မြန်မာ လက်ဝှေ့ချန်ပီယံ ဒေဝ ထိုင်းနိုင်ငံမှာ အဆိပ်ခတ်ခံခဲ့ရပြီး ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို

 9152

ဂျန်ဇက် (NP News) - မေ ၃ဝ

မြန်မာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ ကနေဒါ နိုင်ငံသား ဒေဝက ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်မှာ အဆိပ်ခတ်ခံခဲ့ရခြင်းများရှိခဲ့ပြီး တစ်စုံတစ်ဦးက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ အဖြစ်ပျက်မျိုးတွေရှိနေတယ်လို့ ထင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဒေဝဟာ မြန်မာလက်ဝှေ့လောကမှာ လူသိများထင်ရှားတဲ့ နိုင်ငံခြားသားလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ထိုင်းမွေထိုင်းအပြင် ထိုင်းနာမည်ကျော် မွေထိုင်းလက်ဝှေ့သမား Buakaw Banchamek ဆိုသူကိုဝေဖန်တိုက်ခိုက်မှုများ ရှိခဲ့ဖူးသူဖြစ်ပါတယ်။ ဒေဝက "စာပို့ထားတာတွေ ပြန်မပြောနိုင်တာ တောင်းပန်ပါတယ်။ ဆေးရုံ ၂ ရက်လောက်တက်နေရလို့ပါ။ ထိုင်းစားသောက်ဆိုင်က အဆိပ်ခတ်တာခံရလားမသိဘူး။ ဆရာဝန်ကတော့ အကုန်အဆင်ပြေသွားမယ်ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို မကျေနပ်တဲ့ထိုင်းစပိုင်တွေက europe မှာတောင်ရှိနေပြီဆိုတာ သတိထားမိပါပြီ"လို့ ၎င်းရဲ့ လူမူကွန်ရက်စာမျက်နှာက တဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

ဒေဝဟာ လက်ရှိအချိန်မှာ မြန်မာလက်ဝှေ့အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံလည်းဖြစ်ပြီး ကမ္ဘာအနှံ့သွားလာခဲ့ကာ ကိုယ်ခံပညာရပ်များကို လေ့လာသင်ယူခဲ့ပါတယ်။ သူရဲ့ nickname အမည်ဟာ "The Nomad" ဖြစ်ပါတယ်။ ဒေဝဟာ လက်ရှိအချိန်မှာ ကမ္ဘောဒီးယား လက်ဝှေ့သမား နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပြီး ထိုင်းနိုင်ငံကို အလည်ပတ်သွားရောက်ချိန်အတွင်း အဆိပ်ခံရခြင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ် ကြောင်းသိရပါတယ်။ ဒေဝက မြန်မာလက်ဝှေ့ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးလက်ဝှေ့ပြိုင်ပွဲဖြစ်တယ်လို့ ချီးကျူးပြောဆိုထားပြီး ထိုင်းမွေထိုင်းလက်ဝှေ့သမားများနဲ့ စိတ်ဝင်စားဖို့ ရှိနေတဲ့အကြောင်းကို မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

zawgyi version
ျမန္မာ လက္ေဝွ႔ခ်န္ပီယံ ေဒဝ ထိုင်းနိုင်ငံမှာ အဆိပ္ခတ္ခံခဲ့ရၿပီး ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေမ ၃ဝ

ျမန္မာလက္ေဝွ႔ခ်န္ပီယံတစ္ဦးျဖစ္တဲ့ ကေနဒါ ႏိုင္ငံသား ေဒဝက ထိုင္းႏိုင္ငံရွိ စားေသာက္ဆိုင္မွာ အဆိပ္ခတ္ခံခဲ့ရျခင္းမ်ားရွိခဲ့ၿပီး တစ္စုံတစ္ဦးက လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းတဲ့ အျဖစ္ပ်က္မ်ိဳးေတြရွိေနတယ္လို႔ ထင္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ ေဒဝဟာ ျမန္မာလက္ေဝွ႔ေလာကမွာ လူသိမ်ားထင္ရွားတဲ့ ႏိုင္ငံျခားသားလက္ေဝွ႔သမားတစ္ဦးျဖစ္ၿပီး ထိုင္းေမြထိုင္းအျပင္ ထိုင္းနာမည္ေက်ာ္ ေမြထိုင္းလက္ေဝွ႔သမား Buakaw Banchamek ဆိုသူကိုေဝဖန္တိုက္ခိုက္မႈမ်ား ရွိခဲ့ဖူးသူျဖစ္ပါတယ္။ ေဒဝက "စာပို႔ထားတာေတြ ျပန္မေျပာႏိုင္တာ ေတာင္းပန္ပါတယ္။ ေဆး႐ုံ ၂ ရက္ေလာက္တက္ေနရလို႔ပါ။ ထိုင္းစားေသာက္ဆိုင္က အဆိပ္ခတ္တာခံရလားမသိဘူး။ ဆရာဝန္ကေတာ့ အကုန္အဆင္ေျပသြားမယ္ေျပာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို မေက်နပ္တဲ့ထိုင္းစပိုင္ေတြက europe မွာေတာင္ရွိေနၿပီဆိုတာ သတိထားမိပါၿပီ"လို႔ ၎ရဲ႕ လူမူကြန္ရက္စာမ်က္ႏွာက တဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္။

ေဒဝဟာ လက္ရွိအခ်ိန္မွာ ျမန္မာလက္ေဝွ႔အလြတ္တန္း ကမာၻ႔လက္ေဝွ႔ခ်န္ပီယံလည္းျဖစ္ၿပီး ကမာၻအႏွံ႔သြားလာခဲ့ကာ ကိုယ္ခံပညာရပ္မ်ားကို ေလ့လာသင္ယူခဲ့ပါတယ္။ သူရဲ႕ nickname အမည္ဟာ "The Nomad" ျဖစ္ပါတယ္။ ေဒဝဟာ လက္ရွိအခ်ိန္မွာ ကေမာၻဒီးယား လက္ေဝွ႔သမား နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ စီစဥ္ထားၿပီး ထိုင္းႏိုင္ငံကို အလည္ပတ္သြားေရာက္ခ်ိန္အတြင္း အဆိပ္ခံရျခင္းနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ ေၾကာင္းသိရပါတယ္။ ေဒဝက ျမန္မာလက္ေဝွ႔ဟာ ကမာၻေပၚမွာအေကာင္းဆုံးလက္ေဝွ႔ၿပိဳင္ပြဲျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုထားၿပီး ထိုင္းေမြထိုင္းလက္ေဝွ႔သမားမ်ားနဲ႔ စိတ္ဝင္စားဖို႔ ရွိေနတဲ့အေၾကာင္းကို မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.