တံတားဦးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား(၅)ဦး သေဆုံး

 1643

စော (NP News) - မေ ၃ဝ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား(၅)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယမန်နေ့(မေလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မေလ(၂၇)ရက်၊ နံနက်(၆)နာရီဝန်းကျင်အချိန်တွင် တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးမင်းမင်းသိုက်(၄၂)နှစ်သည် ထောက်ရစ်-ပေါက်မြိုင်သွားလမ်းဘေးရှိ သစ်ပင်အောက်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဦးဆန်းမင်းကို (၅ဝ)နှစ်၊ ဦးစောဝင်း(၅ဝ)နှစ်၊ ဦးကိုကိုနိုင်(၃ဝ)နှစ်နှင့် ဦးစိုးနိုင်(၄၉)နှစ်တို့သည်လည်း ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့သို့ပစ်ခတ်သွားသဖြင့် ၎င်းတို့(၅)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုထားသည်။

zawgyi version
တံတားဦးၿမိဳ႕နယ္၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသား(၅)ဦး ေသဆုံး

ေစာ (NP News) - ေမ ၃ဝ

မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသား(၅)ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ယမန္ေန႔(ေမလ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ေမလ(၂၇)ရက္၊ နံနက္(၆)နာရီဝန္းက်င္အခ်ိန္တြင္ တံတားဦးၿမိဳ႕နယ္၊ ေထာက္ရစ္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ဦးမင္းမင္းသိုက္(၄၂)ႏွစ္သည္ ေထာက္ရစ္-ေပါက္ၿမိဳင္သြားလမ္းေဘးရွိ သစ္ပင္ေအာက္တြင္ က်ည္ထိမွန္ဒဏ္ရာျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဦးဆန္းမင္းကို (၅ဝ)ႏွစ္၊ ဦးေစာဝင္း(၅ဝ)ႏွစ္၊ ဦးကိုကိုႏိုင္(၃ဝ)ႏွစ္ႏွင့္ ဦးစိုးႏိုင္(၄၉)ႏွစ္တို႔သည္လည္း ၎တို႔၏ ေနအိမ္အသီးသီး၌ ရွိေနစဥ္ အၾကမ္းဖက္အဖြဲ႕က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ပစ္ခတ္သြားသျဖင့္ ၎တို႔(၅)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုထားသည္။

Related news

© 2021. All rights reserved.