ဆော်ဒီအာရေးဗျကလပ်အသင်း၏ မြင့်မားသောကမ်းလှမ်းမှုဖြင့် ကမ်းလှမ်းခံရသည့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာ

 604

Pika (NP News) - မေ ၃ဝ

ဆော်ဒီအာရေးဗျကလပ် Al-Ittihad သည် ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူရန်အတွက် အမေရိကန်ဒေါ်လာ သန်း(၂ဝဝ)ကျော် တန်ဖိုးရှိသည့် သဘောတူစာချူပ်ကို ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

Al-Ittihad အသင်းသည် ဘန်ဇီမာကို (၂)နှစ်သက်တမ်းရှိသော စာချုပ်အတွက် အမေရိကန်ဒေါ်လာ (၂၁၄) သန်း ကျော် ပေးချေရန်ကမ်းလှမ်းထားကြောင်း သိရသည်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သော ဘန်ဇီမာသည် ပြီးခဲ့သည့်ရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းတွင် ဆက်ရှိနေရန်အတွက် စာချုပ်သက်တမ်းကို တစ်နှစ်ထပ်တိုးခဲ့ သော်လည်း လာမည့်ရာသီတွင် အသင်းတွင် ဆက်ရှိ/မရှိ ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမျိုး မရှိသေးကြောင်းသိရသည်။

ဘန်ဇီမာသည် အစောပိုင်းတွင် ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း Al-Ittihad အသင်းသည် နောက်ပိုင်းတွင် ကမ်းလှမ်းမှုကို ထပ်မံတိုးမြှင့်လိုက်သောကြောင့် ဘန်ဇီမာသည် Al-Ittihadအသင်းသို့ပြောင်းရွှေ့ရန် စဉ်းစားနေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘန်ဇီမာသည် (၂ဝဝ၉) ခုနှစ်တွင် လိုင်ယွန်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၆၄၇) ပွဲ ကစားကာ (၃၅၃)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု(၁၆၅)ကြိမ် ပြုလုပ်ထားနိုင်ကြောင်း သိရသည်။ ဘန်ဇီမာ သည်(၂ဝ၂၂-၂ဝ၂၃) ခုနှစ် ရာသီတွင် ဒဏ်ရာပြဿနာရှိခဲ့သော်လည်း ပြိုင်ပွဲစုံ(၄၂)ပွဲကစားကာ (၃၀)ဂိုးသွင်းယူထား ပြီး ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

Al-Ittihad အသင်းထံမှ ကမ်းလှမ်းမှုကို လက်ခံမည်ဆိုပါက ဘန်ဇီမာသည် စီရော်နယ်ဒိုပြီးနောက် ဆော်ဒီအာရေးဗျ ကလပ်သို့ ပြောင်းရွှေ့လာမည့် ဒုတိယမြောက် နာမည်ကြီးဘောလုံးသမားဖြစ်လာမည် ဖြစ်သည်။ စီရော်နယ်ဒို သည် ဇန်နဝါရီလတွင် မန်ယူအသင်းမှ အယ်လ်နာဆာအသင်းသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၂ဝဝ)ကျော် တန်ကြေးရှိ သဘောတူစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အခြားသော ဆော်ဒီအာရေးဗျကလပ်တစ်ခုသည် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီကို ခေါ်ယူရန်အတွက် အပြိုင် အဆိုင်ကြိုးပမ်းနေကြောင်းမီဒီယာအချို့က ဖော်ပြခဲ့သော်လည်း ၎င်း၏ဖခင်ဖြစ်သူက အဆိုပါပြောဆိုချက်များကို ငြင်းဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေဆာ္ဒီအာေရးဗ်ကလပ္အသင္း၏ ျမင့္မားေသာကမ္းလွမ္းမႈျဖင့္ ကမ္းလွမ္းခံရသည့္ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဘန္ဇီမာ
Pika (NP News) - ေမ ၃ဝ

ေဆာ္ဒီအာေရးဗ်ကလပ္ Al-Ittihad သည္ ရီးရဲလ္မက္ဒရစ္အသင္းတိုက္စစ္မႉး ဘန္ဇီမာကို ေခၚယူရန္အတြက္ အေမရိကန္ေဒၚလာ သန္း(၂ဝဝ)ေက်ာ္ တန္ဖိုးရွိသည့္ သေဘာတူစာခ်ဴပ္ကို ကမ္းလွမ္းခဲ့ေၾကာင္းသိရသည္။

Al-Ittihad အသင္းသည္ ဘန္ဇီမာကို (၂)ႏွစ္သက္တမ္းရွိေသာ စာခ်ဳပ္အတြက္ အေမရိကန္ေဒၚလာ (၂၁၄) သန္း ေက်ာ္ ေပးေခ်ရန္ကမ္းလွမ္းထားေၾကာင္း သိရသည္။ အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ ဘန္ဇီမာသည္ ၿပီးခဲ့သည့္ရာသီတြင္ ရီးရဲလ္မက္ဒရစ္အသင္းတြင္ ဆက္ရွိေနရန္အတြက္ စာခ်ဳပ္သက္တမ္းကို တစ္ႏွစ္ထပ္တိုးခဲ့ ေသာ္လည္း လာမည့္ရာသီတြင္ အသင္းတြင္ ဆက္ရွိ/မရွိ ဆိုသည့္အခ်က္ႏွင့္ပတ္သက္ၿပီး ရီးရဲလ္မက္ဒရစ္ အသင္းက တစ္စုံတစ္ရာထုတ္ျပန္ထားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။

ဘန္ဇီမာသည္ အေစာပိုင္းတြင္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေသာ္လည္း Al-Ittihad အသင္းသည္ ေနာက္ပိုင္းတြင္ ကမ္းလွမ္းမႈကို ထပ္မံတိုးျမႇင့္လိုက္ေသာေၾကာင့္ ဘန္ဇီမာသည္ Al-Ittihadအသင္းသို႔ေျပာင္းေ႐ႊ႕ရန္ စဥ္းစားေနၿပီ ျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

ဘန္ဇီမာသည္ (၂ဝဝ၉) ခုႏွစ္တြင္ လိုင္ယြန္အသင္းမွ ရီးရဲလ္မက္ဒရစ္အသင္းသို႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၿပိဳင္ပြဲစုံ (၆၄၇) ပြဲ ကစားကာ (၃၅၃)ဂိုးသြင္းယူထားၿပီး ဂိုးဖန္တီးမႈ(၁၆၅)ႀကိမ္ ျပဳလုပ္ထားႏိုင္ေၾကာင္း သိရသည္။ ဘန္ဇီမာ သည္(၂ဝ၂၂-၂ဝ၂၃) ခုႏွစ္ ရာသီတြင္ ဒဏ္ရာျပႆနာရွိခဲ့ေသာ္လည္း ၿပိဳင္ပြဲစုံ(၄၂)ပြဲကစားကာ (၃၀)ဂိုးသြင္းယူထား ၿပီး ဂိုးဖန္တီးမႈ(၆)ႀကိမ္ ျပဳလုပ္ထားႏိုင္ေၾကာင္း သိရသည္။

Al-Ittihad အသင္းထံမွ ကမ္းလွမ္းမႈကို လက္ခံမည္ဆိုပါက ဘန္ဇီမာသည္ စီေရာ္နယ္ဒိုၿပီးေနာက္ ေဆာ္ဒီအာေရးဗ် ကလပ္သို႔ ေျပာင္းေ႐ႊ႕လာမည့္ ဒုတိယေျမာက္ နာမည္ႀကီးေဘာလုံးသမားျဖစ္လာမည္ ျဖစ္သည္။ စီေရာ္နယ္ဒို သည္ ဇန္နဝါရီလတြင္ မန္ယူအသင္းမွ အယ္လ္နာဆာအသင္းသို႔ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ သန္း (၂ဝဝ)ေက်ာ္ တန္ေၾကးရွိ သေဘာတူစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္း သိရသည္။

အျခားေသာ ေဆာ္ဒီအာေရးဗ်ကလပ္တစ္ခုသည္ ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီကို ေခၚယူရန္အတြက္ အၿပိဳင္ အဆိုင္ႀကိဳးပမ္းေနေၾကာင္းမီဒီယာအခ်ိဳ႕က ေဖာ္ျပခဲ့ေသာ္လည္း ၎၏ဖခင္ျဖစ္သူက အဆိုပါေျပာဆိုခ်က္မ်ားကို ျငင္းဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.