ပြည်ပမှတဆင့် EV ဆိုင်ကယ်အစီး (၆ဝဝ)ကျော် ထပ်မံတင်သွင်း

 1670

ယွန်း (NP News) - မေ ၃၁

Kanbo အမျိုးအစား EV ဆိုင်ကယ်အစီး(၆ဝဝ)ကျော် မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့(မေလ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှတင်သွင်းလာသော Kanbo အမျိုးအစားလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်အစီး(၆၄ဝ) ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ EV ဆိုင်ကယ်များသည် မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မေလ (၃ဝ)ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

၎င်း EV ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ(၂၅)ရက်‌ကလည်း NCX Myanmar Co., Ltd. မှ တင်သွင်းသော Wuyang Honda အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၉၂) စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

zawgyi version
ျပည္ပမွတဆင့္ EV ဆိုင္ကယ္အစီး (၆ဝဝ)ေက်ာ္ ထပ္မံတင္သြင္း

ယြန္း (NP News) - ေမ ၃၁

Kanbo အမ်ိဳးအစား EV ဆိုင္ကယ္အစီး(၆ဝဝ)ေက်ာ္ မူဆယ္(၁ဝ၅)မိုင္ကုန္သြယ္ေရးဇုန္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယေန႔(ေမလ ၃၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးေဆာင္ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ Aung Kan Bo Motorcycle Industrial Co., Ltd. မွတင္သြင္းလာေသာ Kanbo အမ်ိဳးအစားလွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္အစီး(၆၄ဝ) ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ EV ဆိုင္ကယ္မ်ားသည္ မူဆယ္(၁ဝ၅)မိုင္ ကုန္သြယ္ေရးဇုန္သို႔ေရာက္ရွိခဲ့ျခင္းျဖစ္ၿပီး ေမလ (၃ဝ)ရက္တြင္ လုပ္ထုံးလုပ္နည္းႏွင့္အညီ ထုတ္ယူခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

၎ EV ဆိုင္ကယ္မ်ား တင္သြင္းမႈအတြက္ အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေမလ(၂၅)ရက္‌ကလည္း NCX Myanmar Co., Ltd. မွ တင္သြင္းေသာ Wuyang Honda အမ်ိဳးအစား လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ (၁၉၂) စီး ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့သည္။

Related news

© 2021. All rights reserved.