တေးသံရှင် လီလီနိုင်ကျော် သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ၍ သေဆုံး

 13422

ရဲပြည့် (NP News) - မေလ ၃ဝ

ရန်ကင်းမြို့နယ်၊ ၂ ရပ်ကွက်၊ ရန်ရှင်းလမ်းတွင် နေထိုင်သည့် တေးသံရှင် လီလီနိုင်ကျော်အား လက်နက်ကိုင် အကြမ်းဖက်သမားတစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်သည် ယနေ့ မေလ ၃ဝ ရက်၊ ည ၇ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တေးသံရှင် လီလီနိုင်ကျော်သည် တိုက်(က/၂၆၅၊ အခန်း-၇) ရှေ့တွင် သူမ၏ အပြာနုရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး နေအိမ်ရှေ့အရောက် ယာဉ်ပေါ်မှ ဆင်းရန်ပြင်ချိန်တွင် အမည်မသိလက်နက်ကိုင်တစ်ဦး (စိစစ်ဆဲ) မှ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဒေါ်လီလီနိုင်ကျော်၌ ယာပါး(ယာနားထင်အနီး) သေနတ်ဒဏ်ရာ ၁ ချက်ထိမှန်ခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံသို့ အရေးပေါ်‌ပို့ဆောင်ခဲ့စဉ် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တေးသံရှင် လီလီနိုင်ကျော်သည် သေဆုံးချိန်တွင် အသက် (၅၈ နှစ်) ရှိပြီဖြစ်ပြီး အမျိုးသားရေးနှင့် မဘသအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။

တေးသံရှင် လီလီနိုင်ကျော် လုပ်ကြံခံရသည့် ကိစ္စနှင့်ပတ်သက်၍ နွေဦးအသံ ဟူသောဖေ့ဘွတ်ပေ့ချ်တွင် "အမျိုးသားရေးအစွန်းရောက် လီလီနိုင်ကျော် မြို့ပြပြောက်ကြားအဖွဲ့ရဲ့ပစ်ခတ်တာကို ခံရပြီး မေးစေ့ဖောက် ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့‌" ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

တေးသံရှင် လီလီနိုင်ကျော်သည် တစ်ခေတ်တစ်ခါက အောင်မြင်ထင်ရှားခဲ့သည့် အဆိုတော်တစ်ဦးဖြစ်ပြီး၊ “ သူမ သီဆိုခဲ့သော“နိုင်ငံတော်ရဲ့ပါရမီဖြည့်ဘက်များ” သီချင်း အပါအဝင် တေးသံရှင် မိုးမင်းနှင့် တွဲဖက်သီဆိုခဲ့သည့် "ကျီးစားသလား" နှင့် ဖြူနီပြာဝါ စသောသင်္ကြန်‌သီချင်းများသည်လည်း ယနေ့ထိတိုင် လူကြိုက်များဆဲဖြစ်သည်။

Zawgyi Version;
ေတးသံရွင္ လီလီႏိုင္ေက်ာ္ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခံရ၍ ေသဆုံး
ရဲျပည့္ (NP News) - ေမလ ၃ဝ

ရန္ကင္းၿမိဳ႕နယ္၊ ၂ ရပ္ကြက္၊ ရန္ရွင္းလမ္းတြင္ ေနထိုင္သည့္ ေတးသံရွင္ လီလီႏိုင္ေက်ာ္အား လက္နက္ကိုင္ အၾကမ္းဖက္သမားတစ္ဦးမွ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ျခင္းေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း မိသားစုႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္သည္ ယေန႔ ေမလ ၃ဝ ရက္၊ ည ၇ နာရီ ၅ မိနစ္အခ်ိန္ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတးသံရွင္ လီလီႏိုင္ေက်ာ္သည္ တိုက္(က/၂၆၅၊ အခန္း-၇) ေရွ႕တြင္ သူမ၏ အျပာႏုေရာင္ယာဥ္ျဖင့္ ေနအိမ္သို႔ ျပန္လာခဲ့ျခင္းျဖစ္ၿပီး ေနအိမ္ေရွ႕အေရာက္ ယာဥ္ေပၚမွ ဆင္းရန္ျပင္ခ်ိန္တြင္ အမည္မသိလက္နက္ကိုင္တစ္ဦး (စိစစ္ဆဲ) မွ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚလီလီႏိုင္ေက်ာ္၌ ယာပါး(ယာနားထင္အနီး) ေသနတ္ဒဏ္ရာ ၁ ခ်က္ထိမွန္ခဲ့ၿပီး မဂၤလာဒုံစစ္ေဆး႐ုံသို႔ အေရးေပၚ‌ပို႔ေဆာင္ခဲ့စဥ္ ေဆး႐ုံ၌ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတးသံရွင္ လီလီႏိုင္ေက်ာ္သည္ ေသဆုံးခ်ိန္တြင္ အသက္ (၅၈ ႏွစ္) ရွိၿပီျဖစ္ၿပီး အမ်ိဳးသားေရးႏွင့္ မဘသအဖြဲ႕ဝင္ တစ္ဦးလည္းျဖစ္သည္။

ေတးသံရွင္ လီလီႏိုင္ေက်ာ္ လုပ္ႀကံခံရသည့္ ကိစၥႏွင့္ပတ္သက္၍ ေႏြဦးအသံ ဟူေသာေဖ့ဘြတ္ေပ့ခ်္တြင္ "အမ်ိဳးသားေရးအစြန္းေရာက္ လီလီႏိုင္ေက်ာ ၿမိဳ႕ျပေျပာက္ၾကားအဖြဲ႕ရဲ႕ပစ္ခတ္တာကို ခံရၿပီး ေမးေစ့ေဖာက္ ထြက္ဒဏ္ရာနဲ႔ ေသဆုံးခဲ့‌" ဟု ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ေတးသံရွင္ လီလီႏိုင္ေက်ာ္သည္ တစ္ေခတ္တစ္ခါက ေအာင္ျမင္ထင္ရွားခဲ့သည့္ အဆိုေတာ္တစ္ဦးျဖစ္ၿပီး၊ “ သူမ သီဆိုခဲ့ေသာ“ႏိုင္ငံေတာ္ရဲ႕ပါရမီျဖည့္ဘက္မ်ား” သီခ်င္း အပါအဝင္ ေတးသံရွင္ မိုးမင္းႏွင့္ တြဲဖက္သီဆိုခဲ့သည့္ "က်ီးစားသလား" ႏွင့္ ျဖဴနီျပာဝါ စေသာသၾကၤန္‌သီခ်င္းမ်ားသည္လည္း ယေန႔ထိတိုင္ လူႀကိဳက္မ်ားဆဲျဖစ္သည္။

Picture

Win Lwin

31/05/2023 06:17

ကျီးစား မဟုတ် ကျီစား

Picture

Myint Myat

31/05/2023 13:05

မသေသေးဘူး တဲ့။ အခု အချိန်၌ သတိပြန်ရနေပြီတဲ့ ။

Picture

Kyaw Kyaw

31/05/2023 19:17

confirm လုပ်ပါဦး

Related news

© 2021. All rights reserved.