အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပြင် အကျိုးခံစားခွင့်များ တိုးတက်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်

 575

ယွန်း (NP News) - ဇွန် ၃

အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပြင် အကျိုးခံစားခွင့်များ တိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ ဇွန်လ(၂)ရက်တွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ ပူးပေါင်းပြီး UEFA Assist Football for Women Programme ကို ဇွန်လ(၂)ရက်တွင် ရန်ကုန်မြို့ရှိ၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ့ဘောလုံးအသိုင်းအဝိုင်းတွင် ကဏ္ဍအသီးသီးမှ လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးဝန်ထမ်းများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ အဆိုပါ အစီအစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဥ်ကို ဇွန်လ(၂)ရက်မှ (၅)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဘောလုံးကဏ္ဍ၏ အခန်းကဏ္ဍကို အမျိုးသားဘောလုံးနှင့် တန်းတူဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးဘောလုံးလောကသားများအတွက် လစာအပါအဝင် အကျိုးခံစားခွင့်နှင့် အခြေခံအ ဆောက်အဦးများ တိုးတက်လာစေရန်အတွက်လည်း ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း MFF မှဆိုထား သည်။

အလားတူ ဘောလုံးနှင့်ပတ်သက်သည့် စီးပွားရေးကိစ္စရပ်များတိုးတက်လာရန်နှင့် မြန်မာ့အမျိုးသမီး ဘောလုံးကိုလည်း အမျိုးသားများနည်းတူ အောက်ခြေအဆင့်မှ စတင်ရွေးချယ်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် UEFA မှ အမျိုးသမီး ဘောလုံးရေးရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ သုံးဦးမှ ဦးဆောင်ကာ ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်‌ကြောင်း MFF မှ သိရသည်။

zawgyi version
အမ်ိဳးသမီးေဘာလုံးေလာကသားမ်ားအတြက္ လစာအျပင္ အက်ိဳးခံစားခြင့္မ်ား တိုးတက္ေစေရးအတြက္ ေဆြးေႏြးမႈမ်ားျပဳလုပ္

ယြန္း (NP News) - ဇြန္ ၃

အမ်ိဳးသမီးေဘာလုံးေလာကသားမ်ားအတြက္ လစာအျပင္ အက်ိဳးခံစားခြင့္မ်ား တိုးတက္ေစေရးအတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF) မွ ဇြန္လ(၂)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)ႏွင့္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)တို႔ ပူးေပါင္းၿပီး UEFA Assist Football for Women Programme ကို ဇြန္လ(၂)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ၊ ႏိုဗိုတယ္ဟိုတယ္၌ က်င္းပ ျပဳလုပ္ခဲ့သည္။

ျမန္မာ့ေဘာလုံးအသိုင္းအဝိုင္းတြင္ က႑အသီးသီးမွ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ အမ်ိဳးသမီးဝန္ထမ္းမ်ား၏ အရည္အေသြးႏွင့္ စီမံခန႔္ခြဲမႈအရည္အခ်င္းမ်ား တိုးတက္ေကာင္းမြန္လာေစရန္ ရည္႐ြယ္၍ အဆိုပါ အစီအစဥ္ကို ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အစီအစဥ္ကို ဇြန္လ(၂)ရက္မွ (၅)ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး အမ်ိဳးသမီးေဘာလုံးက႑၏ အခန္းက႑ကို အမ်ိဳးသားေဘာလုံးႏွင့္ တန္းတူျဖစ္လာေစရန္ ရည္႐ြယ္ေၾကာင္း သိရသည္။

ထို႔ျပင္ အမ်ိဳးသမီးေဘာလုံးေလာကသားမ်ားအတြက္ လစာအပါအဝင္ အက်ိဳးခံစားခြင့္ႏွင့္ အေျခခံအ ေဆာက္အဦးမ်ား တိုးတက္လာေစရန္အတြက္လည္း ေဆြးေႏြးပြဲမ်ားျပဳလုပ္ခဲ့ေၾကာင္း MFF မွဆိုထား သည္။

အလားတူ ေဘာလုံးႏွင့္ပတ္သက္သည့္ စီးပြားေရးကိစၥရပ္မ်ားတိုးတက္လာရန္ႏွင့္ ျမန္မာ့အမ်ိဳးသမီး ေဘာလုံးကိုလည္း အမ်ိဳးသားမ်ားနည္းတူ ေအာက္ေျခအဆင့္မွ စတင္ေ႐ြးခ်ယ္ရန္အတြက္ ရည္႐ြယ္၍ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ UEFA မွ အမ်ိဳးသမီး ေဘာလုံးေရးရာစီမံခန႔္ခြဲမႈ ကြၽမ္းက်င္သူ သုံးဦးမွ ဦးေဆာင္ကာ ေဆြးေႏြးပြဲမ်ားျပဳလုပ္သြားမည္ျဖစ္‌ေၾကာင္း MFF မွ သိရသည္။

Related news

© 2021. All rights reserved.