သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားမည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် အဆင်ပြေစွာထုတ်ပေးနိုင်ရေး နှစ်နိုင်ငံ ဆွေးနွေး

 460

ယွန်း (NP News) - ‌ဇွန် ၃

သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားမည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် အဆင်ပြေစွာထုတ်ပေးနိုင် ရေး နှစ်နိုင်ငံ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွန်လ(၁)ရက်တွင် နေပြည်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ် H.E Mr. J.M.J.P Bandara က တွေ့ဆုံဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်ဝင်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ပြုမှုအခြေအနေများကို နှစ်နိုင်ငံဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားမည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစွာ ထုတ်ပေးနိုင်‌ရေးအခြေအနေများကို နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် (၂ဝ၁၉)ခုနှစ် က ဆောင်ရွက်ခဲ့သည့် မြန်မာ- သီရိလင်္ကာနှစ်နိုင်ငံ အကြား ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် (MOU) သက်တမ်းကို ဆက်လက်တိုးမြှင့်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသားများနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်း ထည့်သွင်း‌ဆွေးနွေးခဲ့ ကြသည်။

Zawgyi Version;
သီရိလကၤာႏိုင္ငံသို႔ ဘုရားဖူးသြားမည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ အဆင္ေျပစြာထုတ္ေပးႏိုင္ ေရး ႏွစ္ႏိုင္ငံ ေဆြးေႏြး
ယြန္း (NP News) - ‌ဇြန္ ၃

သီရိလကၤာႏိုင္ငံသို႔ ဘုရားဖူးသြားမည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ အဆင္ေျပစြာထုတ္ေပးႏိုင္ ေရး ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ဇြန္လ(၁)ရက္တြင္ ေနျပည္ေတာ္၌ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ သီရိလကၤာသံအမတ္ H.E Mr. J.M.J.P Bandara က ေတြ႕ဆုံေဆြးေႏြးခဲ့ၾက ျခင္းျဖစ္သည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ျမန္မာႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံတို႔အၾကား လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ လုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ျပည္ဝင္ဗီဇာ အျပန္အလွန္ကင္းလြတ္ခြင့္ျပဳမႈအေျခအေနမ်ားကို ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။

ထို႔ျပင္ သီရိလကၤာႏိုင္ငံသို႔ ဘုရားဖူးသြားမည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ႏွင့္ ျပည္ဝင္ဗီဇာ လြယ္ကူအဆင္ေျပစြာ ထုတ္ေပးႏိုင္‌ေရးအေျခအေနမ်ားကို ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

အလားတူ ၿပီးခဲ့သည့္ (၂ဝ၁၉)ခုႏွစ္ က ေဆာင္႐ြက္ခဲ့သည့္ ျမန္မာ- သီရိလကၤာႏွစ္ႏိုင္ငံ အၾကား ဗီဇာကင္းလြတ္ခြင့္ သေဘာတူစာခ်ဳပ္ (MOU) သက္တမ္းကို ဆက္လက္တိုးျမႇင့္ႏိုင္ေရးအတြက္လည္း ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ လူကုန္ကူးခံရမႈေၾကာင့္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနသည့္ သီရိလကၤာႏိုင္ငံသားမ်ားႏွင့္ ပတ္သက္၍ လူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ရမည့္နည္းလမ္းမ်ားကိုလည္း ထည့္သြင္း‌ေဆြးေႏြးခဲ့ ၾကသည္။

Related news

© 2021. All rights reserved.