မန်စီးတီးကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခြင်းကြောင့် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုများကို ဂွါဒီယိုလာ သိမ်းပိုက်

533

Pika (NP News) - မေ ၃၁
ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် မေလ (၃ဝ) ရက်တွင် လိဂ်မန်နေဂျာများအစည်းအရုံး (LMA) က ချီးမြှင့်သော တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအပြင် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်က ချီးမြှင့်သော ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ကြောင်း သိရသည်။
မန်စီးတီးနည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်ဆုဖလားကို သုံးနှစ်ဆက်တိုက် အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးနည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံး(၆)ရာသီ၌ အသင်းကို ချန်ပီယံ ဆုဖလား(၅)ကြိမ်ရယူနိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို လေးကြိမ်မြောက် ရယူနိုင်ခြင်း ဖြစ်သည်။ လက်ရှိ ပရီးမီးယားလိဂ်ရာသီတွင် ဆုဖလားဆွတ်ခူးနိုင်ရန်အတွက် မန်စီးတီးအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော အာဆင်နယ်အသင်း၏ နည်းပြအာတီတာသည်လည်း ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရကြောင်း သိရသည်။
နယူးကာဆယ် အသင်းနည်းပြအက်ဒီဟိုဝီ သည် (၂ဝဝ၂-၂ဝဝ၃) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် ရွေးချယ်ရန်အတွက် နောက်ဆုံးဇကာတင်စာရင်းတွင် အမည်တင်သွင်းခံခဲ့ရသည်။
ဘရိုက်တန်အသင်းနည်းပြရော်ဘတ်တိုဒီဇာဘီသည် ၎င်း၏ အသင်းကို အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ဇကာတင်စာရင်းတွင် အမည်တင်သွင်းခံခဲ့ရကြောင်း သိရသည်။ အဆိုပါဇကာတင်စာရင်းထဲတွင် ဘန်လေနည်းပြ Vincent Kompany နှင့် Plymouth Argyle အသင်းမှ နည်းပြ Steven Schumacher တို့နှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် အာဆင်နယ်အသင်းသည် နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီး အသင်းက (၅)မှတ်အသာဖြင့် ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် FA ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ရန်အတွက် ဗိုလ်လုပွဲများ ကစားရန်ကျန်ရှိနေသေးပြီး ဆုဖလား သုံးလုံးရယူနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ဇွန်လ(၃)ရက်တွင် FA ဖလားဗိုလ်လုပွဲကို မန်ယူအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇွန်လ(၁၁)ရက်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Zawgyi Version;
မန္စီးတီးကို ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ျခင္းေၾကာင့္ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုမ်ားကို ဂြါဒီယိုလာ သိမ္းပိုက္
Pika (NP News) - ေမ ၃၁
ဂြါဒီယိုလာသည္ မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္းေၾကာင့္ ေမလ (၃ဝ) ရက္တြင္ လိဂ္မန္ေနဂ်ာမ်ားအစည္းအ႐ုံး (LMA) က ခ်ီးျမႇင့္ေသာ တစ္ႏွစ္တာအေကာင္းဆုံး နည္းျပဆုအျပင္ ပရီးမီးယားလိဂ္ ေဘာလုံးၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ခ်ဳပ္က ခ်ီးျမႇင့္ေသာ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုကို ရရွိခဲ့ေၾကာင္း သိရသည္။
မန္စီးတီးနည္းျပဂြါဒီယိုလာသည္ ပရီးမီးယားလိဂ္ဆုဖလားကို သုံးႏွစ္ဆက္တိုက္ အသင္းႏွင့္အတူ ဆြတ္ခူးႏိုင္ခဲ့ျခင္း ျဖစ္သည္။ မန္စီးတီးနည္းျပဂြါဒီယိုလာသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ေနာက္ဆုံး(၆)ရာသီ၌ အသင္းကို ခ်န္ပီယံ ဆုဖလား(၅)ႀကိမ္ရယူႏိုင္ရန္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဂြါဒီယိုလာသည္ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံးနည္းျပဆုကို ေလးႀကိမ္ေျမာက္ ရယူႏိုင္ျခင္း ျဖစ္သည္။ လက္ရွိ ပရီးမီးယားလိဂ္ရာသီတြင္ ဆုဖလားဆြတ္ခူးႏိုင္ရန္အတြက္ မန္စီးတီးအသင္းႏွင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ေသာ အာဆင္နယ္အသင္း၏ နည္းျပအာတီတာသည္လည္း ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုအတြက္ အမည္စာရင္းတင္သြင္းခံခဲ့ရေၾကာင္း သိရသည္။
နယူးကာဆယ္ အသင္းနည္းျပအက္ဒီဟိုဝီ သည္ (၂ဝဝ၂-၂ဝဝ၃) ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၎၏ အသင္းကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသို႔ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုအတြက္ ေ႐ြးခ်ယ္ရန္အတြက္ ေနာက္ဆုံးဇကာတင္စာရင္းတြင္ အမည္တင္သြင္းခံခဲ့ရသည္။
ဘ႐ိုက္တန္အသင္းနည္းျပေရာ္ဘတ္တိုဒီဇာဘီသည္ ၎၏ အသင္းကို အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုပါလိဂ္ ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သည့္အတြက္ ဇကာတင္စာရင္းတြင္ အမည္တင္သြင္းခံခဲ့ရေၾကာင္း သိရသည္။ အဆိုပါဇကာတင္စာရင္းထဲတြင္ ဘန္ေလနည္းျပ Vincent Kompany ႏွင့္ Plymouth Argyle အသင္းမွ နည္းျပ Steven Schumacher တို႔ႏွစ္ဦးလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။
ယခုလအေစာပိုင္းတြင္ အာဆင္နယ္အသင္းသည္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ မန္စီးတီး အသင္းက (၅)မွတ္အသာျဖင့္ ပရီးမီးယားလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ မန္စီးတီးအသင္းသည္ FA ဖလားႏွင့္ ခ်န္ပီယံလိဂ္ဖလားတို႔ကို သိမ္းပိုက္ႏိုင္ရန္အတြက္ ဗိုလ္လုပြဲမ်ား ကစားရန္က်န္ရွိေနေသးၿပီး ဆုဖလား သုံးလုံးရယူႏိုင္မည့္ လမ္းေၾကာင္းေပၚတြင္ ရွိေနေၾကာင္း သိရသည္။ မန္စီးတီးအသင္းသည္ ဇြန္လ(၃)ရက္တြင္ FA ဖလားဗိုလ္လုပြဲကို မန္ယူအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ဇြန္လ(၁၁)ရက္တြင္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အင္တာမီလန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။