ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆီဗီလာအသင်းကို ရှုံးနိမ့်ရသည့်အကြောင်းအရင်းကို ရိုးမားနည်းပြမော်ရင်ဟို ထုတ်ဖော် ပြောဆို

 608

Pika (NP News) - ဇွန် ၂

ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့သော ယူရိုပါလိဂ်ပွဲသည် ဝမ်းနည်ဖွယ်ရာကောင်းသော ရှုံးနိမ့်မှုတစ်ခုဖြစ်ကြောင်း ရိုးမား အသင်းနည်းပြမော်ရင်ဟိုက ညည်းတွားပြောဆိုခဲ့သည်။

မော်ရင်ဟို က "ဒီညမှာ ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပျော့ညံ့မှုတွေကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။ ပြောရမယ့်အပိုင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လက်ထဲမှာ ဆုဖလား ရှိမနေတဲ့အတွက် ကျွန်တော်တို့ စိတ်ပင်ပန်းမှုတွေဖြစ်နေပြီး ဂုဏ်ယူမှုတွေရှိမှာ မဟုတ်ပါဘူး။ ကစားပွဲတစ်ခုကို ရှုံးလို့ရပေမယ့် ပရော်ရှင်နယ်ဆန် တာကိုတော့ ဆုံးရှုံးလို့မရပါဘူး။ ကျွန်တော် ပြိုင်ပွဲအမျိုးမျိုးမှာ ဖိုင်နယ်(၅)ပွဲကို နိုင်ခဲ့ပြီး၊ ဒီတစ်ပွဲကိုပဲ ရှုံးနိမ့်ခဲ့ ပေမယ့် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အားလုံးဝမ်းနည်းတာ အမှန်ပါပဲ။ ဒီနေ့ ညမှာတော့ တရားမျှတမှုမရှိတဲ့ ဒိုင်လူကြီးကြောင့် ကျွန်တော်တို့ပင်ပင်ပန်းပန်းနဲ့ပဲ အိမ်ပြန်ခဲ့ရပါတယ်။ တကယ်ကို ကြီးကျယ်ခမ်းနားပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ဖိုင်နယ်ပွဲဖြစ်ပေမယ့် ဒိုင်လူကြီးက တရားမျှတမှုမရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး အခြားကလပ်တစ်ခုခုနဲ့ ဆက်သွယ်မှုရှိမယ်ဆိုရင် လျှို့ဝှက်ပြီးလုပ်ဆောင်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်း မှာပဲ ဆက်ရှိနေဦးမယ်လို့ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ ရိုးမားနဲ့ စာချုပ်သက်တမ်း(၁)နှစ် ကျန်ရှိနေသေးတော့ အခြေအနေကရှင်းပါတယ်" ဟု ပြောဆိုခဲ့သည်။

ဆီဗီလာနှင့် ရိုးမာအသင်းတို့သည် (၁)ဂိုးစီ သရေကျခဲ့ပြီးနောက် အချိန်ပိုပင်နယ်တီကန်ခဲ့ပြီး ဆီဗီလာအသင်းက (၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ်ဆုဖလားကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဆီဗီလာအသင်းသည် (၁၇)နှစ် အတွင်း ယူရိုပါလိဂ်ဆုဖလားကို (၇)ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ ဆီဗီလာအသင္းကို ရႈံးနိမ့္ရသည့္အေၾကာင္းအရင္းကို ႐ိုးမားနည္းျပေမာ္ရင္ဟို ထုတ္ေဖာ္ ေျပာဆို
Pika (NP News) - ဇြန္ ၂

ဆီဗီလာအသင္းကို ရႈံးနိမ့္ခဲ့ေသာ ယူ႐ိုပါလိဂ္ပြဲသည္ ဝမ္းနည္ဖြယ္ရာေကာင္းေသာ ရႈံးနိမ့္မႈတစ္ခုျဖစ္ေၾကာင္း ႐ိုးမား အသင္းနည္းျပေမာ္ရင္ဟိုက ညည္းတြားေျပာဆိုခဲ့သည္။

ေမာ္ရင္ဟို က "ဒီညမွာ ကြၽန္ေတာ္တို႔စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာေပ်ာ့ညံ့မႈေတြေၾကာင့္ ရႈံးနိမ့္ခဲ့ရတာပါ။ ေျပာရမယ့္အပိုင္းေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္တို႔ လက္ထဲမွာ ဆုဖလား ရွိမေနတဲ့အတြက္ ကြၽန္ေတာ္တို႔ စိတ္ပင္ပန္းမႈေတြျဖစ္ေနၿပီး ဂုဏ္ယူမႈေတြရွိမွာ မဟုတ္ပါဘူး။ ကစားပြဲတစ္ခုကို ရႈံးလို႔ရေပမယ့္ ပေရာ္ရွင္နယ္ဆန္ တာကိုေတာ့ ဆုံးရႈံးလို႔မရပါဘူး။ ကြၽန္ေတာ္ ၿပိဳင္ပြဲအမ်ိဳးမ်ိဳးမွာ ဖိုင္နယ္(၅)ပြဲကို ႏိုင္ခဲ့ၿပီး၊ ဒီတစ္ပြဲကိုပဲ ရႈံးနိမ့္ခဲ့ ေပမယ့္ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္တို႔အားလုံးဝမ္းနည္းတာ အမွန္ပါပဲ။ ဒီေန႔ ညမွာေတာ့ တရားမွ်တမႈမရွိတဲ့ ဒိုင္လူႀကီးေၾကာင့္ ကြၽန္ေတာ္တို႔ပင္ပင္ပန္းပန္းနဲ႔ပဲ အိမ္ျပန္ခဲ့ရပါတယ္။ တကယ္ကို ႀကီးက်ယ္ခမ္းနားၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ဖိုင္နယ္ပြဲျဖစ္ေပမယ့္ ဒိုင္လူႀကီးက တရားမွ်တမႈမရွိခဲ့ပါဘူး။ ကြၽန္ေတာ့္ရဲ႕အနာဂါတ္နဲ႔ပတ္သက္ၿပီး အျခားကလပ္တစ္ခုခုနဲ႔ ဆက္သြယ္မႈရွိမယ္ဆိုရင္ လွ်ိဳ႕ဝွက္ၿပီးလုပ္ေဆာင္ေနမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ဒီအသင္း မွာပဲ ဆက္ရွိေနဦးမယ္လို႔ အတိအက်မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ႐ိုးမားနဲ႔ စာခ်ဳပ္သက္တမ္း(၁)ႏွစ္ က်န္ရွိေနေသးေတာ့ အေျခအေနကရွင္းပါတယ္" ဟု ေျပာဆိုခဲ့သည္။

ဆီဗီလာႏွင့္ ႐ိုးမာအသင္းတို႔သည္ (၁)ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ အခ်ိန္ပိုပင္နယ္တီကန္ခဲ့ၿပီး ဆီဗီလာအသင္းက (၄)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိကာ ယူ႐ိုပါလိဂ္ဆုဖလားကို သိမ္းပိုက္ခဲ့ျခင္းျဖစ္သည္။ ဆီဗီလာအသင္းသည္ (၁၇)ႏွစ္ အတြင္း ယူ႐ိုပါလိဂ္ဆုဖလားကို (၇)ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.