ဗြိတိန်နိုင်ငံရှိ စစ်မှုထမ်းဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေဟုဆို

 763

ရောင်နီ (NP News) - ဇွန် ၃

ဗြိတိန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ကောင်းမွန်မှုမရှိတဲ့ အိမ်ယာနဲ့ လုပ်ခလစာနည်းပါးမှုတို့ကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင် ထုတ်ပြန်တဲ့ နှစ်စဉ် တပ်မတော်သဘောထားစစ်တမ်း (AFCAS)ရဲ့ တွေ့ရှိချက်များအရ သိရပါတယ်။ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှ ၂ဝ၂၃ ခုနှစ် ဖေ ဖော်ဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းဟာ ဗြိတိန်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃)သိန်းနီးပါးကို အွန်လိုင်းမေးခွန်းလွှာတွေဖြေဆိုစေခဲ့ပြီး ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

သုတေသနပြုချက်အရ တပ်ဖွဲ့ဝင်တွေကြား အလုံးစုံ "နေထိုင်မှုဘဝနဲ့ ကျေနပ်မှု"ဟာ ယခင်နှစ်နဲ့ နှိုင်း ယှဉ်ရင် ပျမ်းမျှအားဖြင့် (၄၂)ရာခိုင်နှုန်းအထိကျဆင်းသွားပြီး ယခင်နှစ်တုန်းက တပ်ဖွဲ့ဝင်တွေကြား အလုံးစုံ "နေထိုင်မှုဘဝနဲ့ ကျေနပ်မှု" ရာခိုင်နှုန်းက (၅ဝ)ရာခိုင်နှုန်းရှိနေခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူ (၃၉)ရာခိုင်နှုန်းကသာ လက်ရှိနေထိုင်မှုဘဝကို နှစ်သက်ကြောင်း ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။

ကောင်းမွန်မှုမရှိတဲ့ အိမ်ယာနေထိုင်မှု၊ လုပ်ခလစာ နည်းပါးမှုဟာ စစ်တပ်အတွက် ပြဿနာတွေအဖြစ်ဆက်လက်တည်ရှိနေပြီး စစ်တမ်းကောက်ယူသူ (၄၂)ရာခိုင်နှုန်းကသာ သူတို့ရရှိတဲ့ နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဖြေဆိုသူ (၃၁)ရာခိုင်နှုန်းက "အခြေခံလစာနှုန်းထား" ကိုကျေနပ်ပြီး ဖြေဆိုသူ (၅၁)ရာခိုင်နှုန်းက သူတို့ရဲ့လစာနဲ့ ခံစားခွင့်တွေဟာ မမျှတဘူးလို့ ဖြေဆိုထားပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ အကဲဖြတ်ရာမှာ ဖြေဆိုသူ (၁၁)ရာခိုင်နှုန်းကသာ စိတ်ဓာတ်တက်ကြွနေပြီး ယခင်စစ်တမ်းနဲ့ နှိုင်းယှဉ်ရင် (၃)ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ဒါပေမယ့် ဗြိတိန်စစ်တပ်ရှိဝန်ထမ်း (၈ဝ)ရာခိုင် နှုန်းသော အမှုထမ်းတွေဟာ ၎င်းတို့ မိသားစုများ စစ်တပ်နဲ့ ဆက်နွယ်နေခြင်းအတွက် ဂုဏ်ယူစရာလို့ ယူဆထားဆဲဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ၿဗိတိန္ႏိုင္ငံရွိ စစ္မႈထမ္းဝန္ထမ္းေတြမွာ စိတ္ဖိစီးမႈနဲ႔ စိတ္ဓာတ္က်ဆင္းမႈေတြ ျဖစ္ေပၚေနဟုဆို
ေရာင္နီ (NP News) - ဇြန္ ၃

ၿဗိတိန္ႏိုင္ငံရွိ စစ္ဘက္ဆိုင္ရာ ဝန္ထမ္းေတြဟာ ေကာင္းမြန္မႈမရွိတဲ့ အိမ္ယာနဲ႔ လုပ္ခလစာနည္းပါးမႈတို႔ေၾကာင့္ စိတ္ဖိစီးမႈနဲ႔ စိတ္ဓာတ္က်ဆင္းမႈေတြ ျဖစ္ေပၚေနတယ္လို႔ ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ဇြန္လ ၁ ရက္တြင္ ထုတ္ျပန္တဲ့ ႏွစ္စဥ္ တပ္မေတာ္သေဘာထားစစ္တမ္း (AFCAS)ရဲ႕ ေတြ႕ရွိခ်က္မ်ားအရ သိရပါတယ္။ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလမွ ၂ဝ၂၃ ခုႏွစ္ ေဖ ေဖာ္ဝါရီလအတြင္းျပဳလုပ္ခဲ့တဲ့ စစ္တမ္းဟာ ၿဗိတိန္စစ္တပ္မွာတာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္း (၃)သိန္းနီးပါးကို အြန္လိုင္းေမးခြန္းလႊာေတြေျဖဆိုေစခဲ့ၿပီး ေကာက္ယူခဲ့ျခင္းျဖစ္ပါတယ္။

သုေတသနျပဳခ်က္အရ တပ္ဖြဲ႕ဝင္ေတြၾကား အလုံးစုံ "ေနထိုင္မႈဘဝနဲ႔ ေက်နပ္မႈ"ဟာ ယခင္ႏွစ္နဲ႔ ႏႈိင္း ယွဥ္ရင္ ပ်မ္းမွ်အားျဖင့္ (၄၂)ရာခိုင္ႏႈန္းအထိက်ဆင္းသြားၿပီး ယခင္ႏွစ္တုန္းက တပ္ဖြဲ႕ဝင္ေတြၾကား အလုံးစုံ "ေနထိုင္မႈဘဝနဲ႔ ေက်နပ္မႈ" ရာခိုင္ႏႈန္းက (၅ဝ)ရာခိုင္ႏႈန္းရွိေနခဲ့ပါတယ္။ စစ္တမ္းေျဖဆိုသူ (၃၉)ရာခိုင္ႏႈန္းကသာ လက္ရွိေနထိုင္မႈဘဝကို ႏွစ္သက္ေၾကာင္း ေျဖၾကားခဲ့ၾကတာ ျဖစ္ပါတယ္။

ေကာင္းမြန္မႈမရွိတဲ့ အိမ္ယာေနထိုင္မႈ၊ လုပ္ခလစာ နည္းပါးမႈဟာ စစ္တပ္အတြက္ ျပႆနာေတြအျဖစ္ဆက္လက္တည္ရွိေနၿပီး စစ္တမ္းေကာက္ယူသူ (၄၂)ရာခိုင္ႏႈန္းကသာ သူတို႔ရရွိတဲ့ ေနရာထိုင္ခင္းနဲ႔ ပတ္သက္ၿပီး ေက်နပ္ေၾကာင္းေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ ေျဖဆိုသူ (၃၁)ရာခိုင္ႏႈန္းက "အေျခခံလစာႏႈန္းထား" ကိုေက်နပ္ၿပီး ေျဖဆိုသူ (၅၁)ရာခိုင္ႏႈန္းက သူတို႔ရဲ႕လစာနဲ႔ ခံစားခြင့္ေတြဟာ မမွ်တဘူးလို႔ ေျဖဆိုထားပါတယ္။

စိတ္ဓာတ္ပိုင္းဆိုင္ရာ အကဲျဖတ္ရာမွာ ေျဖဆိုသူ (၁၁)ရာခိုင္ႏႈန္းကသာ စိတ္ဓာတ္တက္ႂကြေနၿပီး ယခင္စစ္တမ္းနဲ႔ ႏႈိင္းယွဥ္ရင္ (၃)ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။ ဒါေပမယ့္ ၿဗိတိန္စစ္တပ္ရွိဝန္ထမ္း (၈ဝ)ရာခိုင္ ႏႈန္းေသာ အမႈထမ္းေတြဟာ ၎တို႔ မိသားစုမ်ား စစ္တပ္နဲ႔ ဆက္ႏြယ္ေနျခင္းအတြက္ ဂုဏ္ယူစရာလို႔ ယူဆထားဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.