အောင်ပန်းမြို့၌ ပယောဂဆရာက ရိုက်နှက်ကုသ၍ အမျိုးသမီးတစ်ဦး သေဆုံး

5561

NP News - ဇွန် ၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ယမန်နေ့ (ဇွန်လ ၂ ရက်)က အပဝင်သည်ဟုဆိုကာပယောဂ ဆရာဆိုသူက ရိုက်နှက်ကုသရာမှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်းသိရသည်။
အောင်ပန်းမြို့၊ ရပ်ကွက်(၃)နေ အမျိုးသမီးတစ်ဦးသည် ကိုယ်လက်ညောင်းညာပြီး ဘုရားစင်ရှေ့၌ ခြေထောက်ထိုးခြင်း၊ ဟိန်းဟောက် ဆဲဆိုခြင်းများပြုလုပ်နေသည့်အတွက် အပဝင်သည်ဟုဆိုကာ မိသားစုဝင်များက တစ်ရပ်ကွက်တည်းနေ ပယောဂ ဆရာထံ သွားရောက် ပြသခဲ့ကြောင်း ဒေသခံ တစ်ဦးက NP News ကိုပြောသည်။
ပယောဂ ဆရာသည် အမျိုးသမီး ခန္ဓာကိုယ်ထဲတွင် အပဝင်နေသည်ဟုဆိုကာ ပါးရိုက်ခြင်း၊ ကြိမ်တုတ်၊ ရေထမ်းတံပိုးတို့ဖြင့် ဦးခေါင်း သာမက ခန္ဓာကိုယ် နေရာအနှံ့ကိုရိုက်နှက်ရာမှ မလှုပ်နိုင်တော့ချိန်တွင် အပဝင်ခြင်း မထွက်ဟုပြောဆိုကာ အိမ်ပြန်လွှတ်လိုက်ခဲ့ကြောင်းသိရသည်။
ရိုက်နှက်ခံရသည့် ဒဏ်ရာအပြင်းအထန်ရသွားသည့် အမျိုးသမီးကို မိသားစုဝင်များက ကလောဆေးရုံမှတဆင့် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အောင်ပန်းမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သည့် အသက်(၅ဝ)အရွယ် ပယောဂဆရာဆိုသူကို မိသားစုဝင်များက အမှုဖွင့်ထားကြောင်းသိရသည်။

zawgyi version
ေအာင္ပန္းၿမိဳ႕၌ ပေယာဂဆရာက ႐ိုက္ႏွက္ကုသ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံး
NP News - ဇြန္ ၃
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၌ ယမန္ေန႔ (ဇြန္လ ၂ ရက္)က အပဝင္သည္ဟုဆိုကာပေယာဂ ဆရာဆိုသူက ႐ိုက္ႏွက္ကုသရာမွ အသက္(၃၃)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားေၾကာင္းသိရသည္။
ေအာင္ပန္းၿမိဳ႕၊ ရပ္ကြက္(၃)ေန အမ်ိဳးသမီးတစ္ဦးသည္ ကိုယ္လက္ေညာင္းညာၿပီး ဘုရားစင္ေရွ႕၌ ေျခေထာက္ထိုးျခင္း၊ ဟိန္းေဟာက္ ဆဲဆိုျခင္းမ်ားျပဳလုပ္ေနသည့္အတြက္ အပဝင္သည္ဟုဆိုကာ မိသားစုဝင္မ်ားက တစ္ရပ္ကြက္တည္းေန ပေယာဂ ဆရာထံ သြားေရာက္ ျပသခဲ့ေၾကာင္း ေဒသခံ တစ္ဦးက NP News ကိုေျပာသည္။
ပေယာဂ ဆရာသည္ အမ်ိဳးသမီး ခႏၶာကိုယ္ထဲတြင္ အပဝင္ေနသည္ဟုဆိုကာ ပါး႐ိုက္ျခင္း၊ ႀကိမ္တုတ္၊ ေရထမ္းတံပိုးတို႔ျဖင့္ ဦးေခါင္း သာမက ခႏၶာကိုယ္ ေနရာအႏွံ႔ကို႐ိုက္ႏွက္ရာမွ မလႈပ္ႏိုင္ေတာ့ခ်ိန္တြင္ အပဝင္ျခင္း မထြက္ဟုေျပာဆိုကာ အိမ္ျပန္လႊတ္လိုက္ခဲ့ေၾကာင္းသိရသည္။
႐ိုက္ႏွက္ခံရသည့္ ဒဏ္ရာအျပင္းအထန္ရသြားသည့္ အမ်ိဳးသမီးကို မိသားစုဝင္မ်ားက ကေလာေဆး႐ုံမွတဆင့္ ေနျပည္ေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ လမ္း၌ေသဆုံးသြားေၾကာင္း စုံစမ္းသိရွိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေအာင္ပန္းၿမိဳ႕၊ ရပ္ကြက္(၃)တြင္ ေနထိုင္သည့္ အသက္(၅ဝ)အ႐ြယ္ ပေယာဂဆရာဆိုသူကို မိသားစုဝင္မ်ားက အမႈဖြင့္ထားေၾကာင္းသိရသည္။