ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲရန် အိန္ဒိယအစိုးရတောင်းဆို

 933

Pika (NP News) - ဇွန် ၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) သည် နိုင်ငံရေးဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ကိုယ်စားပြုမှုများကို တိုးမြှင့်နိုင်ရန် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် Ruchira Kamboj ကပြောကြားခဲ့သည်။

Ruchira Kamboj က"ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံဟာ ကျွန်မတို့ရဲ့ အပြန်အ လှန်ချိတ်ဆက်မှုတွေနဲ့ ဝင်ရိုးစုံကမ္ဘာအတွက် မကိုက်ညီတော့ပါဘူး"ဟုပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် ကွဲပြားခြားနားသော ခေတ်တစ်ခုတွင် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး အာဏာသစ်များတိုးလာခြင်း၊ ပြောင်းလဲလာသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းများနှင့် တရားမျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်အတွက် ကြိုးပမ်းနေသော နိုင်ငံများ၏ ရည်မှန်းချက်များအတွက် လုံလောက်သော လှုံ့ဆော်မှုများ မပေးနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံအများအပြားသည် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံရှိနေပြီး အဆိုပါနိုင်ငံများသည် ဗီတို အာဏာကို သုံးခွင့်ရှိကြောင်းသိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံများလည်း အများအပြားရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်သောနိုင်ငံ(၁ဝ)နိုင်ငံတွင် ဘရာဇီး၊ ဆွစ်ဇာလန်၊ ဂျပန် နှင့် ယူအေအီးတို့ပါဝင်ကြောင်းသိရသည်။ ဗြိတိန်နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူပေါလ်ကနေဒီက "ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံက ချို့ယွင်းချက်ရှိတယ်ဆိုတာကို လူတိုင်းသဘောတူပါတယ်။ ဒါပေမယ့် ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ သဘောတူညီမှုကို ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး"ဟုပြောဆိုခဲ့သည်။

စိန်ခေါ်မှုများကို ခေတ်နှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများလိုအပ်နေသည့်အပြင် ရာသီဥတုပြောင်းလဲလာမှုများ၊ အကြမ်းဖက်မှုနှင့် ကပ်ရောဂါများကဲ့သို့သော စိန်ခေါ်မှုအသစ်များကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရေးတကြီးပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် Ruchira Kamboj ကပြောကြားခဲ့သည်။

zawgyi version
ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဖြဲ႕စည္းပုံကို ျပင္ဆင္ေျပာင္းလဲရန္ အိႏၵိယအစိုးရေတာင္းဆို
Pika (NP News) - ဇြန္ ၃

ကုလသမဂၢလုံၿခဳံေရးေကာင္စီ(UNSC) သည္ ႏိုင္ငံေရးဩဇာလႊမ္းမိုးမႈႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကိုအေျခခံၿပီး အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ကိုယ္စားျပဳမႈမ်ားကို တိုးျမႇင့္ႏိုင္ရန္ ဖြဲ႕စည္းပုံျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္သင့္ေၾကာင္း ကုလသမဂၢဆိုင္ရာ အိႏၵိယအၿမဲတမ္းကိုယ္စားလွယ္ Ruchira Kamboj ကေျပာၾကားခဲ့သည္။

Ruchira Kamboj က"ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ လက္ရွိဖြဲ႕စည္းပုံဟာ ကြၽန္မတို႔ရဲ႕ အျပန္အ လွန္ခ်ိတ္ဆက္မႈေတြနဲ႔ ဝင္႐ိုးစုံကမာၻအတြက္ မကိုက္ညီေတာ့ပါဘူး"ဟုေျပာဆိုခဲ့သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဖြဲ႕စည္းပုံသည္ ကြဲျပားျခားနားေသာ ေခတ္တစ္ခုတြင္ ဒီဇိုင္းေရးဆြဲထားျခင္းျဖစ္ၿပီး အာဏာသစ္မ်ားတိုးလာျခင္း၊ ေျပာင္းလဲလာေသာ ပထဝီဝင္ႏိုင္ငံေရး အခင္းအက်င္းမ်ားႏွင့္ တရားမွ်တမႈရွိေသာ ကမာၻလုံးဆိုင္ရာအစီအစဥ္အတြက္ ႀကိဳးပမ္းေနေသာ ႏိုင္ငံမ်ား၏ ရည္မွန္းခ်က္မ်ားအတြက္ လုံေလာက္ေသာ လႈံ႕ေဆာ္မႈမ်ား မေပးႏိုင္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။ ဒုတိယကမာၻစစ္အၿပီးတြင္ ႏိုင္ငံအမ်ားအျပားသည္ ကမာၻ႔လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို ေျဖရွင္းရာတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕တြင္ အၿမဲတမ္းအဖြဲ႕ဝင္ငါးႏိုင္ငံရွိေနၿပီး အဆိုပါႏိုင္ငံမ်ားသည္ ဗီတို အာဏာကို သုံးခြင့္ရွိေၾကာင္းသိရသည္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕တြင္ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမဟုတ္ေသာ ႏိုင္ငံမ်ားလည္း အမ်ားအျပားရွိေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမဟုတ္ေသာႏိုင္ငံ(၁ဝ)ႏိုင္ငံတြင္ ဘရာဇီး၊ ဆြစ္ဇာလန္၊ ဂ်ပန္ ႏွင့္ ယူေအအီးတို႔ပါဝင္ေၾကာင္းသိရသည္။ ၿဗိတိန္ႏိုင္ငံတကာဆက္ဆံေရးကြၽမ္းက်င္သူေပါလ္ကေနဒီက "ကုလသမဂၢလုံၿခဳံ ေရးေကာင္စီရဲ႕ လက္ရွိဖြဲ႕စည္းပုံက ခ်ိဳ႕ယြင္းခ်က္ရွိတယ္ဆိုတာကို လူတိုင္းသေဘာတူပါတယ္။ ဒါေပမယ့္ ဘယ္လိုျပဳျပင္ေျပာင္းလဲရမလဲဆိုတဲ့ သေဘာတူညီမႈကို ကမ္းလွမ္းတာမ်ိဳးမရွိေသးပါဘူး"ဟုေျပာဆိုခဲ့သည္။

စိန္ေခၚမႈမ်ားကို ေခတ္ႏွင့္အညီေျဖရွင္းႏိုင္မည့္နည္းလမ္းမ်ားလိုအပ္ေနသည့္အျပင္ ရာသီဥတုေျပာင္းလဲလာမႈမ်ား၊ အၾကမ္းဖက္မႈႏွင့္ ကပ္ေရာဂါမ်ားကဲ့သို႔ေသာ စိန္ေခၚမႈအသစ္မ်ားေၾကာင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ဖြဲ႕စည္းပုံ ျပဳျပင္ေျပာင္းလဲေရးကို အေရးတႀကီးပိုမိုလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ကုလသမဂၢဆိုင္ရာ အိႏၵိယအၿမဲတမ္းကိုယ္စားလွယ္ Ruchira Kamboj ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.