေလးေတြဟာ စကတ္ကိုစတင္ဝတ္ ဆင္ရၿပီး သူတို႔ကိုယ္ပိုင္ အိပ္ခန္းတစ္ခန္းရရွိပါတယ္။ အဲဒီအိပ္ခန္းထဲကို သူတို႔ႏွစ္သက္တဲ့ ေယာက်ာ္းကေလးကို ဖိတ္ေခါၿပီးအတူအိပ္စက္ဖို႔ အခြင့္အေရးရွိပါတယ္။ ဖိတ္ေခၚခံရတဲ့ ေယာက္က်ားကေလးဟာ ေမွာင္တာနဲ႔ အဲဒီ အခန္းကိုသြား၊ တစ္ညလုံး အဲဒီအမ်ိဳးသမီးနဲ႔အတူအိပ္စက္ၿပီး မနက္လင္းတာနဲ႔ ကိုယ့္အိမ္ကိုယ္ျပန္ရပါတယ္။ မိန္းကေလးရဲ႕ အေမ၊ အဖြားနဲ႔ မိသားစုဝင္မ်ားက မျမင္မၾကားခ်င္ေယာင္ေဆာင္ေနရပါတယ္။ အမ်ိဳးသမီးအေနနဲ႔ မိမိႀကိဳက္ႏွစ္သက္သ‌ေလာက္ ေယာက်ာ္းကေလးေတြကို ဖိတ္ေခၚခြင့္ရွိပါတယ္။ တစ္ခ်ိန္ထဲ ေယာက်ာ္းကေလး အမ်ားအျပားကို ေခၚအိပ္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒီဓေလ့ထုံးစံကို အားလုံးကလက္ခံအသိအမွတ္ ျပဳထားတာျဖစ္ေပမဲ့ လက္ေတြ႕မွာ သိုသိုသိပ္သိပ္ လိုက္နာလုပ္ေဆာင္ၾကတာပါ။

အမ်ိဳးသမီးတစ္ေယာက္ဟာ ေယာက်ာ္းအမ်ားအျပားကို တစ္ခ်ိန္ထဲျဖစ္ေစ၊ တစ္ရက္တစ္ေယာက္ျဖစ္ေစ ဖိတ္ေခၚအိပ္စက္ခြင့္ရွိတယ္ဆိုေပမယ့္ မိုဆိုးအမ်ိဳးသမီးေတာ္ေတာ္မ်ားကေတာ့ တစ္ခ်ိန္မွာ တစ္ေယာက္ထဲကိုပဲ ဖိတ္ေခၚ ၿပီး အဲဒီတစ္ေယာက္နဲ႔ႏွစ္ေပါင္းမ်ားစြာအတူ အိပ္စက္ၾကတာမ်ိဳးမ်ားပါတယ္။ တကယ္လို႔ သူတို႔ဟာ ဘဝတစ္သက္တာ ပါတနာေတြအျဖစ္ ဆုံးျဖတ္ခဲ့ၾကရင္လည္း ဘယ္ေတာ့မွ လက္ထပ္ထိမ္းျမားမွာမဟုတ္သလို၊ တစ္အိမ္ထဲအတူေနတာနဲ႔ အတူတကြ ဥစၥာပစၥည္းပိုင္ဆိုင္တာကိုေတာ့ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး။ ဒါ့ျပင္ ေမြးဖြားလာတဲ့ ကေလးအေပၚလည္း ဖခင္ျဖစ္တဲ့သူက တာဝန္မရွိသလို၊ ကေလးကလည္း သူ႔အေဖ ဘယ္သူ ဆိုတာမသိပါဘူး။ မိုဆိုးေယာက်ာ္းကေလးတစ္ေယက္အေနနဲ႔လည္း ဒီေန႔မွာ မိန္းကေလးတစ္ေယာက္ရဲ႕ အခန္း ကို သြားအိပ္ၿပီး ေနာက္တစ္ေန႔မွာ အျခားမိန္းကေလးတစ္ေယာက္ရဲ႕အခန္းကို သြားအိပ္တာမ်ိဳးလည္းျဖစ္ ႏိုင္ပါ တယ္။ သူ႔ကို ဖိတ္ေခၚတဲ့ မိန္းကေလးတိုင္းရဲ႕အိမ္ကို အလွည့္က်သြားအိပ္ႏိုင္ပါတယ္။

တကယ္လို႔ မိန္းကေလးအေနနဲ႔ ဒီလိုလမ္းေလွ်ာက္လက္ထပ္ျခင္းကို ရပ္စဲလိုတယ္ဆိုရင္၊ ေယာက်ာ္း ေလးကို သူမရဲ႕အိပ္ခန္းကို အလည္မလာေတာ့ဖို႔ တိုက္႐ိုက္ေျပာႏိုင္ပါတယ္။ ေယာက်ာ္းေလးဘက္က အဆုံးသတ္ခ်င္တယ္ဆိုရင္လည္း မိန္းခေလးကို မလာေတာ့ဘူးလို႔ အေၾကာင္းၾကားလိုက္ၿပီး သူမထံကို ရက္ရွည္ မသြားဘဲေနလိုက္ျခင္းအားျဖင့္ အဆုံးသတ္ႏိုင္ပါတယ္။ မိမိရဲ႕ပါတနာက တျခားတစ္ေယာက္ေယာက္နဲ႔ အိပ္ေနတာ ကိုသိရွိခဲ့ရင္လည္း၊ သူ႔ဆီကို မီးေသြး၊ င႐ုတ္ေကာင္းနဲ႔ ၾကက္ေမြးေတြကို အထုတ္ထဲထည့္ေပးပို႔ၿပီး သတိေပးတာ၊ ဒါမွမဟုတ္ ဆက္ဆံေရးျဖတ္ေတာက္ေတာ့မယ့္အေၾကာင္း တိုက္႐ိုက္ေျပာႏိုင္ပါတယ္။

မိုဆိုးလူမ်ိဳးတို႔ရဲ႕ ဒီဓေလ့ထုံးစံနဲ႔ပတ္သက္ၿပီး မိုဆိုးမိန္းမေတြကို အေလလိုက္သူ၊ ျပည့္တန္ဆာစသျဖင့္ မွားယြင္းစြပ္စြဲၾကသလို ေယာက္က်ားကေလးေတြကိုလည္း ဘာအလုပ္မွမလုပ္တဲ့ မ်ိဳးစပ္ဝက္သိုးႀကီးေတြလို အမနာပ တံဆိပ္ကပ္ၾကတာလည္းရွိပါတယ္။ ႏွစ္သက္သေဘာက်သူေတြကလည္း ဒီဓေလ့ကို လြတ္လပ္တဲ့ အခ်စ္ Free love ဒါမွမဟုတ္ လိင္ကိစၥလြတ္လပ္သူမ်ားလို႔ ေထာမနာျပဳၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီဓေလ့ ေၾကာင့္ အမ်ားရဲ႕စိတ္ဝင္စားမႈခံရၿပီး အဲဒီေဒသကို ခရီးသြားေတြအမ်ားအျပားလာလည္ၾကတာကေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတုန္းက တ႐ုတ္အမ်ိဳးသမီးတစ္ေယာက္ဟာ ယူနန္ျပည္နယ္က မိုဆိုးလူမ်ိဳး ေဒသကို အလည္အပတ္သြားရင္း မိုဆိုးေယာက်ာ္းေလးေတြနဲ႔ အေပ်ာ္တန္းလိင္ဆက္ဆံခဲ့တဲ့ လမ္းေလွ်ာက္ လက္ ထပ္ျခင္းအေတြ႕အႀကဳံဆိုတဲ့ ခရီးသြားဗဟုသုတ “ဒိုင္ယာရီ ေလးအုပ္” ဆိုတာကို ေရးခဲ့ရာမွာ ျငင္းၾကခုန္ၾက နဲ႔ ဆူညံပြက္ေလာ႐ိုက္သြားခဲ့ဖူးပါတယ္။

ၾကည့္ရႈသူသန္းေပါင္းမ်ားစြာရဲ႕ တုန႔္ျပန္မႈရခဲ့တဲ့ သူမရဲ႕ ဘေလာ့ဂ္ပို႔စ္ကို တ႐ုတ္အြန္လိုင္းသုံးစြဲသူေတြက ေဝဖန္ၾကရာမွာ သူမလို ေခတ္မီလူ႔အဖြဲ႕အစည္းမွာေနထိုင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ မိုဆိုးတိုင္းရင္း သားေတြရဲ႕ ေရွး႐ိုးစဥ္လာယုံယုံၾကည္ၾကည္ ထိန္းသိမ္းလာတဲ့ ဓေလ့ထုံးစံျဖစ္တဲ့ “လမ္းေလွ်ာက္ လက္ထပ္ထိမ္း ျမားျခင္း” ဆိုတာမွာ ပါဝင္ဖို႔ အရည္အေသြးမျပည့္ပါ (မထိုက္တန္ပါ) လို႔မွတ္ခ်က္ေပးၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ အြန္လိုင္းမွာေဝဖန္သူတစ္ခ်ိဳ႕ကေတာ့ မိုဆိုးတို႔ရဲ႕ လမ္းေလွ်ာက္လက္ထပ္ထိမ္းျမားတဲ့ ဓေလ့ကို ယေန႔ေခတ္မီလူ႔အဖြဲ႕အစည္းက လက္ခံက်င့္သုံးသင့္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ေခတ္လူငယ္ေတြအေနနဲ႔ မဂၤလာပြဲက်င္းပဖို႔၊ ခန္းဝင္ေၾကးေပးဖို႔၊ တင္ေတာင္းေငြေပးဖို႔၊ အိမ္ဝယ္ဖို႔၊ ကားဝယ္ဖို႔ စတဲ့ စိတ္ပူပန္ရတဲ့ စီးပြားေရးဖိအားေတြမရွိဘဲ လြတ္လြတ္လပ္လပ္ခ်စ္ႏိုင္ၾကလို႔ ျဖစ္တယ္၊ ဒါ့ျပင္ေယာက်ာ္းေလးေတြ အေနနဲ႔ ကေလးေတြကို အဖြားအုပ္ခ်ဳပ္တဲ့ မိန္းမအိမ္ဘက္မွာေနေစျခင္းအားျဖင့္ ေယာက်ာ္းေတြ အတြက္ ကေလးကိုထိန္းသိမ္းရတဲ့တာဝန္ဝတၱရားေတြက လြတ္လပ္မႈရေစတယ္လို႔ မွတ္ခ်က္ေပးၾကတာလည္းရွိပါတယ္။

မိုဆိုးတို႔အေနနဲ႔ မိန္းမေတြက မိသားစုကိစၥမွာ အလုံးစုံ အာဏာရွိတယ္။ မိန္းမေတြက လိင္ဆက္ဆံ‌ေရးမွာ ေ႐ြးခ်ယ္ဆုံးျဖတ္ပိုင္ခြင့္ရွိတယ္ဆိုတာမ်ိဳး မစဥ္းစားၾကပါ။ တင္းၾကပ္တဲ့ ဆက္ဆံေရး စည္းေဘာင္ေတြရွိတဲ့ အိမ္ ေထာင္ျပဳမႈထက္ မိသားစုနဲ႔ လူ႔အဖြဲ႕အစည္း ညီညီၫြတ္ၫြတ္နဲ႔ ပဋိပကၡေလ်ာ့နည္းေရးကိုသာ အာ႐ုံစိုက္ၾကပါ တယ္။ ဒီစနစ္မွာ မိန္းမေရာ၊ ေယာက္က်ားေတြပါ မိသားစုဟာ အဓိက ဦးစားေပးေနရာမွာရွိၿပီး မိန္းမေရာ ေယာက်ာ္းပါ ႏွစ္ဖက္လုံးက သူတို႔မိခင္ရဲ႕ မိသားစုနဲ႔သာ တစ္သက္လုံးေနထိုင္သြားၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ မိုဆိုးလူမ်ိဳးေတြဟာ သူတို႔သားသမီးေတြ က်ား-မ ျဖစ္မႈအေပၚ သိပ္ဂ႐ုမစိုက္ၾကပါ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ သူတို႔ရဲ႕ သားသမီးေတြက က်ားျဖစ္ေစ၊ မျဖစ္ေစ သက္ဆိုင္ရာမိသားစုဝင္ အႀကီးေတြက ဂ႐ုစိုက္သြား ၾကမွာျဖစ္လို႔ပါဘဲ။ တကယ္လို႔ မိသားစုထဲမွာ က်ား-မ ပါဝင္မႈမမွ်မတျဖစ္ေနရင္ေတာ့ လိုအပ္ေနတဲ့ က်ား ဒါမွ မဟုတ္ မ ကိုေမြးစားတာ၊ ဒါမွမဟုတ္ အျပန္အလွန္ဖလွယ္တာလုပ္ျခင္းအားျဖင့္ က်ား-မ ပါဝင္မႈကို မွ်တေအာင္ ထိန္းညႇိတတ္ၾကပါတယ္။

မိုဆိုးလူ႔အဖြဲ႕အစည္းကို တ႐ုတ္ျပည္ရဲ႕ တျခားေဒသေတြနဲ႔ အေနာက္တိုင္းကမာၻက သိရွိလာတဲ့အခါ ေနာက္ မ်ိဳးဆက္လူငယ္ေတြက၊ မူလဓေလ့ထုံးစံကိုစြန႔္လႊတ္ၿပီး တ႐ုတ္လူမ်ိဳးေတြရဲ႕ လက္ထပ္ထိမ္းျမားတဲ့ ဓေလ့ေတြကို အတုခိုးလာၾကပါတယ္။

“မိုဆိုးလူမ်ိဳးေတြဟာ ၁၉၆၀ ခုႏွစ္မ်ားကတည္းက အစိုးရက ဦးေဆာင္ေဆာ္ၾသခဲ့တဲ့ တည္ၿငိမ္တဲ့ ပုံမွန္ လက္ထပ္ျခင္းမ်ိဳးကို လိုက္နာခဲ့ၾကပါတယ္။ ဒါေၾကာင့္ လမ္းေလွ်ာက္ လက္ထပ္တဲ့ ဓေလ့က တျဖည္းျဖည္းနဲ႔ ေတာ့ နည္းပါးလာပါၿပီ” လို႔ မိုဆိုးလူမ်ိဳး ခရီးသြားလမ္းၫႊန္တစ္ေယာက္ကေျပာပါတယ္။

တ႐ုတ္တိုင္းရင္းသားတကၠသိုလ္က ႐ိုးရာယဥ္ေက်းမႈ သုေတသနစင္တာက ပါေမာကၡ ေထာက္လီ Tao Li က လူသားမ်ိဳးႏြယ္ေတြအေနနဲ႔ ေနာက္ဆုံးမွာ တစ္ခုလုံးလႊမ္းၿခဳံတဲ့ တရားဝင္စနစ္တစ္ခုအျဖစ္ တစ္လင္တစ္မယား စနစ္ကို ေ႐ြးခ်ယ္ၿပီးျဖစ္တယ္။ မိသားစုေတြရဲ႕တည္ၿငိမ္မႈ၊ မ်ိဳးႏြယ္စု၊ လူ႔အဖြဲ႕အစည္းနဲ႔ လူမႈေရးျဖစ္ေပၚတိုးတက္ မႈေတြကို တစ္လင္တစ္မယားလက္ထပ္ထိမ္းျမားျခင္းစနစ္ကသာ အာမခံခ်က္ရွိေစပါတယ္လို႔ဆိုပါတယ္။ တစ္လင္တစ္မယား လက္ထပ္ထိမ္းျမားျခင္းစနစ္ က်ယ္ျပန႔္လာတာနဲ႔အမွ် လမ္းေလွ်ာက္လက္ထပ္ ထိမ္းျမားျခင္းဆိုတဲ့ မိုဆိုး မ်ိဳးႏြယ္ စုေတြရဲ႕ ဓေလ့ဟာ တျဖည္းျဖည္းျခင္း ေမွးမွိန္ကြယ္ေပ်ာက္စျပဳလာေနပါၿပီ။

Ref : The Land Where Women Rule: Inside China's Last Matriarchy
: The walking marriage of Mosuo ethnic group
: Mosuo by Wikipedia
: Weaving and Scheming: Adventures on Planet Mosuo

Picture

L Mone

11/06/2023 11:11

လူရိုင်းနွားရိုင်းတွေ အငွေ့အသက်ပါပဲ....ဖြေးဖြေးခြင်း လွတ်လာပါလိမ့်မယ်...ပျောက်ကွယ်သင့်ပါတယ်...လူနည်းစုဒေသမို့သာ...မ

Related news

© 2021. All rights reserved.