အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၇)သောင်းနှင့် ငွေကျပ်သန်း(၃ဝဝဝ)ကျော် ချီးမြှင့်

 295

ယွန်း (NP News) - ဇွန် ၂

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၇)သောင်း နှင့် ငွေကျပ်သန်း (၃ဝဝဝ)ကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဇွန်လ(၁)ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်းကို အာကစားသမား(၃၄၁)ဦး၊ အုပ်ချုပ်သူ/နည်းပြ (၁ဝ၄)ဦး စုစုပေါင်း(၄၄၅)ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ်(၂၁)ခု၊ ငွေတံဆိပ်(၂၅)ခု နှင့် ကြေးတံဆိပ်(၆၈) ခု စုစုပေါင်းဆုတံဆိပ်(၁၁၄)ခု ရရှိခဲ့ကြောင်း သိရသည်။

ဆုတံဆိပ်ရရှိသူများအနက်မှ တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၃၀၀)၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၂ဝဝ)၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၁၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားများအား တစ်ဦးလျှင်ကျပ်သိန်း(၁ဝဝ) ငွေတံဆိပ်ရရှိခဲ့သည့် အသင်းအား တစ်ဦးလျှင် ကျပ်သိန်း(၇ဝ) နှင့် ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားများအား တစ်ဦးလျှင် ကျပ်(၃၅)သိန်း စီပေးအပ်ခဲ့သည်။

အလားတူ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများကို ၎င်းတို့၏ အားကစားနည်းများအနက်မှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း(၁ဝဝ)၊ ငွေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း(၅ဝ)၊ ကြေးတံဆိပ်ရရှိခဲ့ပါက တစ်ဦး လျှင်ကျပ်သိန်း(၃ဝ)စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ စုစုပေါင်းကုန်ကြခဲ့သည့် ငွေကြေးပမာဏမှာ ငွေကျပ်(၃၃၃၃) သန်းနှင့် အမေရိကန်ဒေါ်လာ (၇)သောင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ဆုရရွိခဲ့သူမ်ားကို ႏိုင္ငံေတာ္မွ အေမရိကန္ေဒၚလာ(၇)ေသာင္းႏွင့္ ေငြက်ပ္သန္း(၃ဝဝဝ)ေက်ာ္ ခ်ီးျမႇင့္
ယြန္း (NP News) - ဇြန္ ၂

(၃၂)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ဆုရရွိခဲ့သူမ်ားကို ႏိုင္ငံေတာ္မွ အေမရိကန္ေဒၚလာ(၇)ေသာင္း ႏွင့္ ေငြက်ပ္သန္း (၃ဝဝဝ)ေက်ာ္ ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားကို ဇြန္လ(၁)ရက္တြင္ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိအားကစား႐ုံ(B) တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

(၃၂)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအေနျဖင့္ အားကစားနည္း(၁၉)နည္းကို အာကစားသမား(၃၄၁)ဦး၊ အုပ္ခ်ဳပ္သူ/နည္းျပ (၁ဝ၄)ဦး စုစုေပါင္း(၄၄၅)ဦးျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ေ႐ႊတံဆိပ္(၂၁)ခု၊ ေငြတံဆိပ္(၂၅)ခု ႏွင့္ ေၾကးတံဆိပ္(၆၈) ခု စုစုေပါင္းဆုတံဆိပ္(၁၁၄)ခု ရရွိခဲ့ေၾကာင္း သိရသည္။

ဆုတံဆိပ္ရရွိသူမ်ားအနက္မွ တစ္ဦးခ်င္းၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း(၃၀၀)၊ ေငြတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း(၂ဝဝ)၊ ေၾကးတံဆိပ္ရရွိခဲ့သူမ်ားကို က်ပ္သိန္း(၁၀၀) ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အသင္းလိုက္ၿပိဳင္ပြဲမ်ားတြင္ ေ႐ႊတံဆိပ္ရရွိခဲ့ၾကသည့္ အသင္းသားမ်ားအား တစ္ဦးလွ်င္က်ပ္သိန္း(၁ဝဝ) ေငြတံဆိပ္ရရွိခဲ့သည့္ အသင္းအား တစ္ဦးလွ်င္ က်ပ္သိန္း(၇ဝ) ႏွင့္ ေၾကးတံဆိပ္ရရွိခဲ့သည့္ အသင္းသားမ်ားအား တစ္ဦးလွ်င္ က်ပ္(၃၅)သိန္း စီေပးအပ္ခဲ့သည္။

အလားတူ အားကစားနည္းအလိုက္ တာဝန္ယူေဆာင္႐ြက္ခဲ့ၾကသည့္ နည္းျပမ်ားႏွင့္ အုပ္ခ်ဳပ္သူမ်ားကို ၎တို႔၏ အားကစားနည္းမ်ားအနက္မွ ေ႐ႊတံဆိပ္ရရွိခဲ့ပါက တစ္ဦးလွ်င္ က်ပ္သိန္း(၁ဝဝ)၊ ေငြတံဆိပ္ရရွိခဲ့ပါက တစ္ဦးလွ်င္ က်ပ္သိန္း(၅ဝ)၊ ေၾကးတံဆိပ္ရရွိခဲ့ပါက တစ္ဦး လွ်င္က်ပ္သိန္း(၃ဝ)စီ ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ရာ စုစုေပါင္းကုန္ၾကခဲ့သည့္ ေငြေၾကးပမာဏမွာ ေငြက်ပ္(၃၃၃၃) သန္းႏွင့္ အေမရိကန္ေဒၚလာ (၇)ေသာင္းျဖစ္ေၾကာင္း သိရသည္။

Picture

Nyan Gyi

02/06/2023 15:01

ပေးတာတော့ပေးပေါ့ကွာ ငါတို့လူတန်းစားတေတော့ငတ်နေပီ မျှတမှုမရှိတဲ့အတွက်စိတ်မချမ်းသာဘူး

Related news

© 2021. All rights reserved.